သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အဆောက်အအုံ စီမံကိန်းကြီးတခု ဗီယက်နမ်ကုမ္ပဏီက ရက် ၉၀ အတွင်း စတင်မည်

အဆောက်အအုံ စီမံကိန်းကြီးတခု ဗီယက်နမ်ကုမ္ပဏီက ရက် ၉၀ အတွင်း စတင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံတကာ အဆင့်မီ အဆောက်အအုံ စီမံကိန်းကြီး တခုအား ဗီယက်နမ် နိုင်ငံ အခြေစိုက် Hoang Anh Construction & Development House Joint Stock Company (HAC & DHJS)က လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်းပေါ်တွင် ရက် ၉ဝ အတွင်း လုပ်ငန်း စတင် အကောင်အထည်ဖော်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ စီးပွားရေး ဗဟိုဌာန၊ ရုံးခန်းနှင့် အဆင့်မြင့် လူနေအိပ်ခန်းများ ပါဝင်မည့် ယင်း စီမံကိန်းအား HAC & DHJS ကုမ္ပဏီ၏ Hoang Anh Gia Lai Myanmar Company Limited က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် နှစ်ရှည် ငှားရမ်း လုပ်ကိုင်မည် ဖြစ်သည်။

စီမံကိန်းကာလကို အဆင့် နှစ်ဆင့်ဖြင့် လုပ်ကိုင်မည် ဖြစ်သည်။

“အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှာပါ။ စီမံကိန်း ကာလအနေနဲ့ ၇ နှစ် ကြာမှာ ဖြစ်ပါတယ်။ စီမံကိန်း ကာလ အဆင့်တစ်မှာ ဟိုတယ်အခန်းပေါင်း ၄၁၄ ခန်းနဲ့ ရုံးခန်းပေါင်း ၉ဝဝ ကျော် ပါဝင်မှာပါ။ တည်ဆောက်ရေး ကာလအနေနဲ့ ၃ နှစ်နဲ့ ၆ လ ကြာမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မဇ္ဈိမကို ပြောသည်။

“စီမံကိန်းအဆင့်မှာ လူနေ တိုက်ခန်းပေါင်း ၃,၉ဝဝ ခန့် ပါဝင်မယ့် အဆောက်အဦ ၄ လုံးကို တည်ဆောက်မှာပါ။ စီမံကိန်းတစ်ကို ၂ဝ၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မှာပါ။ စီမံကိန်း အဆင့်နှစ်ကို ၂ဝ၁၇ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် က ဆိုသည်။

စီမံကိန်းအတွက် တည်ဆောက်ဆောင်ရွက် ပြန်လည်လွှဲပြောင်းမှု သဘောတူစာချုပ်နှင့် မြေငှားရမ်းမှု သဘောတူညီ ချက် လက်မှတ်ရေးထိုးခြင်းကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်ရှိ အမရ ဟိုတယ်၌ ပြုလုပ်ခဲ့ သည်။

“ဗီယက်နမ် ကုမ္ပဏီအနေနဲ့ လောလောဆယ် ဥပဒေအရ နှစ် ၆ဝ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပြီး နောက်ဥပဒေ အရ နှစ် ၇ဝ ငှားရမ်း လုပ်ကိုင်ခွင့် ရရှိမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က ထပ်လောင်းပြောကြား သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 135 guests online