အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၂၀ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၂၀ )

 

 

၈။ မြေခွန် (Land Tax)

မြေခွန်သည် စိုက်ပျိုးမြေနှင့် မြို့ပြဒေသရှိမြေယာအချို့အပေါ် အသုံးပြုခြင်းအတွက် အသုံးပြုခ ကောက်ခံခြင်း ဖြစ်သည်။ မြေခွန်သည် မြေယာအမျိုးအစား (မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း) နှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများ၏ မြေယာဥပဒေအရရေးဆွဲထုတ်ပြန်ထားသော မြေယာ နည်းဥပဒေပါ အခွန်နှုန်းထားများအပေါ် အခြေခံပြီးကွဲပြားသွားသည်။ မြေခွန်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိကျေးရွာ/ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများမှ ကောက်ခံပြီး ကောက်ခံရရှိ သောမြေခွန်များကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးသွင်းသည်။

၉။ ရေနှင့် တာတမံခွန် (Water and Embarkment Tax)

ရေနှင့်တာတမံခွန်သည် ပြည်နယ်/တိုင်းဒေသကြီးအစိုးရမှ စီမံခန့်ခွဲသောဆည်နှင့် ရေလှောင်တမံများ မှ ရေကိုသုံးစွဲသဖြင့် ပေးရသောအခွန်ဖြစ်သည်။ တာတမံခွန်ကိုဆည်ရေသွင်းစိုက်ပျိုး သောစိုက်ပျိုး မြေဧကအပေါ် အခြေခံပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကောက်ခံသည်။ ၂၀၁၇ ခုနှစ်၊ ရေခွန်နှင့် တာတမံခွန်ဥပဒေတွင် ရေခွန်နှင့် တာတမံခွန်နှုန်းထားများအပြင် ကင်းလွတ်ခွင့်နှင့်သက်သာ ခွင့်များ ကို လည်းထည့်ထားသည်။

၁၀။ ဓာတ်သတ္တုခွန် (Mineral Tax)

ဓာတ်သတ္ထုခွန်ကို ပြည်နယ်/တိုင်းဒေသကြီးများပိုင်ဆိုင်သောနယ်မြေအတွင်းဓာတ်သတ္ထုပစ္စည်းများထုတ်ယူခြင်းအပေါ် ကောက်ယူခြင်းဖြစ်ပြီးကျောက်တွင်းလုပ်ငန်းများ၊ သဲထုတ်ယူခြင်း၊ အုတ်လုပ်ငန်းစသည်တို့ ပါဝင် သည်။ ဓာတ်သတ္တုခွန်ကို မြို့နယ်အုပ်ချုပ်ရေးမှူးများကကောက်ခံသည်။

၁၁။ မုတ်ကောင်ဝတ်ဆံသွင်းခြင်းအခွန် (Tax on nucleus insertion of oysters)

မုတ်ကောင်၏ ခန္ဓကိုယ်အတွင်း ဖြစ်ပေါ်သောပုလဲများကိုသဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးခွဲခြား နိုင်သည်။ သဘာဝပုလဲသည် မုတ်ကောင်၏ခန္ဓာကိုယ်အတွင်းတွင် သဘာဝအလျောက်ဖြစ်ပေါ်ပြီး မွေးပုလဲသည် သဘာဝပုလဲ ဖြစ်ပေါ်မှုဖြစ်စဉ်ကိုလူတို့က ပြုပြင်ဖန်တီးရာမှ ဖြစ်ပေါ်လာသည်။ မုတ်ကောင်ဝတ်ဆံသွင်းခြင်းအခွန်သည် မွေးပုလဲများအပေါ် ကောက်ခံသောအခွန် ဖြစ်သည်။ မုတ်ကောင်ဝတ်ဆံသွင်းသည့် အခွန်ကိုလက်ရှိတွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ပုလဲလုပ်ငန်းကကောက်ခံပြီးတည်ဆဲ မြန်မာ့ ပုလဲလုပ်ငန်း ဥပဒေအရ မုတ်ကောင်တစ်ကောင်အားတစ်ကြိမ်ဝတ်ဆံသွင်းလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် နိုင်ငံတော် အစိုးရသို့ အခွန်အဖြစ် ပေးဆောင်ရသည်။

၁၂။ သစ်တောထွက်ပစ္စည်းခွန် (Tax for extraction from forests) သစ်တော်ထွက်ပစ္စည်းခွန်ကိုတားမြစ်ကန့်သတ်ထားသော ကျွန်းသစ်နှင့်သစ်မာများမှအပ ကျန်သစ် တောထွက် ပစ္စည်းများအားလုံးအပေါ် ကောက်ခံသောအခွန် ဖြစ်သည်။ ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းစသည်တို့ကိုတည်ဆဲသစ်တော ဥပဒေနှင့်အညီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တော ဦးစီးဌာနမှ ကောက်ခံလျက်ရှိသည်။

၁၃။ ဓာတ်သတ္တုခွန်နှင့် ရတနာခွန် (Royalty)

ဓာတ်သတ္တုခွန်သည် ဓာတ်သတ္တုထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိသူမှ ထုတ်လုပ်ရရှိသောဓာတ် သတ္တုများ ရောင်းချသည့် အခါ ရောင်းချသည့် ဓာတ်သတ္တုတန်ဖိုးအပေါ် ကောက်ခံသည့် အခွန်ဖြစ်ပြီး ရတနာခွန် သည် ကျောက်မျက်ရတနာထုတ်လုပ်ခြင်းမှ ထွက်ရှိလာသောကျောက်မျက်ရတနာအရိုင်းများအပေါ် ကောက်ခံသည့် အခွန်ဖြစ်သည်။တည်ဆဲ မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီဓာတ်သတ္တုခွန်ကို လည်း ကောင်း ၊ တည်ဆဲမြန်မာ့ ကျောက်မျက်ရတနာဥပဒေနှင့်အညီရတနာခွန်ကိုလည်းကောင်း သတ္တု တွင်းဝန်ကြီးဌာနမှ ကောက်ခံသည်။ဓာတ်သတ္တုနှင့် ကျောက်မျက် ရတနာများသည် အထူးကုန်စည် ခွန်အမျိုးအစားတွင် ပါဝင်သဖြင့် ၎င်းတို့ကိုရောင်းချ ခြင်းပြုလျှင် ဓာတ်သတ္တုအခွန် (သို့မဟုတ်) ကျောက်မျက်ရတနာခွန်အပြင် အထူးကုန်စည်ခွန်နှင့် အခြားသောအခွန်များကိုလည်းပေးဆောင်ရ သည်။

၁၄။ ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ          (Tax on Hydro-Electric Power Extraction)

 မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားခနှင့် ဝန်ဆောင်မှုစရိတ်များကို လျှပ်စစ်ဓာတ်အားသုံးစွဲသူထံမှ တည်ဆဲ လျှပ်စစ် ဥပဒေနှင့်အညီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရက ကောက်ခံလျက် ရှိသည် ။ ထို့အပြင်ထိုဥပဒေအရ ပြည်နယ်/တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့သည် မိမိတို့ဒေသအတွင်းမိမိတို့ အစီအစဉ်ဖြင့်ဖြန့်ဖြူးသော ဒေသဆိုင်ရာလျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား နှုန်းထားနှင့် ဝန်ဆောင်မှု စရိတ်များကို ဒေသအလိုက် သင့်လျော်သော နှုန်းထားများကိုဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်ခွင့်ရှိသည်။ ထိုနှုန်း ထားများကိုလည်းအခါအားလျော်စွာပြောင်းလဲသတ်မှတ်နိုင်သည်။

၁၅။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန် (Oil and Gas Tax) မြန်မာနို်င်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကိုရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာတည်ဆဲ ဥပဒေများနှင့် အညီ၉၀ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်း (MOGE) နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြားစာချုပ်များ ချုပ်ဆိုခြင်းဖြင့် ဆောင်ရွက်ကြ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းအတွက် ချုပ်ဆိုလေ့ရှိသောစာချုပ်ပုံစံများမှာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်များ (Production Sharing Contracts-PSCs) နှင့် ရေနံတွင်းဟောင်းများ ပြန်လည်ပြုပြင်ရေးစာချုပ် (Improved Petroleum Recovery Contracts - IPRCs)တို့ဖြစ်သည်။ PSCs အရအစိုးရရသောခွဲတမ်းများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူ သည့် ပမာဏအပေါ် ကွဲပြားသွားသည်။

နိုင်ငံတော်အစိုးရသည်ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းအတွက်ချုပ်ဆိုသောစာချုပ်များမှခွဲတမ်းများနှင့်လက်မှတ်ရေးထိုးခအပါအဝင်အခွန်နှင့်အခွန်မဟုတ်သောဝင်ငွေများကိုလည်းရရှိသည်။အခွန်ဝင်ငွေအတွက်ဘဏ္ဍာရေးဝန်ကြီးဌာနကကောက်ခံပြီးအခွန်မဟုတ်သောဝင်ငွေများကိုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောာက်ရှိ MOGE ကကောက်ခံသည်ဟုယူဆရသည်။

၁၆။ ငါးလုပ်ငန်းဆိုင်ရာအခွန်အခ (Fisheries Tax)

ငါးလုပ်ငန်းဆိုင်ရာအခွန်အခကိုငါးလုပ်ငန်းလုပ်ကိုင်ခွင့်ရှိသူက နိုင်ငံတော်အစိုးရအားပေးဆောင် ရသော အခွန်အခ ဖြစ်ပြီးငါးလုပ်ငန်းလိုင်စင်ကြေးမှတ်ပုံတင်ကြေးနှင့် အခြားသောအခွန်အခများ ပါဝင်သည် ။ ငါးလုပ်ငန်းဆိုင်ရာအခွန်အခကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိငါးလုပ်ငန်းဦးစီးဌာနကတည်ဆဲငါးလုပ်ငန်းဥပဒေနှင့် နည်းဥပဒေများနှင့်အညီကောက်ခံ လျက် ရှိသည်။

၁၇။ မော်တော်ယဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာအခငွေများ (Fees for Vehicles, driver-license, and businesses licenses)

မော်တော်ယဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာအခငွေများကိုတည်ဆဲ မော်တော် ယာဉ်ဥပဒေနှင့် အညီပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကောက်ခံသည်။

၁၈။ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ (Tax on Telecommunication Services)

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းဆိုင်ရာအခွန်အခများကိုတည်ဆဲဆက်သွယ်ရေးဥပဒေနှင့် အညီပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကောက်ခံသည်။

၁၉။ သွင်းကုန်အတွက် လိုင်စင်ကြေး၊ ပါမစ်ကြေးများ (License Fees for Imports)သွင်းကုန်လိုင်စင်နှင့် ပါမစ်ကြေးများသည် တည်ဆဲသွင်းကုန်ပို့ကုန် ဥပဒေနှင့်အညီစီးပွားရေး နှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ကောက်ခံသောအခွန်များ ဖြစ်သည်။

၂၀။ ခရီးလှည့်လည်ရေးလိုင်စင်/ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်/ခရီးသွားလာသူများပို့ဆောင်ရေး လိုင်စင်/ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ကြေး (Fees from tour, hotel, motel, inn licenses; tourist transportation licenses)

 မြန်မာနိုင်ငံ၏ တည်ဆဲဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများနှင့်အညီ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကောက်ခံသောအခွန်များ ဖြစ်သည်။

၂၁။ အင်းအိုင်ခွန် (Lake and Stream tax)

