တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရန်ကုန် ရေပေးရေး ထိရောက်ရန် ဂျိုးဖြူ ကန်ရေချိန် လုံလောက်ဖို့လို

ရန်ကုန် ရေပေးရေး ထိရောက်ရန် ဂျိုးဖြူ ကန်ရေချိန် လုံလောက်ဖို့လို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။         ။ ဂျိုးဖြူကန်တွင် နှစ်စဉ် ကန်ရေချိန် လုံလောက်စွာ စုဆောင်းရရှိမှသာ ရန်ကုန်မြို့သို့
ရေပေးဝေမှု လုပ်ငန်း ထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“ဂျိုးဖြူကန်ဟာ နှစ်စဉ် မိုးရေချိန်ရရှိမှု နည်းတဲ့အတွက် လုံလောက်တဲ့ ကန်ရေချိန် မရရှိခဲ့ပါဘူး” ဟု နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း၊ မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးဆွေအောင်က ဂျိုးဖြူပိုက်အနီးရှိ ကျေးရွာများအတွက် ရေမီတာ တပ်ဆင် ၍ ရေကန်များ တည်ဆောက်ပြီး ၎င်းအိမ်ထောင်စုများအား သောက်သုံးရေ ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ မရှိ
မေးမြန်းချက်ကို ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြို့တော်စည်ပင်သာယာရေးကော်မတီမှ အနာဂတ် ရေဖူလုံရေး ဆောင်ရွက်ချက်များအဖြစ် ကုက္ကိုဝမြစ် ရေတင် စီမံကိန်း၊ လှိုင်မြစ် မြစ်ရေတင် စီမံကိန်း၊ ငမိုးရိပ် ဆည်မကြီးမှ ရေပိုက်လိုင်း တိုက်ရိုက်သွယ်တန်းရယူမည့် စီမံကိန်း အား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အဖွဲ့ဖြင့် အကြိုလေ့လာမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရန်ကုန်မြို့ကို ဂျိုးဖြူ ရေလှောင်ကန်က ဂါလံ ၂၇ သန်း၊ ဖူကြီး ရေလှောင်ကန်က ရေဂါလံ ၅၄ သန်း၊ လှော်ကား
ရေလှောင်ကန်က ရေဂါလံ ၁၄ သန်း၊ ငမိုးရိပ် စီမံကိန်း (ပထမအဆင့်) က ရေလှောင်ကန် ၄၅ သန်း၊ ဒဂုံတောင် အမှတ် (၁ဝ၇) ရေပေးဝေရေး စခန်း၊ ဒဂုံတောင် အမှတ် (၅၄) ရေပေးဝေရေး စခန်း၊ ဒဂုံတောင် အမှတ် (၁ဝ၇)
ရေပေးဝေရေး စခန်း၊ စိမ့်ဖြာ ရေစုတွင်းကျယ် ရေပေးဝေရေး စခန်းတွေက ရေဂါလံ ၁ သန်းစီနဲ့ စုစုပေါင်း ရေဂါလံ ၄ သန်း အားနှင့် အဝီစိတွင်းများ (၆၂၄) တွင်းမှ ရေဂါလံ ၁၆ သန်း စုစုပေါင်း ရေဂါလံ သန်း ၁၆ဝ ပေးဝေနေပါတယ်” ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ထို့အပြင် မဟာဝိဇယ ဂါလံ ၁ဝ သန်းဆံ့ ရေလှောင်ကန် ပြန်လည်ပြုပြင်နိုင်ရေး အကြိုလေ့လာမှု လုပ်ငန်းများ
ဆောင်ရွက်ခြင်း၊ ငမိုးရိပ်စီမံကိန်း (ဒုတိယ အဆင့်) လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက်လည်း
ဆောင်ရွက်လျက်ရှိသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 48 guests online