သီတင်းကျွတ်ပိတ်ရက်ကို ဘယ်လိုဖြတ်သန်းမလဲ

13 September 2018
သီတင်းကျွတ်ပိတ်ရက်ကို ဘယ်လိုဖြတ်သန်းမလဲ

ပိတ်ရက်ရှည်တွေမှာ ခရီးသွားရင်းအပန်းဖြေအနားယူတာဟာ အကောင်းဆုံးဖြတ်သန်းခြင်းတစ်ခုပါပဲ။ သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ကန်တော့ပြီးရလာတဲ့ မုန့်ဖိုးလေးတွေစုပြီး အိမ်နီးချင်းဖြစ်တဲ့ဘန်ကောက်မြို့လေးကို သွားရောက်လည်ပတ်ဖို့ တိုက်တွန်းပါရစေ။ ဒီဆောင်းပါးလေးမှာတော့ ဘန်ကောက်ရဲ့ သွားရောက်လည်ပတ်သင့်တဲ့ စိတ်ဝင်စားစရာနေရာအချို့အကြောင်းကို လေ့လာနိုင်ရန် ရေးသားဖော်ပြလိုက်ပါတယ်။

ဘန်ကောက်ကို သွားကြမယ်

ဘန်ကောက်ကို ရန်ကုန်/မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ဒွန်မောင်း/သုဝဏ္ဏဘူမိ လေဆိပ်အထိ လေကြောင်းလိုင်းမျိုးစုံဖြင့် ပြေးဆွဲပေးနေပါတယ်။ ဘတ်ဂျတ်နဲ့ ခရီးသွားလာသူများအတွက် ဝန်ဆောင်မှုလည်းကောင်းမယ်.. ခရီးစဉ်တစ်လျှောက်လုံး လုံခြုံစိတ်ချရမယ့် အဲအေးရှားလေကြောင်းလိုင်းကိုရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲအေးရှားလေကြောင်းလတ်မှတ်များကို အွန်လိုင်းမှကြိုတင်ဝယ်ယူခြင်းဖြင့်လည်း အထူးစျေးနှုန်းများဖြင့် ရရှိနိုင်ပါသေးတယ်။

စျေးဝယ်ထွက်မယ်

ဘန်ကောက်ဟာ ပြည်တွင်းဖြစ် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းနဲ့ အစားအသောက်များစွာကို စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်သည့်အပြင် နိုင်ငံခြားတံဆိပ်ပေါင်းများစွာကိုလည်း စျေးဝယ်စင်တာတော်တော်များများမှာ အလွယ်တကူဝယ်ယူလို့ ကောင်းတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ စျေးနှင့်ကုန်တိုက်တွေ အများကြီးရှိတဲ့ထဲကမှ ဘန်ကောက်မြို့ထဲနဲ့ သိပ်မဝေးလှတဲ့ ရေပေါ်စျေးလို့ နာမည်တွင်တဲ့ ဘန်နမ်ဖျင် (Bang Namphung Floating Market) အမည်ရှိစျေးလေးမှာတော့ ထိုင်းရိုးရာအစားအစာတွေ၊ လက်မှုပစ္စည်းလေးတွေနဲ့ အခြားစိတ်ဝင်စားစရာပစ္စည်းများကို လည်ပတ်လေ့လာရင်း ဝယ်ယူနိုင်ပါတယ်။ နောက်ထပ်စျေးဝယ်လို့ကောင်းတဲ့နေရာလေးကတော့ ချတူချပ် (Chatuchak Market) ဆိုတဲ့ ရုံးပိတ်ရက်နဲ့အခြားနေ့ထူးနေ့ရက်တွေမှာဖွင့်တဲ့စျေးကို သွားရောက်လည်ပတ်ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။ ဝယ်ယူချင်စရာ ပြည်တွင်းဖြစ် ဖက်ရှင်ဒီဇိုင်းမျိုးစုံ၊ အသုံးအဆောင်မျိုးစုံကို အခြားစျေးများထက် စျေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်ပြီး စျေးဝယ်ဝါသနာပါသူတွေအတွက်တော့ အချိန်တစ်ရက်(သို့မဟုတ်) နေ့တစ်ဝက်လောက်အချိန်ပေးပြီး လည်ပတ်သင့်ပါတယ်။

