ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အထည်ချုပ်လုပ်ငန်း အင်္ဂလန်၊ ကိုရီးယားနှင့် ထိုင်း လုပ်ငန်းရှင်များ ကမ်းလှမ်း

အထည်ချုပ်လုပ်ငန်း အင်္ဂလန်၊ ကိုရီးယားနှင့် ထိုင်း လုပ်ငန်းရှင်များ ကမ်းလှမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။      ။ မြန်မာ့ အထည်ချုပ်လုပ်ငန်းတွင် စက်ရုံတည်ထောင်လုပ်ကိုင်ရန် အင်္ဂလန်၊ ကိုရီးယားနှင့် ထိုင်းလုပ်ငန်းရှင်များက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ပြောသည်။

“မြေဧက ၂ဝ- ၃ဝ အကျယ်အဝန်းရှိမယ့် မြေနေရာတွေမှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ဖို့ အင်္ဂလန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့က လုပ်ငန်းရှင်တွေ ကမ်းလှမ်းထားတာ ရှိပါတယ်” ဟု အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း က ပြောသည်။

“နောက် ရန်ကုန်ဆိပ်ကမ်းနဲ့လည်း နီးရမယ်။ လုပ်သားအင်အားလည်း အလွယ်တကူ ရနိုင်ရမယ်။ စက်ရုံ
ဆောက်လုပ်ဖို့ အတွက်လည်း မြေ ၃ ဧက တဆက်စပ်တည်း ရှိရမယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံရင် လာရောက် ရင်းနှီမြှုပ်နှံမယ်ဆိုပြီး  နိုင်ငံခြားကုမ္ပဏီ တခုကလည်း ကမ်းလှမ်းထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုလုပ်ငန်းမှ နိုင်ငံခြားပို့ကုန်နှင့်ပတ်သက်၍ အသင်း၏ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကလည်း “၂ဝ၁၁ ခုနှစ် အတွင်း အထည်ချုပ် ကဏ္ဍကနေ ပို့ကုန်ရငွေတွေကို ကြည့်ရင် ဂျပန်နိုင်ငံကို ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၈ သန်းနဲ့ ပထမနေရာမှာ ရပ်တည်ခဲ့တာ တွေ့ရပါတယ်” ဟု ပြောဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ဇွန်လကုန်အထိ အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားမှ ဝင်ရောက်လုပ်ကိုင်လာ သည့် ကုမ္ပဏီပေါင်း ၈ ခုရှိခဲ့ကြောင်း ရင်းနီးမြုပ်နှံမူနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အထည်ချုပ်လုပ်ငန်းများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ် တို့တွင် လုပ်ကိုင်လျက်ရှိပြီး စုစုပေါင်း အထည်ချုပ်စက်ရုံ ၂ဝဝ ခန့် ရှိကြောင်းသိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 86 guests online