တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ယနေ့ သတင်းထုတ်ပြန်ချက်ကို ယနေ့ ပယ်ဖျက်လိုက်

ယနေ့ သတင်းထုတ်ပြန်ချက်ကို ယနေ့ ပယ်ဖျက်လိုက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြာသပတေးနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့
သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ညနေ ၆း၂ဝ မိနစ်တွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ပယ်ဖျက်ကြောင်းသာ ရေးသားထားပြီး မည်သည့် အကြောင်းကြောင့်ဟူမူ
ဖော်ပြထားခြင်း မရှိပေ။

ပယ်ဖျက်ခံလိုက်ရသော ကြေညာချက်အရ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းမှာ ယခင် နအဖ အစိုးရလက်ထက်က “နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝ သယံဇာတ ထုတ်ယူမှု နည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍”
ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံနှင့် “နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အခြေခံ၍” စနစ်တကျ တွက်ချက် ဆောင်ရွက်ခဲ့ခြင်း လည်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ထိုစီမံကိန်းအား ဆန္ဒပြ သပိတ်မှောက်မှုများနှင့် ပတ်သက်၍မူ “ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိနေသည်ကို မျက်ကွယ်ပြု၍ လူအများအား စည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်” ဟု မှတ်ချက်ချထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 107 guests online