ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ပုဂ္ဂလိက စိုက်ခင်းများ လျှောက်ထားရယူကာ အပြည့်အဝ မစိုက်ပျိုးခဲ့ကြ

ပုဂ္ဂလိက စိုက်ခင်းများ လျှောက်ထားရယူကာ အပြည့်အဝ မစိုက်ပျိုးခဲ့ကြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသော သစ်တော ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများတွင် နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံများအား စိစစ်ခွင့်ပြုရာ
လျှောက်ထားရယူထားသူများအနက် အမှန်တကယ် စိုက်ပျိုး လုပ်ကိုင် ဆောင်ရွက်နိုင်မှုမှာ ၈၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရှိရသည်။

“ဝန်ကြီးဌာနအနေနဲ့ သစ်တောစိုက်ခင်း ဧက ၃၁၂,၂၅ဝ၊ စက်မှုစိုက်ခင်း ဧက ၈၄၅,၇၇၉ စုစုပေါင်း ပုဂ္ဂလိကစိုက်ခင်း ဧက ၁၄ဝ,ဝဝဝ ခန့်ကို လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ အချို့ စိုက်ပျိုးလုပ်ကိုင်သူတွေဟာ စီမံချက်အတိုင်း ကြိုးစား လုပ်ကိုင်ကြပေမယ့် အချို့က လျာထားချက်အတိုင်း အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး”ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

စုစုပေါင်း ခွင့်ပြုဧရိယာများအနက် ကျွန်းနှင့် သစ်မာမျိုး စုံစိုက်ခင်း ၄၃.၄ဝ% နှင့် ရော်ဘာ၊ ဆီအုန်း စက်မှုကုန်ကြမ်း စိုက်ခင်း ၃၉.၇၆% တို့သာ စိုက်ပျိုးပြီးစီးသည်ဟု ဆိုသည်။

ပုဂ္ဂလိက စိုက်ခင်းများအား အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်အတွက် မြေဌားရမ်းခ အနေဖြင့် သစ်တောစိုက်ခင်းများအား ၁ ဧကလျှင် ၁ဝဝ ကျပ်နှုန်း၊ စက်မူကုန်ကြမ်း စိုက်ခင်းများ အတွက် ၁ ဧကလျှင် ၅ဝဝ ကျပ်နှုန်းတို့ဖြင့်သာ ကောက်ခံခဲ့ သည်။

ထိုသို့ လျှောက်ထားရယူထားပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသူများအား လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။

“လုပ်ကိုင်ခွင့်ရရှိသူတွေဟာ အမှန်တကယ် စိုက်ပျိုးမလုပ်ကိုင်နိုင်င်တာ၊ မြေနေရာ ဦးပြီး အခြားနည်းလမ်းနဲ့ အသုံးချ လိုတာ၊ သတ်မှတ် စည်းကမ်းနဲ့အညီ တည်ထောင်ပြီး မြေဌားရမ်းခတွေကို အပြည့်အဝ ပေးသွင်းမှု မရှိတာတွေ၊ စာချုပ်ချုပ်ဆိုမှု မရှိခဲ့တာတွေကြောင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်ရှည် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှု အားနည်းခဲ့ရပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာန အရာရှိက ဆက်ပြောသည်။

ထို့အပြင် မြေအသုံးချမှုကို ထိရောက်စွာ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မှု မရှိခြင်း၊ အစိုးရအနေဖြင့် အခွန်ရရှိမှု
လျော့နည်းနစ်နာခြင်း၊ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်လိုသူများ အတွက် မြေအသုံးချခွင့် ဆုံးရှုံးနစ်နာမူများ
ပေါ်ပေါက်လျက်ရှိသည်။

ထို့ကြောင့် သတ်မှတ်စည်းကမ်းများနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသူများသည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်သွယ်ရှင်းလင်းကြရမည်
ဖြစ်ကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 89 guests online