အရိုး ၊ အဆစ် ကျန်းမာရေး - ( ၁ )

အရိုး ၊ အဆစ် ကျန်းမာရေး - ( ၁ )

အရိုး၊ အဆစ်၊ ဒူးနာ ၊ ခါးနာ တွေ အတွက် ဆောင်ရန် ရှောင်ရန်တွေကို ဆရာဝန်ကြီး ဒေါက်တာ ကျော်မင်းစိုးနဲ့ မဇ္စျိမကိုမျိုးသန့် တို့ ၊ တွေ့ဆုံမေးမြန်းချက်များပဲ ဖြစ်ပါတယ် ။

မေး ။ ။   ကျွန်တော်တို့ နိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတွေဖြစ်တဲ့ အရိုး အဆစ် နဲ့ ပတ်သက်တဲ့ ရောဂါတွေအကြောင်း သိပါရစေ ခင်ဗျား ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့နိုင်ငံအနေနဲ့က ဖွံ့ဖြိုးဆဲနိုင်ငံထဲမှာ အပါအဝင်ဖြစ်တဲ့အတွက် အားလုံးထဲမှာမပါမဖြစ်တဲ့ ဒီထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ဟာကတော့ အများဆုံးပါပဲဗျာ။ ဒီထိခိုက် ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ ဖြစ်လာတဲ့နောက်ဆက်တွဲ ကျွန်တော်တို့ မစောင့်ရှောက်နိုင်တဲ့အတွက် အရိုးကျိုးတာကို ကောင်းမွန်အောင် ပြန်မတည့်တဲ့အတွက် ဖြစ်နေတဲ့ ကောက်တဲ့ ကွေးတဲ့ပြဿနာ တွေ ကတော့ အများဆုံးပါပဲ။ ဒါ့အပြင် ခုနကပြောတဲ့ ကျွန်တော်အသက်အရွယ်အရ ကြီးလာတဲ့အခါ မှာ ဒီ generation ကြောင့် အသက်ကြီးလာတဲ့အခါမှာ အိုမင်းလာတယ်၊ အရိုးအဆစ်တွေကအမြဲတမ်း ဖြစ်စဉ် ပြောင်းလဲမှုမှာ တဖြေးဖြေးနဲ့ အဖြစ်နဲ့ အပျက်နဲ့ နောက်ပိုင်း အသက်သုံးဆယ်ကျော်လာရင် အပျက်က ပိုများလာတဲ့အတွက် အရိုးရောဂါနဲ့ပတ်သက်ပြီးတော့ ဒူးနာ ခါးနာ  လူတိုင်းနည်းတူ ကြုံတွေ့ နေရတဲ့ ကိစ္စတွေဖြစ်ပါတယ်ဗျ။

မေး။ ။   အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်တော့ တော်တော်များများ ရှိမယ်လို့ထင်ပါတယ်၊ သန်းငါးရာဆိုတော့ ကျွန်တော်တို့ထက် ဆယ်ဆပေါ့လေ ဆယ်ဆဆိုတော့ သူတို့နိုင်ငံမှာရော ဘယ်လိုရောဂါတွေ အဖြစ် များလဲ ဆိုတာသိပါရစေ။

ဖြေ။ ။   ခုနကျွန်တော်ပြောတဲ့ ဒီဒူးနာ ခါးနာ နေ့စဉ် ရှိသမျှလူနာထဲမှာ ဒီဒူးနာ ခါးနာတဲ့လူနာမပါတဲ့နေ့ ဆိုတာ မရှိပါဘူး။ အခုနောက်ပိုင်းမှာတော့ ပခုံးတွေရော နောက် ခြေချင်းဝတ်တွေရော ပိုပြီးတော့ နောက်ပိုင်းမှာ များလာတာတွေ့ရပါတယ်၊ ဆီးချိုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေ ကြောင့်ပါ။  အာဆီယံနိုင်ငံ ကျွန်တော်တို့နိုင်ငံ တော်တော်များများတော့ ဖြစ်တဲ့ရောဂါတွေကတော့ အတူတူပါပဲပေါ့။

မေး။ ။    ဒူးနာတာကြာပြီ၊ ဆရာဝန်တွေကလည်း စုံနေပြီ၊  အထဲကကိုက်တယ် ၊ အဲ့ဒါ ဘယ်လို လုပ်သင့်လဲဆိုတာ ဖြေပေးပါခင်ဗျား။

ဖြေ။ ။ ဒူးနာကတော့ တစ်ကိုယ်လုံးမှာ body weight ပေါ့၊ တော်တော်များများကို ဒီဒူးက သူက ထမ်းဆောင်ထားရတာဖြစ်တယ် ငယ်စဉ်ကတည်းကနေပြီးတော့ ကြီးပြင်းလာတယ်၊ ကြီးပြင်းလာတာ က နေပြီးတော့ တစ်ဖြေးဖြေးနဲ့ အရွယ်ရောက်လာတဲ့နောက်ပိုင်းမှာ အိုမင်းခြင်းပေါ့။ အဲ့ဒီဖြစ်တဲ့ဖြစ်စဉ် ထဲမှာ ဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် လူတိုင်းကရှောင်လွဲလို့မရပါဘူး၊ သူ့မှာ ဒီဒူးအဆစ်နဲ့ အောက်က ခြေချင်းဝတ်က ဒူးနဲ့ ဒီအပေါ်ကပေါင်နဲ့ ကြားမှာ ခံထားတဲ့ ဝါရှာပြားလေးတွေ ရှိတယ်၊ ကူရှင်ပြားလေး တွေ ရှိတယ်၊ နောက်အရိုးရဲ့ထိပ်မှာဆို ကျွန်တော်တို့အရိုးနုတွေရှိတယ် ဒီအရိုးနုတွေက ဒီအဆစ်တွေ ကို လှုပ်ရှားလို့ရအောင် သူကထမ်းဆောင်ပေးတယ်။ ကြားထဲမှာ ကွင်းလေးတွေလည်းရှိတယ်။ သူတို့ တွေက မနာကျင်အောင် ထမ်းဆောင်ထားတယ်၊ အဲ့ဒါအပြင် သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကြွက်သားတွေ ပေါင်မှာရှိတဲ့ကြွက်သားတွေက အားလုံးထိန်းညှိထားပေးတဲ့အတွက် လူတစ်ယောက်ဟာဆိုလို့ရှိရင် ဒီဒူးကိုကောင်းမွန်စွာ အသုံးချဖို့ သေသေချာချာအသုံးချဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ငယ်စဉ်ထဲက အားကစားလုပ်လို့ပဲဖြစ်ဖြစ် နောက် ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် ခုနကဆရာပြောတဲ့ ခံထားတဲ့ cushion ဝါရှာပြားလေးတွေ၊ ဒူးဆစ်မှာရှိတဲ့ ကွင်းလေးတွေကဒဏ်ရာရလာတတ်ပါတယ်၊ အဲ့ဒီလို ဒဏ်ရာရတဲ့အခါ မှာ သင့်တင့်တဲ့ကုသမှု စောင့်ရှောက်မှုမပေးခဲ့ဘူးဆိုရင် ဒီဒဏ်ရာတွေက ပိုပြီးတော့ ပျက်စီးစေပါတယ်။ အဲဒီလိုပျက်စီးရင်းနဲ့ အသက်အရွယ်ကလည်းရလာတယ်၊ ခန္ဓာကိုယ်ကလည်း ပိုလေ့ကျင့်ရန်များလာပါတယ် များလာတဲ့အခါမှာ တစ်ကိုယ်လုံးရဲ့ဒဏ်ကိုထမ်းထားတာ တင်ပဆုံပြီး ရင် ဒူးက အဓိကကျတဲ့အတွက် weight balance လုပ်တဲ့ အတွက် ဒူးခေါင်းမှာ အခန်း နှစ်ခန်း ရှိပါ တယ် ၊ အတွင်းဘက်နဲ့ အပြင်ဘက် အတွင်းဘက်မှာရှိတဲ့ အဆစ်အိမ်လေးက ပျက်စီးလာပြီး တော့ ဒူးနာတယ်  ဆိုတဲ့ ဒူးနာရောဂါကို လူတော်တော်များများ အသက်ကြီးတဲ့လူအများကြီးခံစားရပါတယ်။

မေး။ ။   အဲ့ဒီရောဂါကို ဘယ်လိုကာကွယ်လို့ရမလဲဆရာ။

ဖြေ။ ။ လူနာကဖြစ်တဲ့ဟာ ကာကွယ်လို့ရလားဆိုလို့ရှိရင်တော့ တားဆီးလို့မရပါဘူး။ ပျက်စီးခြင်းကို လည်း တားဆီးလို့မရပါဘူး၊ ဒါပေမယ့် ကိုယ်က သူတို့ကိုကောင်းမွန်အောင် စောင့်ရှောက်လို့ရပါတယ်။ ဘာနဲ့စောင့်ရှောက်ရမလည်းဆိုလို့ရှိရင် ငယ်စဉ်ကတည်းက မှန်မှန်လေ့ကျင့်ခန်းပေါ့၊ လေ့ကျင့်ခန်း မှန်မှန် ကန်ကန်လုပ်မယ်ဆိုလို့ရှိရင် ဒူးနာပျက်စီးခြင်းတွေကို ဖြစ်စေမယ့်ဟာတွေကို ကာကွယ်ပြီးသား ဖြစ်မှာ ဖြစ်ပါတယ်၊ အဲ့ဒီတော့ မှန်မှန်ကန်ကန် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ ကြွက်သားတွေသန်စွမ်း အောင် အဆစ်အမြစ်တွေသန်စွမ်းအောင် နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း သွေးပူလေ့ကျင့်ခန်း ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း ငယ်စဉ်ကတည်းက လုပ်မယ်ဆိုရင် စောင့်ရှောက်မယ်ဆိုရင် ကာကွယ်ပြီး သားဖြစ်ပါတယ်။

မေး။ ။ လေ့ကျင့်ခန်းဆိုတာ ဘယ်လိုမျိုးလေ့ကျင့်ခန်းလဲ ဆရာ။

ဖြေ။ ။ လေ့ကျင့်ခန်းဆိုတာ အကြောလျှော့လေ့ကျင့်ခန်း၊ သွေးပူလေ့ကျင့်ခန်း၊ ကျွန်တော်တို့ငယ်စဉ် ကတည်းက မိုးလင်းမနက်အိပ်ယာထရင် T V  ကလာတဲ့ ၁ - ၂ - ၃ - ၄  ဆိုတဲ့ လေ့ကျင့်ခန်းကို နိုင်ငံတကာ မှာလည်း ဒီအချိန်မှာ ဒီလိုပဲ တစ်နိုင်ငံလုံး လူထုနဲ့ ပန်းခြံတွေမှာ သူတို့လွတ်လပ်တဲ့ free space ပေါ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ နေရာတွေမှာ လူထုအသွင်နဲ့သော်လည်းကောင်း အားလုံးပုံမှန် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်၊ ဒါကတော့ မနက်စောစော အလုပ်မသွားခင်ပေါ့ ၊နောက် အလုပ် အတွင်းမှာလည်း လုပ်လို့ရတယ်၊ အလုပ်ကပြန်လာရင်လည်း လုပ်လို့ရတယ်၊ ဒီလေ့ကျင့်ခန်းကိုတော့ အားလုံးဂရုစိုက်ပြီးတော့ အချိန်ပေးပြီးတော့ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ကာကွယ်ပြီးသားရမှာဖြစ်ပါတယ်။

မေး။ ။   ကျန်းမာရေးပညာအရပေါ့လေ နို့နဲ့နို့ထွက်ပစ္စည်းဟာ ကျွန်တော်တို့ ကိုယ်မှာရှိတဲ့ အရိုးနဲ့ အဆစ်အတွက် ဘယ်လိုမျိုး အထောက်အကူပြုပါသလဲ ဘယ်လိုမျိုး ကောင်းကျိုးပေးသလဲဆိုတာ မေးချင်ပါတယ်ခင်ဗျား။

