သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း ချင်းတွင်းမြစ်ရေကြီး ရေဘေးဒုက္ခသည်များ မော်လိုက်နှင့် ခန္ဓီးတွင် ပိုများလာ
ချင်းတွင်းမြစ်ရေကြီး ရေဘေးဒုက္ခသည်များ မော်လိုက်နှင့် ခန္ဓီးတွင် ပိုများလာ Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဂျူလိုင်လ 08 2008 15:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ချင်းတွင်းမြစ်ရေ ထပ်မံမြင့်တက်နေပြန်ရာ ခန္ဓီးနှင့် မော်လိုက်မြို့များတွင် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ ယနေ့ ပိုမိုများပြားလာသည်။

မြန်မာပြည်အနောက်ပိုင်း စစ်ကိုင်းတိုင်းရှိ မြို့များအနက် ခန္ဓီးတွင် မြေနိမ့်ရာဒေသများမှ ပြောင်းရွှေ့လာသော အိမ်ထောင်စု ၆၁ စုသည် အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁ တွင် လည်းကောင်း၊ အိမ်ထောင်စု ၂၂ စုသည် ပေါ်မိုင်းဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ မိသားစု ၁၀ စုသည် မူလတန်းကျောင်း အမှတ် ၃ ကျောင်းနှင့် အိမ်ထောင်စု ၅ စုသည် အလယ်တန်းကျောင်းတကျောင်းတွင် ခိုလှုံနေထိုင်နေကြရသည်။

မော်လိုက်တွင် အိမ်ထောင်စု ၆၈ စုသည် မြို့နယ်ခန်းမ၊ မူလတန်းကျောင်းအမှတ် ၁ နှင့် အားကစားကွင်းတခုတွင် အစုခွဲ ခိုလှုံနေထိုင်နေကြရသည်။

ဆက်စပ် သတင်း၊

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၆ ပေနီးပါးမြင့်တက်

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved