အီတလီ တံတားကျိုးကျမှု CCTV မှတ်တမ်းဗီဒီယို ထွက်ပေါ်

အီတလီ တံတားကျိုးကျမှု CCTV မှတ်တမ်းဗီဒီယို ထွက်ပေါ်

သြဂုတ် ၂၁ ။           ။ အီတလီနိုင်ငံရဲ့ အဆိုးရွားဆုံး မတော်တဆမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ ဂျီနိုအာမြို့ တံတားကျိုးကျမှုဖြစ်စဉ် CCTV မှတ်တမ်းဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ တံတားကျိုးကျမှု ဖြစ်စဉ်ကြောင့် ယမန်နေ့ သြဂုတ် ၂၀ ရက်အထိ သေဆုံးသူဦးရေ ၄၃ ဦးထိ မြင့်တက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

တံတားပြိုကျအပြီး နေ့စဉ်ရက်ဆက် လုပ်ဆောင်နေခဲ့တဲ့ ရှာဖွေရှင်းလင်းမှုတွေရဲ့ နောက်ဆုံးနေ့မှာ အုတ်ပုံ အပိုင်းအပျက်အစီးတွေအောက်မှာ ပိမိနေတဲ့ ကားတစ်စီးထဲကနေ မိသားစု သုံးဦးတို့ရဲ့ ရုပ်အလောင်းကို ထပ်မံ ရှာတွေ့ခဲ့ပြီးနောက် ယခုလို သေဆုံးသူဦးရေ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ကတော့ အီတလီ အစိုးရသစ်အနေနဲ့ တံတားစီမံခန့်ခွဲသူ ကုမ္ပဏီအပေါ် ပြစ်တင်ထိုးနှက်တိုက်ခိုက်လျက်ရှိပါတယ်။

ဒါ့အပြင် ယင်းဘေးအန္တရာယ်ဆိုးအပေါ် ပြည်သူအများ ဒေါသူပုန်ထခဲ့ကြသလို နိုင်ငံရဲ့ အခြေခံအဆောက်အအုံ အခြေအနေတွေအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။

Mizzima Weekly