ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > သပိတ်များအား အကြမ်းဖက်မဖြိုခွဲရန် ဗကသ တိုက်တွန်း

သပိတ်များအား အကြမ်းဖက်မဖြိုခွဲရန် ဗကသ တိုက်တွန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေကြသော သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန် ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက အာဏာပိုင်များအား ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

မုံရွာမြို့ အနောက်ဖက်ကမ်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်စဲရန် သပိတ်စခန်းများဖွင့်၍ ဆန္ဒပြ
နေသူများအား လူစုခွဲရန် အင်္ဂါနေ့က ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် လူစုမကွဲ
သေးဘဲ အင်အားများ ထပ်တိုးလာကာ လုံခြုံရေးများဘက်မှလည်း အင်အားတိုးမြှင့်ချလာနေစဉ် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“အကြမ်းဖက် နည်းလမ်းများ သုံးစွဲခြင်းဖြင့် မှန်ကန်သော ရလဒ် ရရှိလာမည်မဟုတ်ဘဲ ပိုမိုဆိုးရွားသော ရလဒ်များ သာ ရလိမ့်မည်ဟု မိမိတို့ တထစ်ချ ယုံကြည်ပါသည်” ဟု ပါရှိပြီး “အေးဆေးစွာ ညှိနှိုင်း အဖြေရှာသော နည်းလမ်း၊
ပြည်သူလူထု အမှန်တကယ် လိုလားတောင့်တသော ချဉ်းကပ်နည်းများဖြင့်သာ ဖြေရှင်းရလိမ့်မည်” ဟု ကျောင်းသား
ကြေညာချက်က တိုက်တွန်းထားသည်။

လက်ပံတောင်းတောင်ရှိ ပင်မ သပိတ်စခန်းတွင် သံဃာ အပါး ၄ဝဝ ကျော်နှင့် လူပုဂ္ဂိုလ် ၂ဝဝ ကျော် ရှိနေပြီး လုံခြုံရေး ရဲအင်အား ၁ဝဝဝ ကျော် ရှိနေကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 215 guests online