မြိုင်ကြီးငူဆရာတော်၏ ရုပ်ကလာပ်တော်အား ၄၅ ရက်ကြာ အပူဇော်ခံထားရှိမည်

မြိုင်ကြီးငူဆရာတော်၏ ရုပ်ကလာပ်တော်အား ၄၅ ရက်ကြာ အပူဇော်ခံထားရှိမည်

မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်တော်အား  မြိုင်ကြီးငူ အောင်​င်္ဂလာ ၂ ထပ်​​ကျောင်​း​ဆောင်​ပေါ်ရှိ အ​အေးတိုက်​စံ​ကျောင်​းမှန်​​ခေါင်​းတွင်​ သွင်​းပြီး ၄၅ ရက်ကြာ အပူဇော်ခံထားရှိသွားမည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်တွင် ဘန်ကောက်မြို့ မှ မြိုင်ကြီးငူဒေသသို့ မဲဆောက်-မြဝတီမြို့မှတဆင့် ပြန်လည်ပင့်ဆောင်လာခဲ့ကြခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်၊ ည ၈နာရီ ၅၀ မိနစ်အချိန်တွင် အအေးတိုက်စံကျောင်းမှန်ခေါင်းသွင်းခဲ့ခြင်း ဖြစ်သည်။

မြိုင်​ကြီးငူဆရာ​တော်​ကြီး၏ ကြွင်​းကျန်​​သောရုပ်​ကလာပ်​​တော်​အား အန္တိမအဂ္ဂိစျာပနသာဓုကီပူဇာသဘင်​ပွဲကို ​ ၄၅ ရက်​အကြာ နိုဝင်ဘာလ ၂၇ ရက်တွင် စည်ကားသိုက်​မြိုက်​စွာ ကျင်​းပ​ပြုလုပ်​သွားမည်​ဟု သိရသည်။

မြိုင်ကြီးငူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့Bumrungrad ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာ ၁၃ ရက်၊တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ရုပ်ကလာပ်တော်အား ပြန်လည်ပင့်ဆောင်လာရာ ယနေ့ ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲ့သွား ကားလမ်းလေယာဉ်ကွင်းရှေ့သို့ ညနေ ၆ နာရီ ၅ မိနစ်အချိန်ရောက်ရှိပြီး အများပြည်သူလာရောက် အပူဇော်ခံ ဖူးမျှော်နိုင်ရန်အတွက် ခေတ္တခဏ အပူဇော်ခံခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် ၊ဒုဥက္ကဋ္ဌ နန်းသူဇာဝင်း ၊နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး ၊ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီရဲမှူးကြီးတင်ဦး၊ ပြည်နယ်သာသနာရေးဦးစီးမှူး ဦးအောင်ကြည် ၊ပြည်နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်ထွေး ၊ ပြည်နယ်လျှပ်စစ်ညွန်ကြားရေးမှူး ဦးသိန်းဆွေ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများထောင်နှင့်ချီ၍ လာရောက်ဖူးမျှော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆရာတော်၏ ရုပ်ကလာပ်တော်အား အပူဇော်ခံပြီးနောက် ညနေ ၆ နာရီအချိန်ဆက်လက်ထွက်ခွာခဲ့ရာ ညနေ ၇ နာရီ မိနစ် ၄ဝချိန် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာသို့လည်းကောင်း ၊ ၇ နာရီ ၅၀ မိနစ်အချိန် ကမ်းနီးကျေးရွာသို့လည်းကောင်း ဖြတ်သန်းအပူဇော်ခံ၍ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် မြိုင်ကြီးငူသို့ရောက်ရှိပြီး အေးလင်းသာယာကျောက်စာကွင်းနှင့်မြိုင်ကြီးငူဒေသအား လှည့်လည်ခဲ့သည်။

မြိုင်ကြီးငူဆရာတော်ကြီးသည် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်သတင်းသုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်တွင် အထင်ကရ ဆရာတော်ကြီးတစ်ပါးလည်းဖြစ်သည်။

 

Mizzima Weekly