အင်္ဂါ, ၁၈ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အင်းလေး တည်းခိုခ မြင့်တက်၊ နိုင်ငံခြားသားများ အခက်တွေ့

အင်းလေး တည်းခိုခ မြင့်တက်၊ နိုင်ငံခြားသားများ အခက်တွေ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဧည့်သည် ဝင်ရောက်မှု များပြားလာသည့် အလျောက် ဟိုတည် တည်းခိုခများလည်း မျှော်မှန်းထားသည်ထက် မြင့်တက်ကုန် နိုင်ငံခြားသားများ အခက်တွေ့နေ ရကြောင်း သိရသည်။

“အင်းလေးဒေသမှာ ဧည့်သည်အဝင်များတာ လမ်းပေါ်မှာ နိုင်ငံခြားသားခရီးသည်တွေ ငုတ်တုပ်ထိုင်နေရတဲ့ အထိပါပဲ။ ဘာကြောင့်လဲဆိုရင် ဧည့်သည်က အခန်းခကို ၂၅ ဒေါ်လာလောက်ပဲ မှန်းထားတာ ဒီရောက်တော့
ဒေါ်လာ ၆ဝ-၇ဝ ပြောလာတဲ့ အနေအထားတွေ ကြုံကြရလို့လေ” ဟု ဒေသခံ ဦးမြမောင် က မဇ္ဈိမကို ပြောသည်။

ထိုအခက်အခဲများကို ဖြေရှင်းရန်အတွက် ကော်မတီတရပ်လည်း ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်းက ဆိုသည်။

“ဒီလိုအနေအထားဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ခရီးသွား ဧည့်သည်
တွေ အမိုးအကာအောက် ရောက်ရှိရေးအတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဒေသခံ အာဏာပိုင်အဖွဲ့ရယ်၊ ရပ်မိ ရပ်ဖတွေ၊ ဆရာတော်ကြီးတွေရယ်၊ ဟိုတယ်လုပ်ငန်းရှင်တွေရယ် စုပေါင်းပြီး ကမ္ဘာလှည့် ခရီးသွားများအား နေရာ ချထားပေးရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်” ဟု တောင်ကြီးဟိုတယ်ဇုန်မှ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

တောင်ကြီး၊ တန်ဆောင်တိုင်ပွဲတော်နှင့် အတူ ညောင်ရွှေ၊ အင်းလေးဒေသတွင် နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမှာ ပိုမိုများပြားလျက်ရှိသည်။

ထိုသို့ ဧည့်အဝင် များပြားလှ၍ ဟိုတယ်များလည်း တိုးချဲ့တည်ဆောက်လာနေကြသည်။

“ဟိုတယ်တွေ တိုးချဲ့တယ်ဆိုတဲ့ နေရာမှာ လက်ရှိဟိုတယ် လုပ်ငန်းရှင်တွေက ရှိပြီးသား ဟိုတယ်တွေကို အခန်း တိုးချဲ့တာမျိုးနဲ့ ဟိုတယ်အသစ်တွေ ထပ်ပြီး တည်ဆောက်လာတာရယ် နှစ်ပိုင်းရှိပါတယ်” ဟု MAY GUEST HOUSE မှ လုပ်ငန်းရှင် ဦးညီညီတင် က မဇ္ဈိမကို ပြောသည်။

အင်းလေးဒေသတွင် အသစ်ဆောက်သည့် ဟိုတယ်ကြီး သုံးလုံးမှာ ပြီးစီးတော့မည်ဖြစ်ပြီး နောက်ထပ် ဟိုတယ် အသစ်များလည်း တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 236 guests online