ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဂျပန်က စီမံချက် သုံးမျိုးအတွက် မြန်မာကို ဒေါ်လာ ၃၂ သန်းခန့် ကူညီပေး

ဂျပန်က စီမံချက် သုံးမျိုးအတွက် မြန်မာကို ဒေါ်လာ ၃၂ သန်းခန့် ကူညီပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် စီမံချက်သုံးမျိုးအတွက် အမေရိကန် ဒေါ်လာ ၃၁.၇၅ သန်း ကူညီမည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ယက်များ၊ အစားအစာ လုံခြုံမှုနှင့် စီမံကိန်းဝင် မဟုတ်သော ကဏ္ဍများအတွက် ဂျပန်က ထိုသို့ကူညီရန် နေပြည်တော်တွင် သောကြာနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးလိုက်ကြကြောင်း ရန်ကုန်ရှိ ဂျပန်သံရုံး ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဆက်သွယ်မှု ပမာဏ တိုးမြင့်လာသည့်အလျောက် ဖွံ့ဖြိုးလာစေရန်အတွက် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့
ကြီးများ၏ ပင်မ ကွန်ယက် ဖွံ့ဖြိုးရေးအတွက် ကူညီမည်ဖြစ်သည်။

နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူး (အရှေ့ခြမ်း)နှင့် ရန်ကုန်ရှိ လယ်ထွန်စက် စခန်းများကို ကူညီမည်ဖြစ်သည်။

စီမံကိန်းဝင် မဟုတ်သော ကူညီမှုအဖြစ် မြန်မာနိုင်ငံတွင် အလွန်ဆိုးရွားလှသည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို
မြှင့်တင်ပေးမည်ဟု ဆိုသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ကလည်း မိုးလေဝသ ခန့်မှန်းချက်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့များတွင် ဒုတိယ ရေဒါစနစ်ကို ၂ဝ၁၃ ခုနှစ်ဦးပိုင်းတွင် တပ်ဆင်ပေးမည်ဟု သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 98 guests online