ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလီမိတက် မှ Spitfire တိုက်လေယာဉ်များ ပြန်လည် ရှာဖွေတူးဖေါ်ခြင်း စာနယ်ဇင်း
ရှင်းလင်းပွဲကို ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက် နံနက်(၁၀) အချိန်က ရန်ကုန်မြို့  Park Royal ဟိုတယ်တွင် ပြုလုပ်
ကျင်းပခဲ့သည်။
၎င်းပွဲတွင် ရွှေတောင်ပေါ် အုပ်စု မှ ဦးထူးထူးဇော် (M.D,STPCO.Ltd) ၊ ဦးစိုးသိန်း (Prof.Ret)၊ Mr.David Cundall
(လေယာဉ်ထုတ်လုပ်ရေးနှင့်ပတ်သတ်ပြီး စိတ်အားထက်သန်သူ ဗြိတိသျှလူမျိုးတစ်ဦး)၊ Mr.Staniey Coombe (မျက်မြင်သက်သေ) တို့ တက်ရောက်၍ မီဒီယာများ၏ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့သည်။
လေယာဉ်များကို မြစ်ကြီးနားတွင် (၁၂.၁၂.၂၀၁၂)တွင် စတင်တူးဖော်ပြီး၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံလေဆိပ်အနီးတ၀ိုက်
နှင့် မိတ္ထီလာတို့ တွင် စတင်တူးဖော်သွားမည်ဖြစ်ပြီး (၂)စာချုပ် ဆိုထားကြောင်းပြောကြားခဲ့သည်။ မင်္ဂလာဒုံလေဆိပ်
အနီးတ၀ိုက်တွင် ဇန်န၀ါရီလ (၉)ရက် နေ့မှစတင်တူးဖော်နေပြီဖြစ်ကြောင်း သိရသည်။










