ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အာဆီယံ သတ္တုတွင်းအသင်း ဝင်ရန် မြန်မာလုပ်ငန်းရှင်များ အသင်းဖွဲ့မည်

အာဆီယံ သတ္တုတွင်းအသင်း ဝင်ရန် မြန်မာလုပ်ငန်းရှင်များ အသင်းဖွဲ့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ အာဆီယံ သတ္တုတွင်းအသင်းသို့ ဝင်နိုင်ရန်အတွက် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

“အသင်းချုပ်မှာ သတ္တုထုတ်လုပ်သူတွေ သန့်စင်သူတွေ ရောင်းယ်သူတွေ သတ္တုနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်း
အသီးသီးက လုပ်ငန်းရှင်ကုမ္ပဏီတွေ၊ ပညာရှင် အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းမှာ ဖြစ်ပါတယ်” ဟု အသင်းချုပ် ဖြစ်မြောက်ရေး ကော်မတီမှ ဦးစိုးမိုး က မဇ္ဈိမသို့ ပြောသည်။

ယင်းအတွက် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ ရွေးချယ်မှုကို နေပြည်တော်၊ သတ္တုတွင်း
ဝန်ကြီးဌာနရှိ သီရိရတနာခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

“ဝင်ရောက် ရွေးချယ်ခံမယ်ဆိုရင် သတ္တုလုပ်ငန်း လုပ်နေသူ၊ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှု၊ အသင်းအဖွဲ့ကို စိတ်ဝင်စားသူ စတဲ့ အနေအထားများ ရှိရန် လိုအပ်ပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အသင်းချုပ် ဖွဲ့စည်းပြီးပါက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ခေတ်မီ စက်ယန္တာယားများ တင်သွင်းရေး၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်၊ နိုင်ငံတကာ အတွေ့အကြုံများ ဖလှယ်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“အာဆီယံ မိတ်ဖက်နိုင်ငံတွေ၊ အဲဒီနိုင်ငံတွေရဲ့ နောက်မှာ ပါလာနိုင်တဲ့ နိုင်ငံတွေ၊ အနောက် ဥရောပ နိုင်ငံတွေ ရင်းနှီးမြှုပ်နှံဖို့ လာရင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းကို လာရောက်ဆက်သွယ် ဆွေးနွေးနိုင်အောင်
လို့ပါ၊ နိုင်ငံတကာမှာလည်း ဒီလို အသင်းတွေ ထားပြီး ဆက်သွယ်ကြရတာပါပဲ” ဟု ဦးစိုးမိုး က ပြောသည်။

လတ်ရှိတွင် မြန်မာနိုင်ငံ၌ သတ္တု၊ သတ္တုနှင့် ဆက်စပ်ပစ္စည်း လုပ်ကိုင်သည့် လုပ်ငန်းပေါင်း ၂၀၀ ကျော် ရှိနေ
ကြောင်း သိရှိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 49 guests online