သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ထမံသီ ဆည်တဝိုက် ငလျင်လှုပ်ခတ်သွား၊ အပျက်အစီး မရှိ

ထမံသီ ဆည်တဝိုက် ငလျင်လှုပ်ခတ်သွား၊ အပျက်အစီး မရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်းမြစ်ဖျားမှ ထမံသီဆည် တဝိုက်တွင် အင်အား ရစ်ခ်ျတာ
စကေး ၅.၉ ပြင်းအားရှိ ငလျင်တခု ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

နံနက် ၈ နာရီ ၁၁ မိနစ်ခွဲခန့်တွင် လှုပ်ခတ်သွားသော အင်အား အသင့်အတင့်ရှိ အဆိုပါငလျင်၏ ဗဟိုမှာ ထမံသီမြို့၏ အနောက်ဘက် ၁၈.၈၉ မိုင်အကွာတွင်ဖြစ်ကြောင်း နေပြည်တော် မိုးလေဝသဌာနမှ ထုတ်ပြန်ထားသည်။

“ဟုတ်တယ်။ ဆွမ္မရာရွာက၊ မနက်က ငလျှင်လှုပ်တာ။ အပျက်အစီး အိမ်ပြိုတာတို့ ဘာတို့မရှိပါဘူး။ ထမံသီဆည်
ဆောက်တဲ့ဘက်ကလည်း အပျက်အစီး ဘာမှမကြားရသေးဘူးဗျ” ဟု ဆွမ္မရာရွာမှ ဒေသခံ နာဂအမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ်အတွင်း စတင်ခဲ့သည့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထမံသီဆည် စီမံကိန်းကို မြန်မာစစ်အစိုးရနှင့် အိန္ဒိယ
နိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (NHPC) တို့ ၂ဝဝ၄ ခုနှစ်အတွင်း နားလည်မှု စာချွန်
လွှာလက်မှတ်ထိုး၍ တည်ဆောက်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ဒေါ်လာသန်းသုံးထောင်ခန့်ကုန်ကျမည်။

ငလျင်မှာ နယ်စပ် နာဂတောင်တန်းဒေသတွင် ဖြစ်ပွားခဲ့၍ အိန္ဒိယနိုင်ငံဘက်ခြမ်းမှ အာသံ၊ မဏိပူရနှင့် မဂါလယာ
ပြည်နယ်များသို့လည်း သက်ရောက်ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 105 guests online