ဘင်္ဂါလီဒုက္ခသည် မိသားစု တစ်စု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်ဝင်ရောက်လာ

By Mizzima/AFP
13 October 2018
ဘင်္ဂါလီဒုက္ခသည် မိသားစု တစ်စု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်ဝင်ရောက်လာ
Rohingya refugees return to their makeshift tents during rain at the Balukhali camp, Ukhiya, Coxsbazar, Bangladesh. Photo: Abir Abdullah/EPA

အောက်တိုဘာ ၁၃ ။         ။ ဘင်္ဂါလီဒုက္ခသည်များ နေရာပြန်လည်ချထားပေးရေး သဘောတူညီမှု ရပ်တန့်နေချိန်မှာ ရှားရှားပါးပါးအဖြစ် အောက်တိုဘာ ၁၁ ရက်၌ ဘင်္ဂါလီဒုက္ခသည် မိသားစုဝင် ငါးဦး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ  ၇၂၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် အိမ်များကို မီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းဒုက္ခသည်များက ပြောဆိုခဲ့ကြသော်လည်း မြန်မာဘက်မှ ငြင်းဆိုထားသည်။

မြန်မာစစ်တပ်အကြီးတန်းတာဝန်ရှိသူများကို တရားစွဲဆိုသင့်ကြောင့် ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ပြောသော်လည်း မြန်မာနိုင်ငံက ပယ်ချထားပြီး ထိုအချိန်က အကြမ်းဖက်မှုများကို ခုခံကာကွယ်ခြင်းသာ ဖြစ်သည်ဟု  အလေးအနက်ထား တုံ့ပြန်ထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသည် အဆိုပါ ဘင်္ဂါလီဒုက္ခသည်များက ပြန်လည်ခေါ်ယူရေးကို သဘောတူ လက်မှတ်ရေးထိုးထားသော်လည်း နိုင်ငံသားဖြစ်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လွတ်လပ်စွာသွားလာခွင့် စသော အခွင့်အရေးမှားအတွက် အာမခံချက် မရှိခြင်းကြောင့် အများစုမှာ ပြန်ဝင်လာရေးကို စိုးရိမ်ကြောက်ရွံ့နေကြသည်ဟု ၎င်းတို့ဘက်မှ သိရသည်။

ပြီးခဲ့သည့် လများအတွင်း နေရပ်စွန့်ခွာသူ ဘင်္ဂါလီဒုက္ခသည်ပေါင်း ၁၀၀ ကျော်ထက်မနည်း ပြန်လည် ရောက်ရှိလာကြောင်း မြန်မာအာဏာပိုင်များက ပြောသော်လည်း လူ့အခွင့်အရေးအုပ်စုများက ၎င်းတို့မှာ ကိုယ်ပိုင်ဆန္ဒအလျှောက် ပြန်လာကြခြင်း ဟုတ်မဟုတ် မေးခွန်းထုတ်လျက် ရှိနေသည်။

 

Mizzima Weekly