 ဖြေ။ ။ ဒီနို့နဲ့ နို့ထွက်ပစ္စည်းတွေလိုအပ်တာတော့ မှန်ပါတယ်၊ ဒါပေမယ့်လည်း အခုကျွန်တော်တို့ရဲ့   နေမှုထိုင်မှုပုံစံတွေပြောင်းလဲလာတယ် အများစုက ရုံးတွေမှာ နေကြတယ်၊ အိမ်တွေမှာပဲနေတယ်၊ အပြင်ကိုသိပ်မထွက်ဘူး အပြင်ထွက်ရင်လည်း ကားတွေရဲ့ အဲကွန်းနဲ့ အကုန််လုံးအလုံဖြစ်နေတဲ့ အတွက် ဒီနေရောင်ခြည်ထိတွေ့မှုကို ဆီးတားတဲ့အခါမှ Vitamin " D " deficiency က သိသိသာသာ ပေါများလာတာတွေ့ရပါတယ်။ တကယ်တော့ ဒီ Vitamin D ဖြစ်ပေါ်မှုမှာ ကျွန်တော်တို့ နေရောင်ခြည် က အလွန်အရေးပါပါတယ် ကယ်စီယမ်ကိုစုပ်ယူဖို့အတွက် ဗိုက်တာမင်ဒီ ရှိမှဖြစ်မယ်၊ ဒီဗိုက်တာမင် ဒီ ကို အသည်းကနေပြီးတော့ အဆင့်တစ်ဆင့်မှာ ဒီနေရောင်ခြည်တွေက အရေပြားက ထိပြီးတော့ ဗိုက်တာမင် ဒီ ကိုပြောင်းတဲ့ အဆင့်လိုပါတယ်။ အဲ့ဒီတော့ ဒီဗိုက်တာမင် ဒီ Vitamin " D " deficiency များလာတဲ့အခါမှာ အခုဆိုရင် ဆေးတွေလည်းသောက်လို့ရပါတယ်၊ အဲ့ဒီတော့ တစ်ခုခုဖြစ်လာပြီ အဆင်မပြေဘူး ဒူးနာ ခါးနာတာတွေအပြင် နေထိုင်လို့မကောင်းဘူးဆိုရင် ဗိုက်တာမင် ဒီကိုစစ်ရမယ်။ စစ်တဲ့အခါမှာနည်းနေရင် ဖြည့်စွက်ပြီးတော့ ပေးရမှာဖြစ်ပါတယ်။ ဒါတွေက တကယ်တော့ သဘာဝ တရားထဲမှာ အကုန်လုံးရှိပြီးသားဖြစ်တဲ့အတွက် သဘာဝနဲ့နေထိုင်မယ်ဆိုရင် ဒီဟာကိုကာကွယ်ပြီး သားဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ အခုခေတ်မှာ ဖြစ်လာတဲ့ လူငယ်တွေက ဂိမ်းတွေဆော့မယ် ၊ အထဲမှာ ပဲနေတဲ့ အခါမှာ Sun Light Exposure မရတဲ့အတွက် Outdoor Activity တွေ  နည်းလာတဲ့အတွက် ဖြစ်တာ၊ ဖြစ်နိုင်ရင်တော့ လမ်းများများလျှောက်တာမျိုး လုပ်မယ်ဆိုလို့ရှိရင်တော့ ဒါတွေကိုကာကွယ် ပြီးသား ရရှိမှာဖြစ်ပါတယ်။ နောက်ဆေးအနေနဲ့ကတော့ စစ်လည်းစစ်မယ် လိုအပ်လို့ရှိရင် ဆေးတွေ ပေးမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ နောက်အစိမ်းရောင် အရွက်တွေ၊ နောက် ဂေါ်ဖီထုတ်တွေ၊ မုံလာဥတွေ  အဲ့ဒီအထဲမှာလည်း ဒီဗိုက်တာမင် ဒီ က အများအပြားပါတဲ့ အတွက် ဒါတွေကိုလဲ စားသောက်ပေးဖို့ သင့်တင့်မျှတစွာ စားသောက်ပေးဖို့လိုအပ်ပါတယ် ။    ။ မဇ္စျိမ

Mizzima Weekly