သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း ၀ါယာရှော့ဖြစ်၍ ၄၆ လမ်းတွင် မီးလောင်
ဝါယာရှော့ဖြစ်၍ ၄၆ လမ်းတွင် မီးလောင် Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 15 2008 19:35 - မြန်မာစံတော်ချိန်


ချင်းမိုင်။    ။ ရန်ကုန်မြို့ ၄၆ လမ်းတွင် ၀ါယော့ရှော့ဖြစ်ပြီး မီးလောင်မှုတခု ယနေ့ညဦးပိုင်းက ဖြစ်ပွားခဲ့သည်။

ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း၊ အိမ်အမှတ် ၄၇-၄၉ ဦးဝင်းဇော်နေအိမ်တွင် ည ၆း၄၅ နာရီက လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးသတ်ကား ၁၀ စီးခန့် လာရောက်ငြိမ်းသတ်ရာ ၁ နာရီခွဲခန့် အကြာတွင် မီးငြိမ်းသွားခဲ့သည်။

အခြားသော နေအိမ်ခန်းများသို့ ကူးစက်ခြင်းမရှိဘဲ မီးငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved