ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဦးသိန်းစိန် မှ ဘန်ကီမွန်းထံသို့ ပေးစာ

ဦးသိန်းစိန် မှ ဘန်ကီမွန်းထံသို့ ပေးစာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာသမ္မတ ဦးသိန်းစိန် ထံမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ထံသို့
နိုဝင်ဘာလ ၁၆ ရက်နေ့က ပေးစာတစောင် ပေးပို့ခဲ့သည်။ စာထဲတွင် ဦးသိန်းစိန် က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့
သော ဖျက်ဆီးမှုများ၊ အဓိပ္ပာယ်မဲ့ အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ရှုတ်ချထားပြီး တရားဥပေဒေနှင့်အညီ ကိုင်တွယ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကတိကဝတ် ပြုထားသည်။

ခံစားချက်များ၊ ရန်လိုမှုများ လျော့ကျသွားသည်နှင့် အငြင်းပွားဖွယ် နိုင်ငံရေး အခြေနေများဖြစ်သည့် ရွှေ့ပြောင်းခံရ
သော လူများအား ပြန်လည်နေရာချပေးခြင်း၊ နိုင်ငံသား အခွင့်ရေးများပေးခြင်း၊ မွေးစာရင်း ပြုလုပ်ပေးခြင်း၊ အလုပ် လုပ် ပါမစ် ထုတ်ပေခြင်း၊ တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့် ပေးခြင်းကဲ့သို့ ကိစ္စများကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြုလုပ်ပေးသွားရန် ပြင်ဆင်နေကြောင်း ပေးစာထဲတွင် ဖော်ပြထားသည်။

ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ ဒေသခံများကို လူသားခြင်း စာနာသော အကူညီများလည်း ဖြည့်ဆည်းပေးရန် သမ္မတ က ကတိကဝတ် ပြုထားပြီး နိုင်ငံတကာအကူညီနှင့် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ရှာဖွေသွားမည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၆ရက်နေ့က သမ္မတ ဦးသိန်းစိန်သည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များကို သီးခြားတွေ့ဆုံခဲ့သည်။ သမ္မတက သဟဇာတဖြစ်မှုနှင့် ပူပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ခေါင်းဆောင်များကို အခိုင်အမာ တိုက်တွန်းထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အဆိုပါတွေ့ဆုံမှုနှင့် သမ္မတထံမှ ပေးစာကို ကြိုဆိုလိုက်သည်။ လမ်းကြောင်းမှန်ပေါ်
ရောက်နေသော ဖြစ်ရပ်အဖြစ် ရှုမြင်ကြောင်း အတွင်းရေးမှူးချုပ်က ဆိုသည်။ နိုင်ငံတကာက စိုးရိမ်ပူပန်နေသော ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ အခိုင်မာ ကတိပြုချက်များကိုလည်း ဘန်ကီမွန်းက ကြိုဆိုလိုက်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအစိုးရနှင့်သာမက မြန်မာ ပြည်သူများနှင့်ပါ ပူးပေါင်းပြီး ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာ
ဒေသရှိ ဒုက္ခသည်များကို ကူညီရန် ထိရောက်သော အစီစဉ်များ ချမှတ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 75 guests online