ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကေအိုင်အေ၏ အဓိကစခန်းထောက်တစ်ခု အစိုးရတပ်သိမ်းယူ

ကေအိုင်အေ၏ အဓိကစခန်းထောက်တစ်ခု အစိုးရတပ်သိမ်းယူ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အဓိက စခန်းထောက်တစ်ခုဖြစ်သော ကချင်ပြည်နယ်အရှေ့ပိုင်း ပွိုင့် ၇၇၁
တောင်ကုန်းနှင့်ဝန်းကျင်ကို ၂၀၁၂ ခုနှစ်ဒီဇင်ဘာ ၃၀ ရက်တွင် လေကြောင်းအကူအညီ အသုံးပြု၍ အစိုးရတပ်က
သိမ်းယူခဲ့သည်ဟု ဇန်န၀ါရီ ၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

သိမ်းယူရာတွင် စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်းတစ်လက်၊ ၆၀ မမ စိန်ပြောင်းတစ်လက်၊ လက်နက်မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံးမျိုးစုံ အလုံး ၂၇၀၊ မိုင်းမျိုးစုံ ၅၂ လုံး၊ ကျည်မျိုးစုံ အတောင် ၄,၀၀၀၊ ယမ်းကြိုးနှစ်ခွေတို့ သိမ်းဆည်းခဲ့သည်ဟု ဖေါ်ပြထားသည်။

သတင်းစာက လက်လက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများရှိခဲ့ပြီးဖြစ်သော်လည်း KIO နှင့်လည်း ၁၁ ကြိမ်ဆွေးနွေးပြီးဖြစ်သည်။ ဆွေးနွေးမှုများအတွင်း KIO ၏ တောင်းဆိုမှုအရ  ထိရောက်စွာ ညှိနှိုင်း
ဆောင်ရွက်နိုင်ရန် အစိုးရတပ်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး အဖွဲ့ဝင်အဖြစ် စေလွှတ်ပေးခဲ့သော်လည်း တစ်ဖက်မှ တက်ရောက်ရန်ပျက်ကွက်ခဲ့သည်ဟုလည်း သတင်းစာကရေးသားသည်။

အစိုးရ တပ်ဖွဲ့များသည် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှလွှဲ၍ စခန်းများအား စတင်တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့
သော်လည်း လဂျာယန်းစခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းရှိ  မြစ်ကြီးနား - ဗန်းမော်ကားလမ်းကို အဓိကပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် ၇၇၁ တောင်ကုန်းကို တိုက်ခိုက် သိမ်းပိုက်ရခြင်းဟုလည်း သတင်းစာက ရေးသားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

  1. ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ
  2. ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား
  3. ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်
  4. မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်
  5. ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း
  6. လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
  7. အစိုးရတပ်က ပစ္စည်းလု၊ သတ်ဖြတ်မှုများရှိနေသည်ဟု ကျေးရွာသားများပြော
e-letter-burmese

Who is Online

We have 70 guests online