ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဂျပန်ချေးငွေသစ်များကို ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးမည်ဆို

ဂျပန်ချေးငွေသစ်များကို ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးမည်ဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ မကြာမီ ရရှိလာမည့် ဖွံ့ဖြိုးမှုချေးငွေသစ်များကို ဂျပန်အစိုးရနှင့်ညှိနှိုင်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး နယ်ပယ်များ အပါအဝင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက်က သတင်းထုတ်ပြန်သည်။

“အတိုးနှုန်းသက်သာစွာနဲ့ မကြာမီရရှိလာမယ့် ဖွံ့ဖြိုးမှု ချေးငွေအသစ်တွေကို ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမှာပါ။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေ၊ စီးပွားရေးနှင့် လူမူရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ကြွေးမြီ ယန်း ၃၀၃.၅၇၆ ဘီလီယံကို တနှစ်တာ ကာလအတွင်း လျှော်ပစ်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့အပြင် ကျန်ရှိသည့် ကြွေးမြီ လက်ကျန် ဂျပန်ယန်း ၁၉၈.၈၈၁ ဘီလီယံအား ကြွေးမြီ အသစ်အဖြစ် ပြောင်းလဲ
သတ်မှတ်မည် ဖြစ်သည်။

“ကြွေးမြီ အသစ်တွေကို တနှစ်လျှင် အတိုးနှုန်း ၀.၀၁% နဲ့ ဆိုင်းငံ့ကာလ ၁၀ နှစ် ပြန်ဆပ်ကာလ နှစ် ၃၀ စုစုပေါင်း နှစ် ၄၀ သတ်မှတ်ချက်နဲ့ ပြန်လည်ပေးဆပ်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

နှစ်နိုင်ငံ သဘောတူညီချက်များအရ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ တွင် ဂျပန်ဘဏ်များဖြစ်သော Bank of Tokyo Mitisubishi UFJ Ltd. (BTMU})၊ Sumitomo Mitsui Banking Corporation (SMBC) နှင့် Mizuho Corporate Bank Ltd. တို့ထံမှ ပေါင်းကူးချေးငွေ ဂျပန်ယန်း ၁၉၈.၈၈၁ ဘီလီယံ ရယူ၍  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသို့ ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး ကြွေးမြီ လက်ကျန်စာရင်း ရှင်းလင်းရေးကို
ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ၁၉၇၀ ခုနှစ်မှ စ၍ ဖွံ့ဖြိုးမှု ချေးငွေ
များကို ချေးယူခဲ့သည်။ အဆိုပါ ချေးငွေများအနက် ပေးဆပ်ရန် အချိန်စေ့ရောက်ပြီးနောက် ပြန်လည် ပေးဆပ်
င်္နိုင်ခြင်းမရှိသည့် ကြွေးမြီလက်ကျန် ယန်း ၅၀၂.၄၅၇ ဘီလီယံကို ရှင်းလင်းနိုင်ရန် ဂျပန်အစိုးရနှင့် ညှိနှိုင်းလျက်
ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 121 guests online