အင်းအိုင်ခွန်ကိုရေချိုချောင်းများမှ ငါးဖမ်းခြင်းကဲ့သို့သောအများပြည်သူပိုင် အရင်းအမြစ်များကို အသုံး ပြုသည့်အတွက် ကောက်ခံသည့် အခွန်ငွေဖြစ်သည် ။ ထိုအခွန်များကို ရေပြင်ကျယ်အဝန်းနှင့် လုပ်ငန်းပမာဏ အကြီးအသေးအပေါ်မူတည်ပြီးကောက်ခံသည်။ ရေချိုငါးလုပ်ငန်းအတွက် လေလံ ကြေးများကိုများသောအားဖြင့် တင်ဒါပြိုင်စေပြီးဆုံးဖြတ်လေ့ရှိသည်။ ထို့အပြင် ငါးဖမ်းလှေအမျိုး အစားနှင့် ငါးဖမ်းနည်းလမ်းများအပေါ် အခြေခံ၍လည်းကောက်ခံသည်။

၂၂။ ပစ္စည်းခွန် (Property Tax)

 ပစ္စည်းခွန်သည် စည်ပင်သာယာရေးအဖွဲ့များမှ ကောက်ခံသောနေအိမ်ပိုင်ဆိုင်မှုအခွန်၊ ရေခွန်၊ လမ်းမီးနှင့် အမှိုက် သိမ်းဆည်းခြင်းလုပ်ငန်းများအတွက် အခွန်စသည်တို့ကို ရည်ညွှန်းပါသည် ။ ပစ္စည်းခွန်နှုန်းထားများ သက်တမ်းတိုးခြင်းသည် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိပစ္စည်းခွန်နှုန်းထားများကိုသက်ဆိုင်ရာစည်ပင်သာသယာရေးအဖွဲ့ကလူနေအိမ်အဆောက်အအုံနှင့် လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်သည်။

၂၃။ ဘီးခွန် (Wheel Tax)

ဘီးခွန်သည် မော်တော်ယဉ်များနှင့် ကုန်းတွင်းရေကြောင်းသွားလာရေးယာဉ်များအပါအဝင် ယာဉ် အမျိုးမျိုးကိုစည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ် ၎င်းတို့ လုပ်ပိုင်ခွင့်လွှဲအပ်ထားသောအဖွဲ့) များက သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအတွင်းတည်ဆဲမော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကောက်ခံသောအခွန်ဖြစ်သည်။ ဘီးခွန် ကိုမော်တော်ယာဉ်မှတ်ပုံတင်သောဒေသတွင်ကောက်ခံ သည့်အပြင် မြို့ဝင်ကြေးအဖြစ်လည်းကောက်ခံသည်။ ထို့ကြောင့် ဘီးခွန်သည် နှစ်ထပ်ကွမ်းကောက်ခံ သောအခွန်ဖြစ်ပြီးယာဉ်မှတ်ပုံတင်သောဒေသတွင် တစ်ကြိမ်၊ မှတ်ပုံတင်ထားသော ပြည်နယ်/တိုင်း ဒေသကြီးများမှ အထွက်ယာဉ် ဖြတ်သန်းခကောက်ခံရေးစခန်းများတွင် တစ်ကြိမ်ပေးဆောင်ရသည်။ အခွန်နှုန်းထားသည် လမ်းအမျိုးအစားနှင့် ယာဉ်အမျိုးအစား/တန်ချိန်ပေါ်တွင် မူတည် သည်။  ။

{ ရှေ့အပတ် - မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်ကို ဘဏ္ဍာရေး ဖက်ဒရယ်စနစ် အသွင်ပြောင်းခြင်း  ကို ဆက်လက်ဖော်ပြပါမည်။}

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

  10. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

  11. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

  12. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၂)

  13. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၃ )

  14. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၄ )

  15. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၅ )

  16. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၆ )

  17. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၇ )

  18. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၈ )

  19. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၉ )

 

Mizzima Weekly