အာရှအမျိုးသမီး ယူ၁၉ ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု (စ)နောက်ဆုံး ပွဲစဉ် အဖြစ် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့၊ ညနေ ၆ နာရီ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် မြန်မာအသင်းနှင့် အီရန်အသင်း နှင့်ပွဲစဉ်တွင် မြန်မာအသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဂိုးကွာခြားချက်အရ အုပ်စု ဒုတိယနေရာသာ ရခဲ့သည်။
အုပ်စု (စ) တွင် အီရန်၊မြန်မာ၊ လာအိုအသင်းတို့ ရမှတ် (၃)မှတ်စီရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာကို အီရန်၊ အုပ်စု ဒုတိယနေရာကို မြန်မာ၊ အဆင့် ၃နေရာတွင် လာအိုအသင်းတို့ အသီးသီးရပ်တည်ခဲ့ပြီး အီရန်အသင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
၂၀၂ဝခုနှစ်တွင် ကျင်းပမည့် အာရှအမျိုးသမီး ယူ ၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးအတွက် ယှဉ်ပြိုင်နေသည့် ခြေစစ်ပွဲ ပထမအေဆင့်တွင် အုပ်စု (၆)စု ပါဝင်ပြီး အုပ်စုပထမ အသင်း (၆)သင်းနှင့် အကာင်းဆုံး ဒုတိယနေရာမှ အသင်း ၂သင်းတို့ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်ရောက်နိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးအသင်းသည် အာရှယူ၁၉ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်ကို တိုက်ရိုက် မအောင်မြင်နိုင်ခဲ့သော်လည်း ဒုတိယအဆင့်သို့ အကောင်းဆုံး အုပ်စု ဒုတိယ အသင်း ၁ သင်းအနေဖြင့် တက်ရောက်သွားပြီဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုပြောကြားခဲ့သည်။