စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရခိုင်ပြည်နယ် အတွက် ကုလထောက်ပံ့လေယာဉ် ထွက်ခွါလာ

ရခိုင်ပြည်နယ် အတွက် ကုလထောက်ပံ့လေယာဉ် ထွက်ခွါလာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်ရှိ အိုးအိမ်အဲ့ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ယာယီတဲများ သည်ဆောင်လာသည့် ပထမ လေယာဉ်သည် ဒူဘိုင်းမြို့မှ သောကြာနေ့ နံနက်တွင် ထွက်ခွါလာပြီ ဖြစ်သည်။

ဒုက္ခသည် ၁၇,၅ဝဝ အတွက် မိသားစုဆံ့ ယာယီတဲ အလုံးပေါင်း ၃,၅ဝဝ သယ်ဆောင်လာသည့် လေယာဉ်နှစ်စီး ယခုသီတင်းပတ်အကုန်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း ကုလ အရာရှိအား ကိုးကား၍ လဘနွန် အခြေစိုက် The Daily Star သတင်းတရပ်တွင် ရေးသားထားသည်။

“ခိုလှုံစရာဟာ အလွန်အရေးကြီးပါတယ်။ အိုးအိမ်မဲ့သူတွေအတွက် အရေးတကြီး လိုအပ်ချက်ကတော့ လုံခြုံတဲ့
နေရာပါပဲ” ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ Adrian Edwards က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းထောက် များအား သောကြာနေ့က ပြောကြားလိုက်သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့တော်မှာ UNHCR ၏ အရေးပေါ်သိုလှောင်ရာ ဌာနေတခု ဖြစ်သည်။

အောက်တိုဘာလအတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် လူမှုအသိုက်အဝန်း ပဋိပက္ခကြောင့် လူဦးရေ ၁၁၅,ဝဝဝ ကျော်မှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး လက်ရှိ ကယ်ဆယ်ရေးစခန်းများတွင် မဆံ့နိုင်ပေ။

ထိုသူများအတွက် နေထိုင်ရာ၊ အစားအသောက်မပါသော အကူအညီ၊ စခန်းများနှင့် စီမံခန့်ခွဲမှုအတွင်တင်ပင် ၂ဝ၁၃ ခုနှစ်၊ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၄.၃၅ သန်း လိုအပ်နေသည်ဟု ဆိုသည်။

ယနေ့အထိ လူဦးရေ ၅ဝ,ဝဝဝ အတွက် UNHCR မှ အစားအသောက် မပါသော ကယ်ဆယ်ရေးပစ္စည်းများ
ထောက်ပံ့ပေးထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 111 guests online