အမေရိကန် အစိုးရက မြန်မာ့လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကို အသေးစား ထောက်ပံ့ငွေများ ထောက်ပံ့

အမေရိကန် အစိုးရက မြန်မာ့လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကို အသေးစား ထောက်ပံ့ငွေများ ထောက်ပံ့

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကို အသေးစား ထောက်ပံ့မှု အစီအစဉ်အဖြစ် အမေရိကန် ဒေါ်လာ ၁၆၀,၀၀၀ ကျော် မေလ ၇ ရက် ရန်ကုန်မြို့ အမေရိကန် သံရုံးတွင်ပေးအပ်ခဲ့သည်။

တိုင်းရင်းသားဒေသ အသီးသီးမှ လူ့အခွင့်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသော လူမှုအဖွဲ့ အစည်း ၁၁ ဖွဲ့ကို
စီစဉ်ပေးခြင်းဖြစ်သည်။

ထိုအဖွဲ့များကို အနိမ့်ဆုံးဒေါ်လာ သုံးထောင်ကျော်မှ အများဆုံး နှစ်သောင်းကျော် အထိ ထောက်ပံ့ပေးအပ်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။

"အဓိက ကတော့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ သုံးမယ်ပေါ့နော်၊ လုံးဝပြည့်စုံအောင်
ဖန်တီးပေးနိုင်တဲ့ အထောက်အပံ့ မဟုတ်ဘူး ကျွန်မတို့ လုပ်ငန်းတွေမှာ တစ်ထောင့် တစ်နေရာကတော့ ဖြည့်ဆည်းပေးတာပေါ့" ဟု People of people အစီအစဉ် မန်နေဂျာ ဦးသန်းထွဋ်က ပြောသည်။

People of people (pop),Thamadi foundation and Chin Agency ,Dai social Development Organization , Peace and justice Myanmar, Democary of ethnic  Minorities Organization (DEMO), Civil Authorize Negotiate Organization (Can.org), Farmer right and development organization (FRDO),Ta'ang women organization(TWO),Colourful girl,Thabaya Education Foundation ၊Muditar Foundation တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly