ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > တိုင်းရင်းသား ကျောင်းသားများ ဆန္ဒပြမှု ရပ်ဆိုင်း

တိုင်းရင်းသား ကျောင်းသားများ ဆန္ဒပြမှု ရပ်ဆိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။       ။ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ဒီဂရီကောလိပ်တွင် ပြန်လည် ပညာသင်ကြားခွင့် ရရှိရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ခဲ့သည့် ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီတွင် ရပ်ဆိုင်းလိုက်ကြောင်း မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြောသည်။

“ဒီနေ့ ၁၂ နာရီထိ ကျောင်းထိပ်လမ်းပေါ်မှာပဲ ဒီမှာအိပ်၊ ဒီမှာပဲ စားပြီး ထိုင်စောင့်နေကြတယ်။ အခုတော့
ကျောင်းထဲမှာပဲ အေးအေးဆေးဆေး နေနေကြပါပြီ”ဟု မဇ္ဈိမကို ပြောသည်။

မူလ ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ စက်တင်ဘာလက ပြောင်းရွှေ့လိုက်ရာ ပညာရေး၊ နေထိုင်ရေး အဆင်မပြေမှုများ ရှိသဖြင့် ကျောင်းသားများက မန္တလေးသို့ ခြေလျင်ချီတက်လာပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ခြင်းမှ ကျောင်းသားအချို့အား မိဘများက အတင်းအကြပ် လာရောက်
ခေါ်ယူကြခြင်းနှင့် ကျောင်းသားအားလုံး၏ လုံခြုံရေးနှင့် ပညာရေး ထိခိုက်မည်ကို စိုးရိမ်၍ ရပ်ဆိုင်းလိုက်ခြင်း
ဖြစ်သည်ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကျောင်းသားများ၏ တောင်းဆို ချက်ကို အထက်သို့ တင်ပြပြီး တလအတွင်း တစုံတရာ အဖြေပေးမည်ဟု ကတိပေးခဲ့၍လည်း မျှော်လင့်ချက်
ဖြင့် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်သည်ဟု ၎င်းက ဆိုသည်။

မူလက ကျောင်း ၅ဝဝ ခန့် စတင်ဆန္ဒပြခဲ့ကြရာမှာ မိဘများ လာရောက်ခေါ်ယူ၍ ဗုဒ္ဓဟူးနေ့တွင် ကျောင်းသား ၅ဝ ကျော်သာ ကျန်ရှိတော့သည်။