သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူဟု ဘန်ကီမွန်းပြောကြား
ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူဟု ဘန်ကီမွန်းပြောကြား Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မေလ 23 2008 14:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော ၂ သန်းခွဲကို အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ မြန်မာပြည် ဝင်ရောက်ရေး ဖိအားပေးရန် ယမန်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။

ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်၊ နိုင်ငံတကာမှ အေဂျင်စီများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သလို  ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဒေးဒရဲနှင့် မော်ကျွန်းသို့ ၂ နာရီကြာ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လာပြီးနောက် တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ပြန်လည် သွားရောက်ပြီး နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်၊ 

မြန်မာပြည်တွင် မုန်ုတိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနှင့် အာဆီယံတို့က ကြီးမှူး ကျင်းပမည့် အစည်းအဝေးသို့ နိုင်ငံပေါင်း (၃ဝ) ကျော်နှင့် ကုလသမဂ္ဂ အေဂျင်စီများ တက်ရောက်မည်ဟု သိရသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved