သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း ငြိမ်းအဖွဲ့ လက်နက်ချ
ငြိမ်းအဖွဲ့ လက်နက်ချ Print E-mail
သန်းထိုက်ဦး   
တနင်္လာနေ့၊ သြဂုတ်လ 04 2008 18:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်အတွင်းရှိ ငြိမ်းချမ်းရေး အဖွဲ့တခုကို စစ်အစိုးရက လက်နက်ချရန် ဖိအားပေးခဲ့ရာ အောင်မြင်မှု ရရှိသွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ဦးတာကလယ် ဦးဆောင်းသော ရှမ်းလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အား ဇူလိုင်လကုန်ပိုင်းက လက်နက်ချရန် ဖိအားပေးခဲ့ရာ အနည်းဆုံး ၁ဝ ယောက် လက်နက်ချသွားခဲ့ခြင်း ဖြစ်သည်။

“အတင်းအကြပ် ချခိုင်းတော့ ယခုလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တချို့ချလိုက်တယ် ။ တဆယ်။ နှစ်ဆယ်လောက်ပေါ့ ။ ဒါပေမဲ့ တချို့ ကျန်နေသေးတယ်။ ဒီနေ့ ၄ ရက်နေ့မှာ အပြီးချကြဖို့ ဆိုပြီးတော့ အဲဒီလို ပြောထားတယ်လို့ ကြားတယ်” ဟု ဒေသတွင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသူ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသည့် ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေး အဖွဲ့၏ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ရလလဖ ဌာနချုပ်နှင့် မနီးမဝေးတွင် နအဖ အရှေ့ပိုင်းတိုင်း လက်အောက်ခံ တပ်များကိုလည်း တိုးချဲ့ချထားလိုက်သည်။

ဦးတာကလယ် ဦးဆောင်သော အဖွဲ့တွင် လူအင်အား ၆ဝ ခန့် ရှိပြီး ရလလဖအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲမှု ပြုလုပ်ခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved