တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > သတင်းမှတ်တမ်းယူသူ ပြင်သစ်နိုင်ငံသားကို အာဏာပိုင်များခေါ်ဆောင်

သတင်းမှတ်တမ်းယူသူ ပြင်သစ်နိုင်ငံသားကို အာဏာပိုင်များခေါ်ဆောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကချင်စစ်ပွဲများအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်နေသူများနှင့် လိုက်ပါ၍ သတင်းမှတ်တမ်းယူသူ ပြင်သစ်
နိုင်ငံသားတဦးအား ယနေ့ညနေ ပိုင်းတွင် အာဏာပိုင်များမှ တောင်ငူမြို့နယ် အမေ့အိမ် တည်းခိုခန်းတွင် လာရောက် ခေါ်ဆောင်သွားသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သူများမှ ပြောသည်။

အဆိုပါ ပြင်သစ်နိုင်ငံသားသည် ရန်ကုန်မှ မထွက်ခွာမှီ လေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံလိုသဖြင့် သတင်းထောက်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေထံမှ သိရှိရသည်။

“နိုင်ငံခြားသားက ကျွန်တော်နဲ့ တွဲပြီး လိုက်လာတာမဟုတ်ဘူး။ ကျွဲဘွဲ ကနေတောင်ငူအထိ လိုက်လာတာ။ သူ့ကိုယ်သူလဲ ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူတယောက်လို့ ပြောပါတယ်။ မနေ့က တောင်ငူမှာ အုပ်ချူပ်ရေးမှူးက သူ့ကို ပတ်စ်ပို့ပြခိုင်းတယ်။ပြခိုင်းတော့လဲ သူ့ကိုယ်သူ ခရီးသွား ဧည့်သည် လို့ပဲပြောပါတယ်” ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သူများထဲမှ ကိုထက်ပိုင်က မဇ္ဈိမသို့ ရှင်းပြသည်။

အဆိုပါနိုင်ငံခြားသားသည် ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ဇန်န၀ါရီလ ၂၉ရက်နေ့ ညက လိုက်ပါလာပြီး
တောင်ငူမြို့တွင် ကျန်ရှိခဲ့ကာ ၎င်းတည်းခိုနေသည့် အမေ့အိမ် တည်းခိုခန်းတွင် အာဏာပိုင်များမှ မနက်၁၀နာရီ ၀န်းကျင်တွင် လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ကိုထက်ပိုင်မှ ပြောပြသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 88 guests online