ဖောင်းပြင်မြို့တွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ဖိုး မူးယစ်ဆေးများ ဖမ်းဆီးရမိ

By မုံရွာ( CJ)
05 October 2018
ဖောင်းပြင်မြို့တွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ဖိုး မူးယစ်ဆေးများ ဖမ်းဆီးရမိ

အောက်တိုဘာ ၅ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် မန်သဲကျေးရွာအုပ်စု၊ အင်ဝိုင်းနဘဲကျေးရွာတွင် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ဖိုး ဘိန်းဖြူများ ဖမ်းဆီရမိခဲ့ကြောင်း ဖောင်းပြင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယင်းဖမ်းဆီးရမိမှုကို အောက်တိုဘာ ၅ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသတင်းအရ အင်ဝိုင်းနဲ ဘဲခုံကျေးရွာနေ ကျော်မောင်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ကျော်မောင်သည် အထုပ် ၃ ထုပ်ကို ပစ်ချ ထွက်ပြေးသဖြင့် နေအိပ်အနောက်ဖက်ရှိ လယ်စပ်တောတွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

အထုပ် ၃ ထုပ်အတွင်း၌ Love is Flower စာတန်းပါ ဆပ်ပြာခွက်များတွင် ဘိန်းဖြူမှုန့် အလေးချိန် အသီးသီးပါ ဆပ်ပြာခွက်(၂၁၄)ခွက် စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန် (၂၁၃၁) ဂရမ်ခန့် ရှိပြီး ငွေစက္ကူရောရာ သိန်း (၁၂၀)ကို သိမ်းဆည်းရမိသည်။

အဆိုပါ မူးယစ်ဆေးဝါးများ သိန်းပေါင်း(၂၀၀၀)ကျော်တန်ဖိုး လက်ဝယ်တွေ့ရှိသူအား ဖောင်းပြင်မြို့မ ရဲစခန်းတွင် မယ(ပ)၈၂/၂၀၁၈၊မူးစိတ်ပုဒ်မ - ၁၉ (က)/ ၂၀ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

       

 

Mizzima Weekly