သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း ဘန်ကီမွန်း မြန်မာပြည်ရောက်ပြီ
ဘန်ကီမွန်း မြန်မာပြည်ရောက်ပြီ Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 22 2008 14:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ယနေ့ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ယနေ့ နံနက်က မြန်မာနိုင်ငံကို ရောက်လာခဲ့သော မစ္စတာ ဘန်ကီမွန်းသည် ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြှော်ခဲ့ပြီးနောက် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးသော အကြောင်းအရာများကို နှစ်ဖက်လုံးက ထုတ်ပြန်ခြင်း မရှိသေးပါ။ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြစ်ဝကျွန်းပေါ် ဒေသသို့ ယနေ့တွင်ပင် သွားရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးခွင့်ရမည့် အခြေအနေ ဖြစ်သည်ဟုလည်း သိရသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved