ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာရန် စီစဉ်နေ

OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာရန် စီစဉ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။       ။ ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့တခုသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအရေး ဖြေရှင်းနိုင်ရန် နည်းလမ်းများနှင့် ပတ်သက်၍
ဆွေးနွေးရန် မြန်မာနိုင်ငံကို လာရောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

Ekmeleddin Ihsanoglu ဦးဆောင်မည့် OIC ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးအချို့ လည်း လိုက်ပါလာကြမည်ဖြစ်ကြောင်း မလေးရှားအခြေစိုက် Bernama သတင်းတရပ်က ဆိုသည်။

မြန်မာသမ္မတ က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့က ပြောဆို လိုက်ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြီးစီးသွားသည့် OIC နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး CFM မှ ထိုခရီးစဉ် သွားရောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ရက်ကိုမူ မသတ်မှတ်ရသေးပေ။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုဒဏ်သင့် ဒေသများအတွင်း လူသားချင်း စာနာသောအကူအညီများ လိုအပ်မှုကို ချင့်တွက်ထောက်ဆမည်ဖြစ်ပြီး စီမံကိန်းတရပ် ချမှတ်နိုင်ရန်လည်း မြန်မာအာဏာပိုင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု OIC က ဆိုသည်။

ပင်လယ်နီနှင့် အေဒင် ပယ်လယ်ကွေ့ ထိစပ်သည့် Djibouti တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကျင်းပသည့် OIC ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် ဒုက္ခသည်များ အမြန်ဆုံးပြန်လာနိုင်ရေးအတွက် ပိုမိုကြိုးစားအားထုတ်ကြရန် အဖွဲ့ဝင် ၅၇ နိုင်ငံအား တိုက်တွန်းဆော်သြလိုက်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 113 guests online