တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရန်ကုန်နှင့် တူရင်မြို့တို့ကို ညီအမမြို့တော်အဖြစ် သတ်မှတ်ရန်စီစဉ်

ရန်ကုန်နှင့် တူရင်မြို့တို့ကို ညီအမမြို့တော်အဖြစ် သတ်မှတ်ရန်စီစဉ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် အီတလီနိုင်ငံရှိ တူရင် Turin (ခေါ်) တိုရီနို Torino မြို့တို့ကို ညီအမမြို့တော်အဖြစ် သတ်မှတ်၍ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအတွက် အီတလီ ဝန်ကြီးချုပ် H.E.Mr.Mario Monti နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ နိုင်ဝင်ဘာလ ၆ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ National Convention Centre ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တူရင်မြို့မှာ အီတလီမြောက်ပိုင်းရှိ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဓိကရမြို့ကြီးဖြစ်ပြီး အီတလီနိုင်ငံ၏ စီးပွားရေး အင်အားအရ တတိယ မြို့တော်ဖြစ်သည်။ FIAT မော်တော်ကား စက်ရုံဌာနချုပ်ဖြစ်သလို Juventus F.C. နှင့် Torino F.C. ဘောလုံးအသင်းတို့၏ မြို့ကြီးလည်းဖြစ်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ် ထိုသို့တွေ့ဆုံစဉ် ၂ဝ၁၃-၁၄ ခုနှစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင်
မြန်မာနိုင်ငံကို ဦးစားပေး ထည့်သွင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမည့် အီတာလျံရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေး ကုမ္မဏီအား ရင်းနှီးမြှုပ်နှံရာတွင် OECD က ချမှတ်ထားသည့် လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အချက်အပေါ် လိုက်နာဆောင်ရွက်ရန် အားပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်။

ထို့အပြင် ဥရောပသမဂ္ဂက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပေးရန်နှင့် GSP အခွင့်အရေးကို ပြန်လည်ပေးအပ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့မှုများကို တိုးမြှင့်ပေးအပ်သွားရေး တို့လည်း ဆွေးနွေးခဲ့ကြသည်။

အီတလီနိုင်ငံသို့  ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေများ ပယ်ဖျက်နိုင်ရန် ယခုနှစ်အတွင်း သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရေးနှင့် သက်သာသော ချေးငွေများ ထပ်မံ ပေးအပ်သွားရေး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရာတွင် လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးနှင့် ပံ့ပိုးကူညီရေးတို့ကို နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့
ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 108 guests online