ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဌာနများတွင် လူသစ်များ အရည်အချင်းမပြည့်ဝ၍ လက်ရှိလူများ ဆက်ခန့်ရဟုဆို

ဌာနများတွင် လူသစ်များ အရည်အချင်းမပြည့်ဝ၍ လက်ရှိလူများ ဆက်ခန့်ရဟုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ အစိုးရဌာနများတွင် အသက် ၆၀ ပြည့်ပြီး နေရာဖယ်ရှားခြင်းမရှိဘဲ အကြံပေးများအဖြစ် ဆက်လက်ခန့်ထားရခြင်းမှာ တာဝန်လွှဲပြောင်းယူမည့်သူများ အရည်အချင်း မပြည့်ဝသေး၍ ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးက ဆိုသည်။

“နိုင်ငံတာဝန် ထမ်းဆောင်ပြီး အသက် ၆၀ ပြည့်သွားသော်လည်း အကြံပေးအဖြစ် ဆက်လက် ခန့်ထားရတဲ့ အဓိက
အကြောင်းမှာ အချို့ဌာနများတွင် ရာထူးကို အစားထိုးခန့်ထားရမည့် ပုဂ္ဂိုလ်၏ အရည်အချင်း ပြည့်မီမှု မရှိခြင်း၊ လုပ်ငန်းဆိုင်ရာ အရည်အချင်းနှင့် ပတ်သက်၍ အထက်အကြီးအကဲ၏ ယုံကြည်မှု အပြည့်အဝ မရရှိခြင်းတို့ကြောင့်
ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူကိုသာ အကြံပေးအဖြစ် ဆက်လက်တာဝန်ပေးပြီး ထိန်းသိမ်း
ဆောင်ရွက်ရန် တာဝန်ပေးရခြင်း ဖြစ်ပါတယ်” ဟု ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီး ဦးစိုးမောင် က ပြောကြားသွားသည်။

အစိုးရ ဌာနအသီးသီးရှိ လုပ်ငန်းအတွေ့အကြုံရှိပြီး ကျွမ်းကျင်သော ဝန်ထမ်းများအား ရာထူးအလိုက် တိုးမြှင့် ထမ်းဆောင်သင့်သောအချိန်တွင် တာဝန်၊ ရာထူး တိုးမြှင့် ထမ်းဆောင်နိုင်ရန် အသက် ၆၀ ပြည့်သွားသော ဝန်ထမ်း
များအား နေရာဖယ်ရှားပေးရန် အစီအစဉ် ရှိမရှိ မလှိုင် မဲဆန္ဒနယ်မှ ဦးအေးမောက်၏ မေးခွန်းကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အသက်ပြည့်သွားသော်လည်း နိုင်ငံအတွက် လုပ်ငန်း လိုအပ်ချက်အရ ဆက်လက်တာဝန်ထမ်းဆောင်ရန် လိုအပ်သည့် အချိန်များတွင် သို့မဟုတ် အစားထိုး တာဝန်ပေးအပ်ရမည့် ဝန်ထမ်းများအဖြစ် ကျွမ်းကျင်မှု၊ လုပ်သက်နုနယ်နေ၍ ပူးတွဲ တာဝန်ထမ်းဆောင်ရန် လိုအပ်သည့်အချိန် သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအတွက် လိုအပ်ချက်
အရ အကြံပေးအရာရှိအဖြစ် ဆက်လက် တာဝန်ပေးမှုများ ရှိနေသည်ဟု ဝန်ကြီးက ဆိုသည်။

“ကျနော်တို့ သင်ကြားရေးဌာနမှာ ဌာနမှူးက အသက်ပြည့် ပင်စင်တင်ပြီး အငြိမ်းစားယူတယ်။ ပြီးမှ ကျောင်းအုပ်ကြီးက သူရဲ့သူငယ်ချင်းဆိုတော့ ဌာနလိုအပ်ချက်အရ အကြံပေး ဆိုပြီး ပြန်ခန့်ထားတယ်။ လိုအပ်လို့ ခန့်ထားမယ်ဆိုရင်
ပြောစရာမရှိပါဘူး။ တကယ်လိုအပ်မှု ရှိမရှိကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သင့်ပါတယ်။ အထက်ကို ပိုင်လို့ အကြံပေး
ဖြစ်နေသူတွေကိုတော့ မခန့်သင့်ပါဘူး” ဟု သင်ကြားရေးဌာနတခု မှ တွဲဖက် ပါမောက္ခတဦးက သုံးသပ်ပြောဆိုသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement