သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း နာဂစ်အကူအညီ ၂၅ ရာနှုန်းသာရှိသေးဟု ဘန်ကီမွန်း ပြောကြား
နာဂစ်အကူအညီ ၂၅ ရာနှုန်းသာရှိသေးဟု ဘန်ကီမွန်း ပြောကြား Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 16:47 - မြန်မာစံတော်ချိန်

ဘန်ကောက်။     ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှု အခြေအနေမှာ လက်ရှိအချိန်အထိ ၂၅ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ဒုက္ခသည်များထံ အကူအညီ အပြည့်အဝ ရောက်ရှိသည်အထိ သူ့အနေဖြင့် ကြိုးစား လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်သည်။

ကုလအတွင်းရေးမှုးသည် မြန်မာနိုင်ငံ ရန်ကုန်သို့ မနက်ဖြန် မနက်တွင် သွားရောက်မှာ ဖြစ်ပြီး သောကြာနေ့တွင် ထိုင်းနိုင်ငံသို့ သောကြာနေ့တွင် ပြန်လာမည်ဖြစ်သည်။ သို့သော် မေ ၂၅ နေ့တွင် ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို တဖန် ပြန်လည် တက်ရောက်ဖွယ် ရှိသည်။

သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပ ကယ်ဆယ်ရေးအဖွဲ့များ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင် အကူအညီများ ပေးခွင့်ရအောင် ကြိုးပမ်းသွားမည်ဟု ပြောသည်။

ထောက်ပံ့ကူညီရေး လုပ်ငန်းများသည် ရေရှည် စီမံကိန်း ဖြစ်သင့်သည်ဟု ဆိုကာ နိုင်ငံတကာ အကူအညီများသည် နိုင်ငံရေး ပတ်သက်မှု မရှိသင့်ဟု သူက အလေးအနက် ပြောကြားသွားသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved