ပုသိမ်တွင် တံတားအသစ်တစ်စင်း တည်ဆောက်မည်

ပုသိမ်တွင် တံတားအသစ်တစ်စင်း တည်ဆောက်မည်

ပုသိမ်။စက်တင်ဘာ ၂၂ ။           ။ ပုသိမ်မြို့တွင် ငဝန်မြစ်ကိုဖြတ်၍ တံတားအသစ်တစ်စင်း တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ ့မှ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။

“ကမ်းခြေဒေသတွေကို သွားဖို့အတွက်ရည်ရွယ်ထားတာမဟုတ်ပါဘူး။ ဒီလိုသွားဖို ့ကကြိုးတံတားရှိပြီးသားပါ။ ကြိုးတံတားက နောက်ပိုင်း အဆင့်မြင့်ဖို ့ရှိပြီးသားပါ။ ဒီတံတားကိုဆောက်ရခြင်းက ပုသိမ်မြို့မှာလူဦးရေ ထူထပ်လာရင် မြို့ကိုချဲ့မယ်ဆိုရင် မြို့လယ်ကိုချဲ့မယ်ဆိုရင် မြစ်ကူးတံတားရှိတဲ့အတွက် ဟိုဘက်ကမ်းကကော ဒီဘက်ကမ်းလိုဘဲ Downtown ဧရိယာထဲပါသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ ့ဆောက်တာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီးလျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ပုသိမ်မြို့တွင် တံတားအသစ်တည်ဆောက်ရခြင်းမှာ ပုသိမ်မြို့အား ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြို့ကွက်ချဲ့နိုင်ရန် အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ အဆိုပါတံတားအသစ် စီမံကိန်းကြောင့် ပုသိမ်မြို့ တစ်ဘက်ကမ်း အမှတ်(၉)ရပ်ကွက်ရှိ စိန်ရတနာလမ်းမှ အိမ်ခြေ ၅ဝကျော်ကို ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

“ကျွန်တော်တို ့က ဒီတံတားဖြစ်တာကိုလည်း ဝမ်းသာတယ် ။ နောင်လာနောင်သားတွေ ဖွံဖြိုးမယ့် ကာလ တန်ဖိုးကိုပဲ ယူချင်တယ်။ ပြန်ဆောက်ရမယ့်တွေနဲ့ ” ဟုပုသိမ်မြို့နယ်၊အမှတ်(၉)ရပ်ကွက် စိန်ရတနာ လမ်းမှ ဒေါ်စောဝင်းကပြောသည်။

ပုသိမ်မြို့တွင် ကမ်းခြေဒေသများသို ့ ဆက်သွယ်သွားလာနိုင်ရန် ကြိုးတံတားတစ်စင်းရှိပြီး ယခုတံတားမှာ ဒုတိယမြောက်တံတားလည်းဖြစ်ကြောင်း တံတားအသစ်တည်ဆောက်မှုကို   ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ယခုအချိန်တွင် မြေနေရာ စစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

“လျှပ်စစ်မီးကိစ္စ အဆောက်အဦတွေဖျက်လိုက်ရင် ဓါတ်တိုင်တွေက ပါသွားမယ်လေ။ ကျန်ခဲ့တဲ့ အိမ်တွေ ကိုလည်း လျှပ်စစ်မီးမပြတ်တောက်အောင် အဆင်ပြေအောင်ကူညီပေးပါ။ ဝင်လမ်းထွက်လမ်းကို ဘယ်လို စီစဉ်ပေးနိုင်မလဲ”ဟု ပုသိမ်မြို့နယ်၊ တဘက်ကမ်းအမှတ်(၉)ရပ်ကွက်မှ ဦးတင်ဟန်က ပြောသည်။

 

Mizzima Weekly