ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ - ( ၁ )

By မျိုးသန့်(မဇ္စျိမ)
31 October 2018
ဆီးချို နှင့်သွေးတိုးရောဂါ မဖြစ်ဖို့ - ( ၁ )

အထွေထွေရောဂါကု သမားတော်ကြီး ပါမောက္ခ ဦးနေဝင်း နှင့် မေးမြန်းခြင်း ။

မေး။ ။   ဆီးချိုဆိုတာ နာတာရှည် ရောဂါလား ပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ ၊ ပျောက်ကင်း နိုင်တဲ့ရောဂါလား ၊ ဘယ်လိုကာကွယ်ရမလဲ ။

ဖြေ။ ။ ဆီးချိုရောဂါကို ကာကွယ်လို့ရသလားဆိုတာရယ် ၊ ဖြစ်လာလို့ရှိရင် ပျောက်သွား နိုင်သလားဆိုတဲ့မေးခွန်း ၂ ခွန်းနော်။ အဲ့ဒီတော့ ဆီးချိုဆိုတဲ့စကား ပထမဦးဆုံး စပြော ရင် တော်တော်များများကတော့ ဆီးချိုလို့ပြောတာမှန်ပါတယ်။ မြန်မာနိုင်ငံဆီးချိုသွေးချို အဖွဲ့ကတော့ ဆီးချိုသွေးချိုလို့ခေါ်တယ်၊ ဘယ်လိုပဲခေါ်ခေါ်  အကုန်လုံးက တစ်ခုထဲပါ နော်၊ ရောဂါအမည်ဖြစ်ပါတယ်။ပထမဆုံးပျောက်အောင်ကုနိုင်သလားဆိုတော့တကယ် တမ်း  ဆေးပညာတွေကပြောမယ်ဆိုရင် ဆီးချိုရောဂါကဖြစြ်ပီဆိုရင်တော့ ပျောက်လေ့ ပျောက်ထမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ရောဂါဗီဇဖြစ်စဉ်ကိုကြည့်တဲ့အခါမှာ သူ စဖြစ်တာက ခန္ဓာကိုယ်မှာရှိတဲ့ သကြားဓာတ်ကို သွေးကနေချတဲ့ insulin ဆိုတဲ့ ဓာတ်။ အဲ့ဒီဓာတ်ကို ခန္ဓာကိုယ်ကတုံ့ပြန်မှုနည်းတယ်၊ အဲ့ဒီကနေတဆင့် သူ့ကိုပိုထုတ်တယ် ၊ သူ့ကိုပိုထုတ်ရင်းနဲ့ ထုတ်တဲ့အင်္ဂါက မုန့်ချိုအိတ် လို့ခေါ်တဲ့ pancreas ကပန်းသွားတယ်၊ ပန်းသွားတော့  လုံးဝမထုတ်နိုင်တော့ဘူး အဲ့ဒီတော့ သကြားဓာတ်တွေ မြင့် လာတယ် ပေါ့ ဒီဖြစ်စဉ်ကိုကြည့်လိုက်ခြင်းအားဖြင့်ကိုပဲ ဒီရောဂါက မပျောက်ကင်းနိုင်ဘူး ဆိုတာ သေချာသလောက်ရှိသွားပါပြီပေါ့။  အဲဒီလိုဆိုရင် မပျောက်တော့ဘူး ဆိုလို့ရှိရင်တော့ ခြွင်းချက်လေးတစ်ခု ရှိသေးတယ် တချို့ကတော့ဘာဖြစ်လဲဆိုလို့ရှိရင် ဥပမာ ဆီးချိုရှိမရှိ တိုင်းလိုက်တာပေါ့ တိုင်းလိုက်တဲ့အခါကျတော့ အဖြေတစ်ခုထွက်လာတယ်၊  သတ်မှတ်ချက်လေး ရှိတယ်ပေါ့၊ အဲ့ဒီအဖြေတစ်ခုကြောင့်ဆီးချို ရှိပြီလို့  ပြောပြီးတဲ့ နောက်မှာ သူ့ကိုနေထိုင်စားသောက်ပုံသင်တယ် ၊ဆေးသောက်ဖို့လည်း သင်တယ်ပေါ့ ၊   တချို့တွေကအနေအထိုင်စားသောက်ပုံ တော်တော့်ကို ဂရုစိုက်တယ်၊ အဲ့ဒီအခါ ဆီးချို ရောဂါ  ကျသွားတာပေါ့ ၊အဲ့ဒါကို ကျွန်တော်တို့ကပျောက်တယ်လို့ တော့ပြောလို့မရဘူး။ ဘယ်လိုပြောရလဲဆိုတော့ ဆီးချိုရောဂါကိုထိန်းထားနိုင်တယ်လို့ ပြောတယ်။ အဲ့ဒီတော့ ဘယ်လောက်ထိရနိုင်လဲဆိုရင် ဆေးတောင်မသောက်ရတော့ဘူး ဖြစ်သွားတဲ့အခါကျ တော့ သူက ထိန်းတာတော်တော့်ကိုကောင်းတယ်လို့ ပြောလို့ရတယ်ပေါ့  ။ ဒါကိုတော့ကျွန်တော်တို့က ပျောက်တယ်လို့ မသတ်မှတ်ဘူး ၊ဆီးချိုကို ဆေးမလိုဘဲနဲ့ ကျန်းမာနေထိုင်မှုပုံစံနဲ့ ထိန်းထားတယ်လို့ ဆိုလို့ ရတာပေါ့။ အဓိကဘယ်လိုလူမျိုးတွေ လည်းဆိုတော့ ဆီးချိုဖြစ်ခါစ လူတွေ ဆီးချိုရှိမှန်း သိခါစလူတွေ ခန္ဓာကိုယ်ကလည်း မပျက်ဆီးသေးတဲ့လူတွေ အဲ့ဒီလိုလူမျိုး ဆိုလို့ရှိရင်တော့ ဒါပိုမှန်တဲ့ အခြေအနေလို့ ပြောလို့ရတယ်ပေါ့။

ဆီးချိုရောဂါကာကွယ်လို့ရလား ဆိုတဲ့မေးခွန်းကတော့ ကျွန်တော်ဝမ်းဝမ်းသာသာ ဖြေရ မယ့် စကားထဲမှာပါတယ်။ ဆီးချိုရောဂါဆိုတာ ဘာလဲဆိုတာ ကျွန်တော်နဲနဲလေး ပြော ချင်ပါတယ် ၊ဘယ်လောက်ဒုက္ခပေးနေလဲဆိုတာပြောချင်ပါတယ်။ ဆီးချိုရောဂါကို   ဘယ်အုပ်စုထဲမှာထည့်လည်းဆိုရင် လူသားတွေကိုနှိပ်စက်တဲ့ရောဂါအုပ်စု နှစ်ခုရှိတယ်၊ တစ်ခုကဘာတွေလဲဆိုတော့ ရောဂါပိုးတွေကြောင့်ကူးစက်တဲ့ရောဂါရှိတယ်။ နောက်တစ်ခုကတော့ ရောဂါပိုးတွေမဟုတ်ဘူး လူတွေရဲ့နေထိုင်မှုပုံစံကြောင့်ဖြစ်တဲ့ ရောဂါပေါ့၊ အဲ့ဒါကို Life style disease လို့ခေါ်တယ် ။ တချို့ကတော့ဘယ်လိုပြောတာ လည်းဆိုတော့ ကူးစက်ခြင်းမရှိသောရောဂါများပေါ့ NCD  လို့ခေါ်တဲ့ Non Communicated Disease လို့ခေါ်တယ် ။   အဲ့ဒီမှာ ဆီးချိုရောဂါအပြင် ဘာပါသေးလဲ သွေးတိုးပါတယ် ၊အဝလွန်တာပါတယ် ၊နှလုံးသွေးကြောပိတ်တာပါတယ် ၊ နာတာရှည် အဆုပ်ရောင်ရောဂါပါတယ်၊ ကင်ဆာတွေပါတယ် ၊ဒါတွေအကုန်လုံးကဘယ် ကအခြေခံ လည်းဆိုတော့ Life style ၊ အဲ့ဒီအဓိပ္ပါယ်ဖွဲ့ဆိုချက်အရကိုပဲဆီးချိုအပါအဝင် ဒီရောဂါ အုပ်စုသည် Life style ကြောင့်ဖြစ်တယ်ဆိုတာပေါ်လွင်သွားတဲ့အတွက်ကြောင့် Life style ကိုသာ ကျန်းမာစေသော Life style နဲ့လုပ်မယ်ဆိုရင် တာဝန်ယူနိုင်စွမ်း ရှိတယ် လို့ဆိုရမှာပေါ့ ပြန်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ဆီးချိုရောဂါအပါအဝင် ကူးစက်ခြင်း ကြောင့် မဟုတ်သော Life style disease အကုန်လုုံးသည် ကျန်းမာသောနေထိုင်မှုပုံစံ နေခြင်းအားဖြင့် ကာကွယ်လို့ရတယ်လို့ပဲဆိုချင်တယ်။

မေး။ ။   ဘယ်လိုအစားအသောက်တွေဟာကျန်းမာရေးကောင်းစေ သလဲ ။ ဥပမာဆီးချိုမဖြစ်စေမယ့်အစားအစာ ၊ ပြီးရင် လေ့ကျင့်ခန်းရော ဘယ်လိုလေ့ကျင့်ခန်းမျိုး ဆို သင့်တော်မလဲ။

ဖြေ။ ။ ဒီမေးခွန်းက တော်တော်လေးအရေးကြီးတယ် တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြေရမယ့်အထဲမှာပါတာပေါ့ ၊ ကျွန်တော် ချုပ်ပြောပါ့မယ် အပိုင်းကသုံးပိုင်းရှိပါတယ် ၊ နံပါတ်တစ်က  အစားအသောက်ကိစ္စပေါ့၊ နောက်တစ်ခုကတော့ ကိုယ်လက်လှုပ်ရှာတဲ့ ကိစ္စပေါ့၊ နောက်တစ်ခုကတော့အခြားသောကိစ္စပေါ့။ သုံးပိုင်းပေါ့နော် အဲ့ဒီတော့ အစား အသောက် ဆိုတာဘာလဲလို့မေးလို့ရှိရင်တော၊ ကျန်းမာသောနေထိုင်စားသောက်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဓိကကတော့လူတိုင်းလူတိုင်းလိုက်နာသင့်တဲ့စားသောက် မှု ပုံစံပဲပေါ့ ၊ လွယ်လွယ်နဲ့ အရှင်းဆုံးနဲ့အတိုဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ထမင်းလို့ခေါ်တဲ့ ကစီဓာတ်ကိုအလွန်အကျွံစားတာ ကိုလျှော့ရ မယ် ၊ အဲ့ဒီတော့မေးစရာရှိတယ် စားစရာထမင်းပဲရှိတာပဲ ဘယ်လိုလုပ်လျှော့ကြမှာလဲ လို့မေးရင်   ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်လိုအပ်သလောက်ပဲစားရမှာ ၊ ဘာလို့ဆို ကစီ ဓာတ်ဆိုတာကိုယ့်ရဲ့လှုပ်ရှားမှုလိုတာကိုး၊ အဲ့ဒီတော့ခန္ဓာကိုယ်မဝလွန်းမပိန်လွန်းဖြစ် အောင်စားရမယ် ၊ကိုယ့်ရဲ့ Energy ရအောင် စားရမယ် အဲ့ဒီ Energy ထက်ပိုအောင်စား တယ် ၊ ကိုယ်လှုပ်ရှားတာထက် ပိုစားတယ် ။ ဒါတွေ အကုန်လုံးသည် အဆိပ်ဖြစ်သွား တယ်၊ ခန္ဓာကိုယ်မှာစုပုံသွားတယ်၊ အဲ့ဒါက ဆီးချိုဖြစ်သွားတယ်  ။ နမူနာပြောရင် ကျွန်တော်တို့ ဒီဆန်စားတဲ့နိုင်ငံတွေထဲမှာကျွန်တော်တို့ကပိုစားတယ်။  ဒါက ပထမ တစ်ဆင့်ပြောတာပေါ့ ၊  အဲ့ဒါဆိုရင်ဘာစားစရာကျန်လဲမေးတဲ့အခါကျတော့ အသား ဓာတ်ကျန်တယ် ၊ နောက်ပြီးကျတော့ အသီးရွက်ကျန်တယ် ၊ ဒီနေရာမှာ သစ်သီးဝလံနဲ့ အစားထိုးရတယ် ၊ဟင်းသီး ဟင်းရွက်တွေအစားထိုးရတယ်၊ ကစီဓာတ်ကို လျှော့ပါ နောက်ပြီးတော့ သစ်သီးဝလံနဲ့ ဒီထက်ပိုစားသွားပေါ့ ၊ ကစီဓာတ်မှာအဆိုးဆုံး ကစီဓာတ်တစ်ခုရှိသေးတယ်၊ အဲ့ဒါက အချိုလွန်ကဲ ကစီဓာတ်ပေါ့ ။ နောက် တစ်ခု ကတော့အသားကို သင့်တင့်အောင်စားတာပေါ့ ၊ဒါပေမယ့်လို့ အဆီမပါတဲ့ အသားပဲဖြစ် ရမယ်၊ အဲ့ဒီတော့ ဒုတိယအဆင့်ကအဆီ ၊ အဆီက တတ်နိုင်သလောက်တော့ ဘာအဆီပဲဖြစ်ဖြစ် သင့်တင့်တဲ့ ပမာဏထက်ပိုများရင်အဆိပ်ဖြစ်တာပဲရှိပါတယ်။ အဆီမှာ အုပ်စုနှစ်ခုရှိတယ် ၊ တစ်ခုပြည့်ဝအဆီလို့ခေါ်တယ်၊ နောက်တစ်ခုက မပြည့်ဝ သောအဆီ လို့ခေါ်တယ်။ ပြည့်ဝအဆီ ဆိုတာဘာလဲဆိုတော့  အလွယ်ပြောရင် တိရစ္ဆာန်အဆီပေါ့ ကြက်ဥ ၊ဘဲဥ ၊အနှစ်တွေ၊ ထောပတ်မလိုင်တွေပေါ့ ၊ ဒါတွေကပြည့်ဝ အဆီလို့ခေါ်တယ်  ၊  နောက်တစ်ခုကတော့ မပြည့်ဝအဆီပေါ့ ၊ မပြည့်ဝအဆီဆိုတာ လွယ်လွယ် ကူကူပြောရင် သစ်သီးဝလံအဆီပေါ့  ၊ ချုပ်ပြောမယ်ဆိုရင် အဆီနည်းနိုင် သမျှ လျှော့စားပါ၊ ပြည့်ဝဆီကို  စားမယ်ဆိုရင်လည်း ကျေနပ်ရုံပဲစားပါ ။ မပြည့်ဝဆီ ကိုအားပြုစားပါ မပြည့်ဝဆီကျန်းမာရေး နဲ့ညီညွတ်တယ်ဆိုရင် နင်းကန်စားလို့မရဘူး ။ အစားအသောက်နဲ့ပတ်သက်ပြီး တော့အဓိကကသုံးချက်ပါပဲ  carbohydrate လျှော့ပါ၊ သစ်သီးဝလံပိုစားပါ၊ simple carbohydrate ကိုတတ်နိုင်သလောက်နည်းအောင်လုပ်ပါ ၊ အဆီကိုလျှော့တဲ့အခါမှာဆိုရင် ပြည့်ဝအဆီလျှော့ပါ။  ဒုတိယတစ်ခုကတော့ ဘာလဲဆိုတော့လေ့ကျင့်ခန်းပေါ့ နှစ်ပိုင်းရှိတယ် ၊တစ်ခုကဘာလဲဆိုတော့ Physical exercises လို့ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊ နောက် တစ်ခုကတော့ Physical activity  လို့ခေါ်တဲ့ နေ့စဉ်သွားလာလှုပ်ရှားခြင်းထဲမှာပါပါတယ်  ။ Physical exercises လို့ခေါ် တဲ့လေ့ကျင့်ခန်းဆိုတာ သတ်မှတ်ထားတဲ့ရည်ရွယ်ချက်ရှိတယ်၊ ဒီအချိန်မှာ ဒီလိုပုံစံနဲ့ ၊ ဒီလောက်ကြာအောင်လုပ်ပြီး ဒီလိုအကျိုးရအောင်ဆိုတဲ့သတ်မှတ်ချက်ရှိတဲ့ အတွက် ကြောင့် ဥပမာ မနက်အိပ်ယာထတယ် နာရီဝက် လေ့ကျင့်ခန်းခပ်သွက်သွက်် ခြေလှမ်း ၆၀၀၀ ရအောင်ပြေးမယ် ၊ အိမ်မှာလှေခါးတွေတက်လိုက် ထိုင်လိုက် ခဏတစ်ဖြုတ် သွားလိုက် လူတိုင်းလူတိုင်းတစ်နေ့လုံး လုပ်ရှားနေတာပါပဲဆိုတာနဲ့ အားရမနေဘဲနဲ့ ကျေနပ်မနေဘဲနဲ့ ကျွန်တော်တို့သတ်မှတ် ထားတဲ့ exercises ဆိုတာလုပ်စေချင်တယ်။ နောက် ဆုံးတတိယတစ်ချက်ဖြစ်တဲ့ ဆေးလိပ်ပေါ့၊  ဆေးလိပ်အန္တရယ် ကျွန်တော် မပြောတော့ပါဘူး ၊ နောက်တစ်ခုကတော့ အရက်ပါ အရက်ကကျန်းမာရေး အတွက် ကောင်းတယ် ၊တစ်ခွက် တစ်ဖလားချလိုက်ရအောင် ဆိုတာ တန်ဆေးလွန်ဘေးဆိုတာ အရက်အတွက် အင်မတန်မှန်တယ်ပေါ့နော်။ ဒါဟာကျွန်တော်တို့ဆေးလောကမှာ ဆရာဝန်ရဲ့ကျင့်ဝတ်ထဲမှာပါတယ် ။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုပြီးတော့ အရက် ကိုတော့ကျွန်တော် မသောက်ခိုင်းပါဘူး ၊သောက်ရင်လည်းပဲ တကယ့်ကိုထိန်းနိုင်သိမ်း နိုင်အောင်ကိုပဲ ကျွန်တော်တို့ အကြံပြုတယ်ပေါ့။ နောက်ဆုံးတစ်ခုကတော့ စိတ်ဖိစီးမှု ပေါ့နော် စိတ်ဖိစီးမှုကလည်းပဲ ကျွန်တော် တို့ဒီ Life style ထဲမှာကျန်းမာရေးညီညွတ်ပုံစံ ထဲမှာပါပါတယ်

မေး။ ။      ဆီးချိုဆေးတွေ စျေးကြီးပါတယ် ၊နိုင်ငံတော်အနေနဲ့ထောက်ပ့ံပေးရင်တော့ ကောင်းမယ်လို့ထင်ပါတယ် ။  အဲ့ဒါလေး ဆရာကြီးဘာများဖြည့်ပြောလို့ရနိုင်မလည်း ခင်ဗျား။

ဖြေ။ ။   သွေးတိုးကျတော့ တစ်ချက်လေးပြောချင်တာ ဘာလဲဆိုတော့ အငန်ဓာတ်က ပါနေတယ် ဆိုတော့ ဒီအငန်ဓာတ်က ဘယ်လောက်အရေးကြီးသလဲဆိုလို့ရှိရင် မြန်မာတွေကတော့ အငန်ကြိုက်တဲ့နေရာမှာ ငါးပိ ငါးခြောက် ငံပြာရည်တို့ပေါ့နော် ၊ လ္ဘက်စားငန်ငန်လေး အငန်သိပ်ကြိုက်တာပေါ့နော်၊ ဒါကကျွန်တော်တို့ လျှာပေါ်တင်လို့ ငန်တဲ့ အငန်တွေပေါ့ ၊လျှာပေါ်မတင်ဘဲနဲ့ ငန်သွားတဲ့ဟာတွေ အများကြီးရှိတယ် ၊ နမူနာပြောမယ်ဆိုရင် အခြောက်အခြမ်းတွေ အခြောက်အခြမ်းဆိုတော့ ငါးခြောက်ကို ပြောတာမဟုတ်ဘူး ဆတ်သားခြောက် ၊ ဝက်အူချောင်း အခြောက်တွေ အကုန်လုံးက တစ်ခု၊ အဲ့ဒီတော့ အငန်မကြိုက်ပါဘူး ဒီဟာတွေပဲစားနေတယ်ဆိုလည်း မရဘူး ၊   ကျန်းမာတဲ့ဆား ပမာဏ ဘယ်လောက်လိုလဲဆိုလို့ရှိရင် လ္ဘက်ရည်ဇွန်းလေး တစ်နေ့ကို တစ်ဇွန်းစာလောက်ပဲလိုတယ်၊ သွေးတိုးသမားအ တွက်ကျတော့ အငန်စားပြီးတော့ သွေးတက်တာဖြစ်တယ် ။ ဒါကြောင့်မို့လို့ ဆေးကိုသက်သာအောင်လုပ်ဖို့ဆိုတာ နိုင်ငံတော်မှာ တာဝန်ရှိသလိုပဲ ဆေးတွေသွင်းတဲ့လူ ၊ဆေးတွေထုတ်တဲ့လူတွေ တာဝန် ရှိသလိုပဲ ကုသတဲ့ဆရာဝန် တွေမှာလဲတာဝန်ရှိတယ် သုံးခုရှိတယ်။ နိုင်ငံတော်ကလည်း ကျွန်တော်ထင်ပါတယ်၊ နိုင်ငံတော်နဲ့ချီပြီးတော့စဉ်းစားတဲ့အတွက်ကြောင့်မို့လို့ အခက် အခဲတွေရှိမယ်လို့ ၊ ဒါတွေဖြေရှင်းမယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့မြန်မာ နိုင်ငံမှာ ဆီးချိုရောဂါ ပရော့ဂျက်ဆိုတာရှိတယ် အဲ့ဒီဟာကတော့ ကျွန်တော်တို့ဆေး တွေကို ဝေဖို့တို့ ဆီးချိုစောစောစီးစီးသိအောင်လို့ စစ်ဖို့တို့ ဆိုတဲ့စက်တွေ ကျွန်တော်တို့ ကြိုးစားပြီးတော့ နိုင်ငံအဖွဲ့စည်းတွေနဲ့ပေါင်းပြီးတော့ ကြိုးစားနေတာလည်း ကျွန်တော် သိတယ် ၊ဒါပေမယ့် ဒါကတော့ သူတို့ကြိုးစားနေပြီး ဘယ်အဆင့်ရောက်ပြီလဲဆိုတာ ကျွန်တော်မသိတဲ့အတွက်ကြောင့် ကျွန်တော်မပြောနိုင်ပါဘူး ကိုယ်ချင်းစာပါတယ်။   ကျွန်တော်ဘာပြောချင်တာလဲဆိုတဲ့အခါကျတော့ လူနာကတော့ ဆီးချိုရှိပြီ ကာကွယ်ပါ၊ အိမ်ကလူ ဆီချိုမရှိသေးဘူး ကာကွယ်ပါ၊ အခုနားထောင်နေတဲ့သူတွေဆီးချိုမရှိဘူး ကာကွယ်ပါ။ အဲ့ဒီလူနာရဲ့မိတ်ဆွေအပေါင်းသင်းတွေ ကာကွယ်ပါလို့ ပြောချင်ပါတယ်။     ။

Mizzima Weekly