မန်ယူကို ကျော်ဖြတ်ပြီး ဝင်ငွေ ပေါင် ၆၅၉ သန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာတဲ့ ရီးယဲလ်မက်ဒရစ်

မန်ယူကို ကျော်ဖြတ်ပြီး ဝင်ငွေ ပေါင် ၆၅၉ သန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာတဲ့ ရီးယဲလ်မက်ဒရစ်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူအသင်းနဲ့ ပြိုင်ဘက် ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းဖြစ်လာတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီး စုစုပေါင်း ဖလား ၁၃ ထိ ပိုင်ဆိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ၂၀၁၇-၁၈ ရာသီအတွင်း စံချိန်တင် ဝင်ငွေ ပေါင် ၆၅၉ သန်း ရရှိခဲ့ပြီး မနှစ်ကထက် ပေါင်သန်း ၆၀ ပိုမြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်အသင်းရဲ့ နောက်ဆုံးထုတ်ဖြတ်ခဲ့တဲ့ ဝင်ငွေမှာ ပေါင် ၅၉၀ သန်းသာရှိခဲ့တာကြောင့် ရီးယဲလ်အသင်းက အိုးထရက်ဖို့ဒ်ကလပ်ကို ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြ မော်ရင်ဟိုလက်ထက် ကွင်းတွင်း ရလဒ်ဆိုးများကြောင့် ဝင်ငွေကျဆင်းခဲ့ရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းကလည်း ဝင်ငွေ ပေါင် ၆၀၂ သန်းနဲ့ မန်ယူအသင်းအထက် ဒုတိယအချမ်းသာဆုံးအသင်း နေရာကို ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ယူအသင်းအနေဖြင့် စပိန်အသင်းကြီး နှစ်သင်းအောက်မှာ ရပ်တည်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အသင်းတွေရဲ့ အထက်မှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

တခြား ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့မှာ ၂၀၁၇-၁၈ ရာသီ ဘဏ္ဍာရေးရှင်းတမ်းတွေကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ၂၀၁၇-၁၈ ရာသီ ၎င်းတို့ရဲ့ ဝင်ငွေကို အစောပိုင်းက ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ ဝင်ငွေ ပေါင် ၄၆၃ သန်းမှ စံချိန်တင် ပေါင် ၅၀၁ သန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Ref; The Sun

 

Mizzima Weekly