သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကြေးနီစီမံကိန်း သပိတ်မှောက်သူများအား လူစုခွဲရန် အသံချဲ့စက်ဖြင့် ကြေညာ

ကြေးနီစီမံကိန်း သပိတ်မှောက်သူများအား လူစုခွဲရန် အသံချဲ့စက်ဖြင့် ကြေညာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမ သတင်းဌာန ။        ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေးအတွက် သပိတ်စခန်းများ ဖွင့်လှစ်ထားသည့် နယ်မြေသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ ဆန္ဒပြ သံဃာတော်များနှင့် ပြည်သူများအား လူစုခွဲရန် အာဏာပိုင်များက အသံချဲ့စက်ဖြင့် ပြောဆိုနေပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

လုံခြုံရေး ရဲဝန်ထမ်း ၁,ဝဝဝ ခန့်ကလည်း ၎င်းတို့ ကိုင်ဆောင်ထားသော ဒိုင်းများကို နံပါတ်တုတ်များဖြင့် ထုရိုက်ကာ ညာသံပေး၍ ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း ပင်မသပိတ်စခန်းသို့ ရောက်ရှိနေသည့် မဇ္စျိမသတင်းထောက် မင်းမင်း က သတင်းပေးပို့သည်။

“ပုသိမ်-မုံရွာ ကား လမ်းမကြီးဘေးက ဝမ်ပေါင်ကုမ္ပဏီထဲက ရဲတွေက သံဃာတော်တွေကို ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် ထွက်ပေးဖို့ပြောတယ်။ သူတို့ကတော့ သပိတ်စခန်းက သံဃာတော်တွေကို နှောက်ယှက် တာမျိုးမရှိဘူး။ အသံချဲ့စက်နဲ့ အော်တဲ့ အချိန်မှာ ဒိုင်းတွေ ကာထားတယ်။ ဒိုင်းတွေကိုလည်း နံပါတ်တုတ်နဲ့ ရိုက်တယ်။ အကြမ်းဖက် ဖြိုခွင်းတာတော့ မရှိဘူးခင်ဗျ” ဟု ဆိုသည်။

ထိုသို့ကြေညာပြီးနောက် ပင်မ သပိတ်စခန်းသို့ မုံရွာမြို့မှ သံဃာတော် တရာခန့် ထပ်မံ အားဖြည့် ရောက်ရှိလာပြီး ပူးပေါင်းခဲ့ကြောင်းနှင့် လုံခြုံရေး အင်အားများလည်း မနေ့ကထက် တိုးချထားကြောင်း ၎င်းက ဆက်ပြောသည်။

“သံဃာအင်အား ထပ်တိုးတာနဲ့ဆို စုစုပေါင်း သံဃာတော် ၄ဝဝ ကျော်၊ လူအင်အား ၂ဝဝ ကျော်။ လုံခြုံရေး အခြေအနေက မနေ့ကထက် ပိုပြီးတော့ များလာတယ်။ အင်အား တထောင် လောက်ရှိတယ်” ဟု ဆိုသည်။

ယမန်နေ့ည သန်းခေါင်အချိန်တွင် သပိတ်စခန်းများ ရုတ်သိမ်းရနှင့် မရုတ်သိမ်းပါက တည်ဆဲဥပဒေဖြင့် အရေးယူ မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားသော်လည်း သပိတ်စခန်း ဆန္ဒပြသူများက ဆက်လက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သပိတ်မှောက်သူများက ကြေညာချက်တစောင် ထုတ်ပြန်မည်ဟုလည်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 126 guests online