ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒေါ်စု ဟောင်ကောင်ကိုလည်း သွားရောက်လို

ဒေါ်စု ဟောင်ကောင်ကိုလည်း သွားရောက်လို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၊
ဟောင်ကောင်သို့လည်း သွားရောက်လည်ပတ်လိုသည့် ဆန္ဒရှိကြောင်း သိရှိရသည်။

ဟောင်ကောင် တက္ကသိုလ်၏ ဒုတိယ အဓိပတိ ဦးဆောင်သည့် ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂါနေ့က
နေပြည်တော်ရှိ နှင်းဆီခြံ နေအိမ်၌ တွေ့ဆုံစဉ် ဟောင်ကောင် ကျောင်းသားများနှင့် တွေ့ဆုံလိုသည့် ဆန္ဒကို သူက ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းတရပ်က ဆိုသည်။

၂ဝ၁ဝ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ၂ဝ၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ဇွန်လဆန်းပိုင်းက သွားရောက်ခဲ့သည်။ ထို့နောက် ဥရောပနိုင်ငံအချို့သို့ ဇွန်လလယ်က သွားရောက်ခဲ့ကာ အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလနှောင်းပိုင်းတွင် သွားရောက်ခဲ့ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့
နိုဝင်ဘာလလယ်က ခြောက်ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတို့နှင့် မြန်မာနိုင်ငံတို့အကြား ဆက်သွယ်ရေး နီးကပ်တိုးမြင့်လာစေရန်လည်း ဆန္ဒရှိသည်ဟုလည်း ဆိုသည်။

ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရင် ရောက်ရှိလာသည့် ဟောင်ကောင် တက္ကသိုလ် ကိုယ်စားလှယ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခဲ့ကြသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 58 guests online