သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ထားဝယ် စီမံကိန်းကိစ္စ မြန်မာ ဒု-သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ စည်းဝေး

ထားဝယ် စီမံကိန်းကိစ္စ မြန်မာ ဒု-သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ စည်းဝေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် တို့ တက်ရောက်သည့် ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး နှစ်နိုင်ငံ ပူးတွဲကော်မတီ အစည်းအဝေးကို
နိုဝင်ဘာလ ၇ ရက်နေ့က ဘန်ကောက်မြို့ရှိ Shangri–La ဟိုတယ်၌ ကျင်းပခဲ့ကြသည်။

စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် အတူ ဒေသစီးပွားရေး၊ ဖွံ့ဖြိုး တိုးတတ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘဝများ မြှင့်တင်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတို့အပြင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတတ်မှု ရရှိရေးဆိုင်ရာတို့ကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့
ကြကြောင်း သိရှိရသည်။

ယခု အစည်းအဝေးမှာ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လအတွင်းက သမ္မတ ဦသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် သဘောတူခဲ့သော ထားဝယ်အထူးစီးပွားရေးဇုံ အပါအဝင် ၎င်းနှင့် ဆက်စပ်မှု ရှိသော ဒေသများတွင် စီးပွားရေး ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ နှစ်နိုင်ငံ ပူးတွဲ အဆင့်မြင့်ကော်မတီ ထူထောင်ခြင်းအတွက် စာချွန်လွှာ အပြန်အလှန် လဲလှယ်မှုကို
နိုဝင်ဘာလ ၆ ရက်နေ့က စက်မှုဝန်ကြီး ဦးအေးမြင့်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr, Surapong တို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 153 guests online