ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ တွေ့ဆုံစဉ် သတင်းထောက်တွေကို အနီကဒ်ပြသွားတဲ့ ထရန့်

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ တွေ့ဆုံစဉ် သတင်းထောက်တွေကို အနီကဒ်ပြသွားတဲ့ ထရန့်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌဖြစ်သူ ဂီယာနီ အင်ဖန်တီနိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဆွေနွေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံတွေ ပူးတွဲပြီး အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်တာကြောင့် ဒီပြိုင်ပွဲအတွက် အင်ဖန်တီနိုနဲ့ ထရန့်တို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အခုလိုတွေ့ဆုံစဉ်အတွင်း ဖီဖာဥက္ကဋ္ဌက သမ္မတထရန့်ကို အဝါကဒ်နဲ့ အနီကဒ်တစ်စုံကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ထရန့်က ဟာသအဖြစ် သတင်းထောက်များကို အနီကဒ်ပြသသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်ဖန်တီနိုဟာ သမ္မတထရန့်ကို ထရန့်အမည်ပါ ကျောနံပါတ် ၂၆ အမှတ်တရ ဂျာစီကို လက်ဆောင်ပေးခဲ့သေးပါတယ်။

အင်ဖန်တီနိုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ သမိုင်းမှာ အခမ်းနားဆုံး ပြိုင်ပွဲဖြစ်လာဖို့ ရှိတယ်လို့ မျှောင်လင့်ကြောင်း ပြောပါတယ်။

သမ္မတ ထရန့်ကလည်း အင်ဖန်တီနိုဟာ ဖီဖာဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး အလွန်လေးစားရသူတစ်ဦးဖြစ်ပြီး ဒီနေရာမှာ အတူရှိပေးတဲ့အတွက် သူ့ကို ကျေးဇူးတင်ပါရစေလို့ ပြောပါတယ်။

ဒါ့အပြင် ထရန့်က ၎င်းအနေနဲ့ ၂၀၂၆ ခုနှစ်အထိ သမ္မတအဖြစ် လက်ရှိနေရာမှာဘဲ ဆက်လက်ရှိနေဖို့ မသေချာကြောင်း၊ ဒါပေမယ့် အလွန်အင်မတန်မှ အရေးပါလှတဲ့ ဒီပြိုင်ပွဲကို ကျင်းပခွင့်ရလို့ အလွန်ဝမ်းမြောက်ပါတယ်လို့ ပြောဆိုသွားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန် ၃၂ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပမယ့်အစား ဖီဖာရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။

Ref; Sky Sports, The Indian Express