NSCN-K အတွင်းက အာဏာလွန်ဆွဲပွဲ

NSCN-K အတွင်းက အာဏာလွန်ဆွဲပွဲ

နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NCSN-K အတွင်း အာဏာလွန်ဆွဲမှုတစ်ရပ် ရှိနေခြင်းက လက်ရှိမှာ အချိန်အတိုင်းအတာတစ်ခုအထိ ယင်းအပေါ် အတိဒုက္ခရောက်စေလျက်ရှိသည်။ နာဂ တိုင်းရင်းသားတို့သည်လည်း လက်ရှိအချိန်ထိ အာဏာ နိုင်ငံရေး၊ self preservation (မိမိ ရှင်သန်မှုအတွက် ကြိုးပမ်းခြင်း) ၊ exclusiveness (အထူးသီးသန့်ဖြစ်ခြင်း) တို့နှင့်ပတ်သက်၍ အုပ်စု နှစ်ခြမ်း ကွဲသည့် အခြေအနေတစ်ရပ်နှင့် ဆက်လက်ရင်ဆိုင်နေရလျက်ရှိဆဲ ဖြစ်သည်။ အရှေ့ပိုင်း နာဂ (Eastern Naga) များမှာလည်း Naga Heartland (Nagaland) နာဂလန်း နဲ့အကြား ကာလကြာ ဝေးကွာနေခဲ့ပြီး နာဂ ပြည်သူများနှင့်အကြား အဆက်အသွယ်ပြတ်တောက်နေခဲ့သည်။ Pangmei သို့မဟုတ် Konyaks သို့မဟုတ် Semas နှင့် ပေါင်းစည်းမည် ဆိုသည့် စကားသံများကို Khaplang အနေဖြင့်လည်း ဘယ်တုန်းကမှ ထုတ်ဖော်ခွင့်ပြုထားခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် အရှေ့ပိုင်း နာဂများ စိုးမိုးထားသည့် ပါတီ အရေးပေါ်အစည်းအဝေးကနေ တစ်ညီတစ်ညွတ်တည်း ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ဟုဆိုပြီး ဦးယုံးအောင် Yung Aung ကို ဥက္ကဌ တင်မြှောက်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် NSCN(K) တွင် အိန္ဒိယ နာဂ များအနေဖြင့် ဘေးဖယ်ခံထားရသည့် အုပ်စုတစ်ခုသာ ဖြစ်နေကြောင်း ပြသနေလျက်ရှိသည်။

ယင်းသည် လက်ရှိ မြန်မာစစ်တပ်နှင့် NSCN(K) အကြား ရှိနေသည့် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် Khango ကို စွပ်စွဲပြစ်တင်လိုက်သည့် အစီအစဉ်ကျသော မဟာဗျူဟာကျ အရွေ့တစ်ခုဖြစ်သည်ဟု ခန့်မှန်းရသည်။ သို့သော် ကြုံတွေ့နေသည့် ဖိအားများက မြန်မာ့စစ်တပ်ဘက်က အပြည့်အဝအတိုင်းအတာဖြင့် စစ်ဆင်ရေး ဆင်နွှဲရန် အသင့်ဖြစ်နေခြင်းကြောင့်လား သို့မဟုတ် NCA လက်မှတ်ထိုးရန် မြန်မာအစိုးရဘက်က deadline သတ်မှတ်လိုက်ခြင်းလား ဆိုသည်ကတော့ ရှင်းရှင်းလင်းလင်း မသိရပေ။ အရှေ့ပိုင်း ဒေသ (Taga) အခြေစိုက်သည့် ခေါင်းဆောင်များကတော့ NSCN(K) နှင့် စစ်ကိုင်းအကြား အပစ်ရပ်စဲမှုကနေတဆင့် ကြီးမားသည့် ဖွံ့ဖြိုးရေးပရောဂျက်များ ပုံစံဖြင့် ငွေကြေး အကျိုးကျေးဇူးများ ရရှိနေချိန် တစ်ဘက်မှာတော့ အနောက်ပိုင်းဒေသ (Konyak) ကတော့ အပစ်ရပ်ခြင်း၏ အကျိုးကျေးဇူးတွေကို ရရှိနေခြင်း မရှိကြောင်း အတွင်းစကားများ ရှိနေသည်ဟု သိရသည်။ NSCN-K အဖွဲ့ဝင်များ (မြန်မာ နာဂများ) ကတော့ မြန်မာအစိုးရနဲ့အကြား အပစ်ရပ်သဘောတူညီချက်ကို ၎င်းတို့တတ်နိုင်သလောက် ဆက်ရှိနေစေချင်လျက်ရှိသည်။

NSCN-K GHQ ကမ့်စခန်းများ စစ်တပ် တပ်ဖွဲ့ဝင်များကြောင့် မီးရှို့ပြာကျသွားခဲ့ချိန်မှာတောင်မှ GHQ တပ်သားများမှာ GHQ အခြေစိုက် အဆင့်မြင့် NSCN-K အာဏာပိုင်များထံမှ ညွှန်ကြားချက်မရခြင်းကြောင့် ပြန်လက်တုန့်ပြန်နိုင်ခြင်း မရှိပေ။ ယင်းအစား နောက်ပိုင်း Khango က ၎င်းတပ်သားများ၏ အတိဒုက္ခကို တုန့်ပြန်ပြီး ပြန်လက်တုန့်ပြန်ရန် အမိန့်များ ပေးခဲ့တာတောင်မှ Taga အခြေစိုက် အဆင့်မြင့် တာဝန်ရှိသူများ (မြန်မာ နာဂ) တို့က တစ်ခြားနည်းနှင့် ပြောင်းလဲ ကြည့်ရှုခဲ့ကြသည်။ ယင်းအချိန်က ဥက္ကဌ ဖြစ်သူ၏ အမိန့်ညွှန်ကြားချက်များကို ဖီဆန်ရန် ညွန်ကြားချက်များကို C-inC ဖြစ်သည့် Khumchuk Pangmi က လက်ဆင့်ကမ်း ဖြန့်ဝေခဲ့သည်။ နေ့စဉ် အသုံးအဆောင်များ ကုန်ခန်းလာသည့်အပြင် ဘာကိုမှ မလုပ်ရခြင်းအတွက် စိတ်ဓာတ်ကျနေသည့် တပ်သားများက NSCN(NK) နှင့် ပူးပေါင်းရန် သို့မဟုတ် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသည့် အခြားသော နာဂ အဖွဲ့ခွဲများနှင့် ပူးပေါင်းရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် အဆင့်မြင့်တာဝန်ရှိသူများကတော့ NCA အတွက် တွေ့ဆုံရေးအတွက်အပေါ်တွင်သာ ပိုမို အရေးထားနေခဲ့ကြသည်။

ယင်းအပြင် ယခုလက်ရှိ ယာယီ ဥက္ကဌ ဦးယုံးအောင်မှာ Kywan Sein (Kilonser Chowangsing) ၏ ဆွေမျိုးနီးစပ် သူဖြစ်ပြီး Kywan Sein မှာလည်း အခြေခံအဆောက်အအုံ၊ ကျောက်စိမ်း၊ ရွှေ တူးဖော်ရေး ပရောဂျက်များတွင် ရင်းနှီးမြုှပ်နှံမှုများ ရှိပြီး ၎င်း၏ စီးပွားရေး ပါ့တနာအများစုမှာလည်း မြန်မာ့စစ်တပ် အဆင့်မြင့်အရာရှိဟောင်းများဖြစ်ကြသည်ဟု အဆိုရှိကြသည်။ အတွင်းစကားများအရ ၎င်းသည် အဆင့်မြင့် အရာရှိတွေအကြား သဘောထား မတိုက်ဆိုင်မှုများ ကြီးထွားနေချိန် ခေါင်းဆောင်မှုပိုင်း အပြောင်းအလဲ ဖြစ်အောင် ကြိုးပမ်းသည့် အဖွဲ့ကို ဦးဆောင်ခဲ့သည်ဟုပင် ဆိုကြသည်။ ယင်းအပြင် ၎င်းသည် NSCN (K) ၏ ဥက္ကဌ ရာထူးကိုပင် မျှော်မှန်းထားသည်ဟု ဆိုသည်။ ၎င်းသည် Khango Konyak ၏ အရည်အချင်းမပြည့်မီသည့်အကြောင်း ထုတ်ဖော်ထားခဲ့သူလည်း ဖြစ်သည်။ ဖြစ်နိုင်စရာ အကောင်းဆုံးအချက်က NCA နှင့်ပတ်သက်၍ နားလည်မှု တစ်ချို့ ရှိနေနိုင်ခြင်း ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာ နှစ်ဘက်စလုံးရှိ ဧရိယာများကို ပေါင်းစည်းလိုက်ပြီး အချုပ်အချာအာဏာပိုင် နာဂ homeland (၎င်းတို့အခေါ် Ngalim) ထူထောင်ရေး အုပ်စုအဖွဲ့ (NSCN-K) ၏ တောင်းဆိုချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းနေသည့် မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်များနဲ့အကြား ကွဲထွက်နေလျက်ရှိခြင်းကြောင့်  အိန္ဒိယ နာဂများအနေဖြင့် အခက်အခဲတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ယင်းအတူ အနောက်ဘက် နာဂ များကို ဖယ်ထုတ်ပြီး အိန္ဒိယနှင့် အချိတ်အဆက်ကင်းလွတ်သည့် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစ်ခု ဖြစ်လာစေရန် ဆိုသည့် NCA ၏ သတ်မှတ်ချက်အချို့ကို ဖြည့်ဆည်းရန် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့ ဆိုပါက ယင်းသည် နာဂ spirit ကို ပျက်ပြားစေရန် ခြိမ်းခြောက်နေသလို Nagalim ၏ ရည်ရွယ်ချက်ကို တားဆီးနိုင်ပြီး နာဂတို့၏ အတူယှဉ်တွဲဆက်နွယ်နေသည့် အနာဂတ်ကို ဘေးသင့်စေမည်ဖြစ်သည်။ အနောက်ပိုင်းနှင့် အရှေ့ပိုင်း နာဂတို့အကြား အုပ်စုကွဲမှုက ပိုမို ရှင်းရှင်းလင်းလင်း မြင်လာရပုံရသည်။

NSCN-K အနေဖြင့် NCA ကို လက်မှတ်ထိုးပါက နာဂများအကြား သဘောကွဲလွဲများ ရှိလာနိုင်ကြောင်း Deputy C-in-C ဖြစ်သည့် Niki Sumi က ယခင်ကတည်းက ပြောထားသည်။ သို့ဖြစ်၍ ရန်ကုန်တွင် နေသော နာဂ များအနေဖြင့် မန္တလေးတွင် နေသော နာဂများနှင့်အကြား မတူညီကွဲပြားနိုင်သလို အနောက် နာဂများ ( Nagaland state ဖြစ်ကောင်းဖြစ်နိုင်) သည်လည်း အရှေ့ နာဂ ( MNHs) များနှင့် မတူညီကွဲပြားနေကောင်းနေနိုင်သည်။ တစ်ချိန်တည်းမှာပင် NSCN-K အနေဖြင့်လည်း အဆိုပြုထားသည့် Nagalim ၏ တောင်ဘက်ပိုင်းကို မဏိပူရ် သို့လည်းကောင်း၊ အရှေ့ဘက် အပိုင်းအချို့ကို ကချင်နှင့် ရှမ်းသို့လည်းကောင်း လက်လွှတ်ရနိုင်သည်။  Nagalim ၏ အပိုင်းတစ်ချို့မှာ Arunachai Pradesh သို့ ပေးအပ်ရမည်ဖြစ်သဖြင့် အဆိုပြုထားသည့် Nagalim မှာ လက်ရှိ Naga State သာ ကျန်နေရစ်တော့မည်ဖြစ်သည်။ ဖြစ်နိုင်ခြေ အရှိဆုံးက Niki Sumi ၏ ရည်မှန်းချက်သည်လည်း Khango ကို NSCN(K) ၏ ဥက္ကဌ ရာထူး ခန့်အပ်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည့် Tangsa ခေါင်းဆောင်မှုပိုင်း စိတ်တူကိုယ်တူ အုပ်စုနှင့် အတွေ့တွင် ပျက်ပြားသွားဖွယ် ရှိနေသည်။

လက်ရှိ အုပ်စုတွင်း ဝရုန်းသုန်းကား အခြေအနေများ ရှိထားခဲ့ပြီးနောက် နံရံများကို ပိုမို နီးကပ်အောင် ဆွဲပြီး ဆုံးဖြတ်ချက်များကိုလည်း အရှေ့ခြမ်း ခေါင်းဆောင်များနှင့် အနောက်ပိုင်း နာဂများက ၎င်းတို့၏ သက်ဆိုင်ရာ ဒေသများအတွက် ချမှတ်ကြရမည်ဖြစ်သည်။  ယင်းမှာသာ နောက်ထပ် ပြိုကွဲမှုများကို ရှောင်နိုင်မည်ဖြစ်သည်။ မြန်မာ နာဂများအနေဖြင့် တန်းတူညီမျှ ရှိမှုကို အစီအစဉ်ဆွဲရန် ကြိုးပမ်းနေသော်လည်း အထက်တန်းအလွှာများတွင် အိန္ဒိယ နာဂများ၏ ကိုယ်စားပြုမှုက အဖွဲ့အတွက် ၎င်းတို့ ရှာဖွေသည့် ဝင်ငွေများနှင့် အချိုးကျနေခြင်း မရှိပေ။ Eastern Nagaland People's Organization ကတော့ ဝန်ကြီးချုပ်ထံ စာလွှာတစ်စောင် တင်ထားပြီး NSCN-K အပေါ် ပိတ်ပင်ချက်ကို ရုတ်သိမ်းရန် တိုက်တွန်းထားကာ နာဂ အခြေချ ဧရိယာများတွင် နေထိုင်သူများမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ထားသည်။ အိန္ဒိယ နာဂများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကို လျှောက်ရမည့်အချိန် ကျနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly