သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဂျုံမှုန့်များ ပြည်တွင်းသို့ ပထမဆုံး တရားဝင် တင်သွင်းခွင့်ပြု

ဂျုံမှုန့်များ ပြည်တွင်းသို့ ပထမဆုံး တရားဝင် တင်သွင်းခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ ဈေးကွက်အတွင်းသို့ နှစ်ပေါင်းများစွာ တိုင်အောင် ကုမ္ပဏီအချို့မှ ဂျုံစေ့များ တင်သွင်းရောင်းချခဲ့ရာမှ ယခုအခါ ဂျုံမှုန့်များကိုပါ တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

“ဂျုံမှုန့်တွေ သွင်းခွင့်မပြုခင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တမူး ကုန်သည်အသင်း ဥက္ကဋ္ဌ၊ လက်ရှိ ပြည်တွင်း မှာ ဂျုံစေ့ တင်သွင်းနေတဲ့ ကုမ္ပဏီတွေ ပါဝင်တဲ့ အစည်းအဝေးကို နေပြည်တော်မှာ လုပ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း လူထုအနေနဲ့ ဂျုံမှုန့်ကို ပြည်ပကနေ ဝယ်စားရတာ အခက်အခဲရှိတဲ့အတွက် အိန္ဒိယဘက်က တရားဝင် တင်သွင်းဖို့
တောင်းဆိုခဲ့တယ်။ ချုပ်ပြီး ပြောရရင် လက်ရှိ ဂျုံစေ့တင်သွင်းသူတွေကလည်း ကန့်ကွက်မှုမရှိတာနဲ့ နိုဝင်ဘာလက စပြီး တင်သွင်းခွင့် ပြုခဲ့ပါတယ်” ဟု နေပြည်တော် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဂျုံစေ့ တင်သွင်းခွင့်ကို လွန်ခဲ့သည့် သုံးလခန့်က ခွင့်ပြုခဲ့သော်လည်း ဒီဇင်ဘာ လဆန်းတွင်မှ စတင်၍ ဂျုံမှုန့် ၆ တန်
ကျော်ကို ပထမဆုံး စတင် တင်သွင်းခဲ့သည်ဟု ဆိုသည်။

ဂျုံဈေးကွက်တွင် ကုမ္ပဏီအနည်းစုက တင်သွင်းပြီး ဈေးကွက်ဝေစု အများဆုံး ရယူထားသည်ဟု ဆိုသည်။ ထိုအတွက် ယင်းကုမ္ပဏီ အနည်းစုက တင်သွင်းသည့် ဂျုံကိုသာ မုန့်လုပ်ငန်းရှင် အများစုက ဝယ်ယူအသုံးပြုနေရ သည်ဟု ဆိုသည်။

“ဂျုံမှုန့်ကို စစ်ကိုင်းတိုင်း တခုအတွက်သာ ခွင့်ပြုတာထက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ခွင့်ပြုသင့်ပါတယ်။ အခုဟာ က အနည်းစု လုပ်သာကိုင်သာအောင် ခွင့်ပြုထားတာနှစ် ၂ဝ ဝန်းကျင် ရှိနေပါပြီ။ စားအုန်းဆီ ခွင့်ပြုသလို ဂျုံမှုန့်ကို တင်သွင်းလိုသူတိုင်းကို ခွင့်ပြုပေးလိုက်ရင် ယှဉ်ပြိုင်မှုဈေးကွက် ဖြစ်သွားပြီး သုံးစွဲရသူတွေလည်း ဈေးပေါပေါ သုံးနိုင် မယ်။ ယှဉ်ပြိုင်မှုကြောင့် အရည်အသွေးလည်း ပိုကောင်းလာမယ်” ဟု ကိတ်မုန့်စက်ရုံတခုမှ အထွေထွေမန်နေဂျာ ဦးခင်မြင့် က ဆိုသည်။

အရည်အသွေးနိမ့် ဂျုံမှုန့်များဖြင့် ထုတ်လုပ်ပါက မုန့်အရည်အသွေးကို စံချိန်မြှင့်တင်နိုင်မှု မရှိသည့်အပြင် ဂျုံဖြင့် လုပ်သည့်မုန့်သား အရည်အသွေးမှာ တိုးတက်မှု မရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဂျုံ စိုက်ပျိုးထုတ်လုပ်မှု စရိတ်ထက် တင်သွင်းမှုစရိတ်က သိသိသာသာ သက်သာနေပါက ဂျုံမှုန့် တင်သွင်းခွင့်ကို ခွင့်ပြုသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင် ဦးလှမြင့် က ပြောကြားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 81 guests online