ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်

ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံ
တွေ့ နေရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်းနှစ်ခုက အမေရိကန်ဒ်ါလာ နှစ်သိန်း ကူညီပေးမည်ဟု သိရှိရသည်။

ထိုအကူအညီကို ပထမအရစ်အနေနှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသား လူ့အခွင့်အရေးအဖွဲ့ (ရိုဟင်ဂျာ) ၏ ဥက္ကဋ္ဌ Ibrahim Abdul-Haleem အား ကိုးကား၍ မလေးရှားအခြေစိုက် BERNAMA သတင်းတရပ်တွင် ရေးသား
ထားသည်။

၎င်းတို့အဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနှင့် တူရကီနိုင်ငံသို့သွားရောက်ကာ နွမ်းပါးသူ ကူညီရေးအဖွဲ့တခုနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုသို့လည်း သွားရောက်ခဲ့သည်ဟု ဆို
သည်။

ဆူဒန်အနေဖြင့် မြန်မာနိုင်ငံရှိ မူဆလင်များအား အဆင့်တိုင်းတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကာ ဖြစ်သလို သူတို့ရဲ့ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိသည့်တိုင်အောင် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ထည့်သွင်း
ဆွေးနွေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်ဟု သတင်းစာက ဖော်ပြထားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 142 guests online