ဘန်ကောက်မြို့ပြရဲ့သီးခြားကမ္ဘာလေး (သို့မဟုတ်) Asiatique

Asiatique ဟာ ကျွန်းငယ်လေးသဖွယ်တည်ရှိနေပြီး ထိုကျွန်းလေးပေါ်မှာမှ ထိုင်းရိုးရာရုပ်သေးဇာတ်ရုံ၊ နာမည်ကြီးထိုင်းလက်ဝှေ့ မွေထိုင်းရဲ့ အပတ်စဉ်ယှဉ်ပြိုင်ပွဲများကျင်းပတဲ့ လက်ဝှေ့ရုံ၊ စျေးဆိုင်ခန်းများ၊ အစားအသောက်တန်းများအပြင် ကစားကွင်းပါပူးတွဲပါရှိတဲ့ တကယ့်ကိုပျော်ရွင်စရာများလှတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ကောက်တစ်မြို့လုံးရဲ့အလှကို (Asiatique Sky) ချားရဟတ်ကြီးပေါ်ကနေ ကြည့်ရှုခံစားနိုင်မယ့်အစီအစဉ်များလည်း Asiatique မှာရှိလို့နေပါတယ်။ ခရီးသွားရင်း အနားယူအပန်းဖြေမယ် မြို့ပြရဲ့ထူထပ်လှတဲ့ လူတွေကြားထဲစျေးတွေပတ်၊ လျောက်လည်လို့ ဝရင်တော့ စိတ်ရောလူရောအပန်းဖြေဖို့နေရာလေးတစ်နေရာ ထပ်ညွန်းပေးချင်ပါတယ်။ ခွန်ဘန်ကချောင် (Khung Bang Kachao : Bangkok’s Green Lung) လို့ခေါ်တဲ့ ဘန်ကောက်ရဲ့အစိမ်းရောင်နေမြေ ပန်းခြံပဲဖြစ်ပါတယ်။ အစိမ်းရောင်နေမြေဆိုတဲ့အတိုင်း ပန်းခြံထဲရောက်သွားပြီဆိုရင် စိမ်းစိုအုံ့ဆိုင်းနေတဲ့ သစ်ပင်အရိပ်တွေကြောင့် အေးချမ်းမှုနှင့်ငြိမ်းချမ်းမှုကို ခံစားရမှာအမှန်ပါပဲ။ ပန်းခြံကြီးထဲမှာ လှုပ်ရှားမှုအနေနဲ့ စက်ဘီးလေးစီးရင်း ခရီးတစ်ထောက်နား ရေကန်လေးတွေမှာ ငါးစာကျွေးလို့ ရပါသေးတယ်။ နောက်ထပ် ဘန်ကောက်ရဲ့ အထင်ကရအရာကတော့ အနှိပ်လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်သွေးကြောလည်ပတ်မှုနှင့် အာရုံကြောတွေအတွက် ဘန်ကောက်ရောက်ပြီဆိုရင်တော့ မဖြစ်မနေ အနှိပ်ခံရင်းအနားယူသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

ဘန်ကောက်မှာလည်ပတ်ဖို့ ဘာကိုရွေးချယ်ပြီး သွားမလဲ

ဘန်ကောက်မြို့ပေါ်မှာ လည်ပတ်ဖို့ဆိုရင်တော့ BTS လို့ခေါ်တဲ့ မြို့ပတ်ရထား၊ မြေအောက်ရထား (MRT)၊ ဘန်ကောက်ရဲ့အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ Tuk Tuks သုံးဘီးကား၊ taxi စသဖြင့် ရွေးချယ်စရာများတဲ့အထဲမှ စျေးလည်းသက်သာ အချိန်လည်းမြန် လိုရာလည်းရောက်မယ့် BTS ကိုစီးပြီးလည်ဖို့ ညွှန်းချင်ပါတယ်။ ရက်တိုခရီးသွားတွေအတွက် BTS One Day Pass ကဒ်လေးတွေကို အဲအေးရှား လေကြောင်းလိုင်းပေါ်မှာ တစ်ခါတည်း ကြိုတင်ဝယ်ယူသွားနိုင်ပါတယ်။

ပျော်ရွင်စရာပိတ်ရက်လေးတွေဖြတ်သန်းနိုင်ပါစေ...

Mizzima Weekly