သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း နှစ်လောင်းပြိုင် လူသတ်သူများဟု သံသယရှိသူကို ရဲက ဖမ်းဆီး
နှစ်လောင်းပြိုင် လူသတ်သူများဟု သံသယရှိသူကို ရဲက ဖမ်းဆီး Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ သြဂုတ်လ 25 2008 19:20 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ သင်္ကန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ နေအိမ်တခုမှ လူသတ်၊ ပစ္စည်းများ ယူဆောင်သွားသည်ဟု သံသယရှိသူ နှစ်ဦးကို  ရဲက ဖမ်းဆီးလိုက်သည်။

ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် အမည်ဖော်ပြမထားသော ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးတွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် တဦးနှင့် သံလျင်မြို့နယ် မြို့မ တောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် တဦးတို့ ဖြစ်သည်ဟု ဆိုသည်။

တရားခံများ ယူဆောင် ထွက်ပြေးသွားသည် ဆိုသော ဂျီအက်စ်အမ် တယ်လီဖုံးကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အကူအညီဖြင့် ရဲက ခြေရာခံလိုက်ရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

"အဆိုပါဖုံးသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် တာမွေမြို့နယ်ကို ဖြတ်၍ သန်လျင်ဘက်သို့ ဖြတ်သွားပြီး သန်လျင်မြို့နယ်အတွင်း ရောက်ရှိနေကြောင်း သိရှိရ၍" ဟု ဂျာနယ်က ရေးသားထားသည်။

သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်တော်သာရပ် ပြည်သာယာလမ်းနေ ဦးသိန်းထွန်း (၄၄ နှစ်) နှင့် ဒေါ်သက်သက်ခိုင် (၄၁) နှစ်တို့သည် နေအိမ်တွင်ပင် ဓားဒဏ်ရာများနှင့် သြဂုတ်လ ၁၉ ရက်နေ့ နံနက်က သေဆုံးခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved