အင်္ဂါ, ၂၁ မေ ၂၀၁၃

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ > မဇ္ဈိမ ၂၀၁၂ ခုနှစ် ဇူလိုင်လ ဓါတ်ပုံများ

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဇူလိုင်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မြန်မာသမ္မတ ဦးသိန်းစိန် နှင့် ကမ္ဘာ့ဘဏ် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Pamela Cox တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၃ဝ ရက် တနလာင်္နေ့က တွေ့ဆုံနှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ- သမ္မတရုံးPamela Cox ၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် အစိုးရသစ် ၂ဝ၁ဝခုနှစ်တွင် စတင်တာဝန်ယူချိန်နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ် အကြီးတန်း အရာရှိ တဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်လည်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ အပြည့်အဝ ပေးအပ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို  ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတို့ အခွင့်အရေး ကာကွယ်ပေးရန် ဥပဒေပြဋ္ဌာန်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး” အဆိုကို ဇူလိုင်လ ၂၅ ရက်နေ့က ထောက်ခံဆွေးနွေးနေစဉ် (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတို့ အခွင့်အရေး ကာကွယ်ပေးရန် ဥပဒေပြဋ္ဌာန်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမအတွင်း တွေ့ရစဉ် (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဆင်းရဲမှု ကြုံနေရသည့် ဒေသများမှာ တိုင်းရင်းသားဒေသများ ဖြစ်ပြီး တိုးတက်မှု အခြေအနေမှာလည်း ကျေနယ်ဖွယ်မရှိဟု “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး” အဆိုကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံဆွေးနွေးသွားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဇူလိုင်လ ၂၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်သို့ တက်ရောက်လာသည့် NLD အမတ်များကို ရည်ညွှန်း၍ အသစ်ရောက်ရှိလာသော လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော် ကိစ္စရပ်များဖြစ်သည့် ဥပဒေပြုရေးတွင် ပူးပေါင်းပါဝင်ရန် ဥက္ကဋ္ဌက တိုက်တွန်းသွားသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဇူလိုင် ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး“ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ခြောက်ယောက်က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ထိုအဆိုကို ကိုယ်စားလှယ်စုစုပေါင်း ၂၇ ဦး ဆွေးနွေးရန် ရှိနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်အမတ်များအတွက် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်မှ ဝန်ထမ်းများနှင့်အတူ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဇူလိုင် ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး” အဆိုကို လွှတ်တော်ကိုယ်စားလှယ် ခြောက်ယောက်က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ထိုအဆိုကို ကိုယ်စားလှယ်စုစုပေါင်း ၂၇ ဦး ဆွေးနွေးရန် ရှိသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမအတွင်း ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဇူလိုင်လ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးမှုအတွင်း ဇလွန်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးတင်ထွဋ်၏ “လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖေါ်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဆောင်ရွက်ပေးရန်” အဆိုကို ကိုယ်စားလှယ် ၁ဝ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမအတွင်း ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဇူလိုင်လ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးမှုအတွင်း ဇလွန်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးတင်ထွဋ်၏ “လယ်မြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖေါ်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဆောင်ရွက်ပေးရန်” အဆိုကို ကိုယ်စားလှယ် ၁ဝ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လအတ်တော် အစည်းအဝေးခန်းမအတွင်း ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဇူလိုင် ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး” အဆိုကို လွှတ်တော်ကိုယ်စားလှယ် ခြောက်ယောက်က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ထိုအဆိုကို ကိုယ်စားလှယ်စုစုပေါင်း ၂၇ ဦးက ဆွေးနွေးမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လအတ်တော် အစည်းအဝေးခန်းမအတွင်း ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့်၊ မဇ္ဈိမ) ဇူလိုင် ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး” အဆိုကို လွှတ်တော်ကိုယ်စားလှယ် ခြောက်ယောက်က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ထိုအဆိုကို ကိုယ်စားလှယ်စုစုပေါင်း ၂၇ ဦးက ဆွေးနွေးမည် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ မြဘုရား အား သွားရောက် ဖူးမြော်မှုကြည်ညိုကြစဉ် (ဓါတ်ပုံ - MJA) သမ္မတ ဦးသိန်းစိန်နှင့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ မဟာနန်းတော် အား သွားရောက် လေ့လာကြစဉ် (ဓါတ်ပုံ - MJA) ဆီဒိုးနားဟိုတယ်တွင် ပထမဆုံးအကြိမ် Mining Summit ကျင်းပ :: ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကျင်းပနေသည့် ပထမဆုံးအကြိမ် Mining Summit တွင် သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အမှာစကားပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ပြည်တွင်းပြည်ပ ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် တက်ရောက်ကြသည်။ ဆီဒိုးနားဟိုတယ်တွင် ပထမဆုံးအကြိမ် Mining Summit ကျင်းပ :: ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပနေသည့် ပထမဆုံးအကြိမ် Mining Summit သို့ တက်ရောက်လာသော ပြည်တွင်းပြည်ပ ကိုယ်စားလှယ်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် တက်ရောက်ကြသည်။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်နေစဉ် ရိုဟင်ဂျာများနှင့် ပတ်သက်သော သမ္မတ၏ မူဝါဒကို ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတော်အလံလွှင့်ထူမှုများ ပြုကြသည်ကို တနင်္ဂနွေနေ့ ဇူလိုင် ၂၂ ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- သိန်းလှိုင်/ မဇ္ဈိမ။ သမ္မတက တရားမဝင် ဝင်ရောက်လာကြသော ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းတွင်ထားရန်နှင့် တတိယနိုင်ငံသို့ ပို့ပေးရန် ပြောဆိုခဲ့သည်။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်နေစဉ် ရိုဟင်ဂျာများနှင့် ပတ်သက်သော သမ္မတ၏ မူဝါဒကို ထောက်ခံသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတော်အလံလွှင့်ထူမှုများ ပြုကြသည်ကို တနင်္ဂနွေနေ့ ဇူလိုင် ၂၂ ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- သိန်းလှိုင်/ မဇ္ဈိမ။ သမ္မတက တရားမဝင် ဝင်ရောက်လာကြသော ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းတွင်ထားရန်နှင့် တတိယနိုင်ငံသို့ ပို့ပေးရန် ပြောဆိုခဲ့သည်။ သုံးရက်ကြာချစ်ကြည်ရေးခရီးစဉ်အတွက် အလည်အပတ်ရောက်နေသော သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာတို့ တနင်္လာနေ့ ဇူလိုင် ၂၃ ရက်၊ ၂၀၁၂ ခုနှစ်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေစဉ်။ (ဓာတ်ပုံ- MJA) ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးသောအကြောင်းအရာဖြစ်ခဲ့သည်။ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်ရှိ လမ်ချာဗန်ရေနက်ဆိပ်ကမ်းသို့ တနင်္ဂနွေ ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက သွားရောက်လေ့လာရာ ထိုင်းအရာရှိများက ရှင်းလင်းတင်ပြနေပုံ။ (ဓာတ်ပုံ- MJA) သမ္မတဦးသိန်းစိန်သည် တနေ့ထဲမှာပင် လမ်ချာဗန်ရှိ အထူးစက်မှုဇုန်သို့လည်း သွားရောက်လေ့လာခဲ့သည်။ ချစ်ကြည်ရေး အလည်အပတ်ခရီးအတွက် သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဒွန်မောင်းလေဆိပ်သို့ တနင်္ဂနွေနေ့ ဇူလိုင် ၂၂ ရက်၊ ၂၀၁၂ ခုနှစ်က အထူးလေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ဓာတ်ပုံ - MJA ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက် မစ်ချယ် :: ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာသော ဒဲရက် မစ်ချယ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အမေရိကန်သံရုံးတွင် ပြည်တွင်း ပြည်ပမီဒီယာများကိုတွေ့ဆုံ ပြောကြားနေသည်ကို ဇူလိုင် ၂၀ ရက်၊ ၂၀၁၂ ခုနှစ် နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် စားနပ်ရိက္ခာ လိုအပ်နေသော လူပေါင်း (၅၅၀၀၀) အတွက် (၆) လစာတန်ချိန် (၃၄၀၀)ကို ဝယ်ယူလှူတန်းနိုင်ရန် အမေရိကန်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို အမေရိကန်ဒေါ်လာ (၃) သန်း လှူတန်းခဲ့ကြောင်း သံအမတ်ကြီး ကပြောကြားသွားသည်။ မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုအပေါ် မူတည်ပြီး အမရိကန်က ကူညီပေးမှုများ တိုးမြှင့်သွားမည်ဟုလည်း ပြောသည်။ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက် မစ်ချယ် :: ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာသော ဒဲရက် မစ်ချယ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အမေရိကန်သံရုံးတွင် ပြည်တွင်း ပြည်ပမီဒီယာများကိုတွေ့ဆုံ ပြောကြားနေသည်ကို ဇူလိုင် ၂၀ ရက်၊ ၂၀၁၂ ခုနှစ် နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် စားနပ်ရိက္ခာ လိုအပ်နေသော လူပေါင်း (၅၅၀၀၀) အတွက် (၆) လစာတန်ချိန် (၃၄၀၀)ကို ဝယ်ယူလှူတန်းနိုင်ရန် အမေရိကန်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို အမေရိကန်ဒေါ်လာ (၃) သန်း လှူတန်းခဲ့ကြောင်း သံအမတ်ကြီး ကပြောကြားသွားသည်။ မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုအပေါ် မူတည်ပြီး အမရိကန်က ကူညီပေးမှုများ တိုးမြှင့်သွားမည်ဟုလည်း ပြောသည်။ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက် မစ်ချယ် :: ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖြစ်လာသော ဒဲရက် မစ်ချယ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အမေရိကန်သံရုံးတွင် ပြည်တွင်း ပြည်ပမီဒီယာများကိုတွေ့ဆုံ ပြောကြားနေသည်ကို ဇူလိုင် ၂၀ ရက်၊ ၂၀၁၂ ခုနှစ် နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် စားနပ်ရိက္ခာ လိုအပ်နေသော လူပေါင်း (၅၅၀၀၀) အတွက် (၆) လစာတန်ချိန် (၃၄၀၀)ကို ဝယ်ယူလှူတန်းနိုင်ရန် အမေရိကန်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို အမေရိကန်ဒေါ်လာ (၃) သန်း လှူတန်းခဲ့ကြောင်း သံအမတ်ကြီး ကပြောကြားသွားသည်။ မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုအပေါ် မူတည်ပြီး အမရိကန်က ကူညီပေးမှုများ တိုးမြှင့်သွားမည်ဟုလည်း ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်များ၏ ဓါတ်ပုံကို ကိုင်ဆောင်ထားသည့် ကလေးငယ်တစ်ဦးအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ကျဆုံးသွားခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များကို ခေတ္တငြိမ်သက် ဝါရဝပြုနေကြသည့် ပရိတ်သတ်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ကျဆုံးသွားခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များကို ခေတ္တငြိမ်သက် ဝါရဝပြုနေကြသည့် ပရိတ်သတ်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်များ၏ ဓါတ်ပုံကို ကိုင်ဆောင်ထားသည့် ကလေးငယ်တစ်ဦးအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) (၆၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် :: (၆၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ကျဆုံးလေပြီးသော လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းအား သမီးဖြစ်သူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂါရဝ ပြုနေသည်ကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သောကြာနေ့ ဇူလိုင် ၁၉  ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- အေအက်ဖ်ပီ) တိုင်းပြည်လွတ်မြောက်ရေးအတွက် ခေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီး (၆)ဦး၊ ဒုဝန်ကြီး (၁) ဦးနှင့် သက်တော်စောင့် (၁) ဦးတို့သည် ဇူလိုင် ၁၉ ရက်၊ ၁၉၄၇ ခုနှစ်တွင် ပြိုင်ဘက်နိုင်ငံရေးသမားတစု၏ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း အစည်းအဝေးအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့မှ ဖွင့်လှစ်ပေးနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ ၊ မျိုးသန့် - မဇ္ဈိမ) ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်း၏ ပထမဆုံးကျင်းပသည့် အသင်းသားစုံညီ အစည်းအဝေးပွဲဖြစ်သည်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း အစည်းအဝေးအခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တွေ့ရစဉ်။ (ဓါတ်ပုံ ၊ မျိုးသန့် - မဇ္ဈိမ) တပ်မတော်သား လွှတ်တော်အမတ်များက ဦးမြင့်ဆွေကို လစ်လပ် ဒုသမ္မတ ရာထူးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းရန် ရှိနေသည်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း အစည်းအဝေးအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ကို တွေ့ရစဉ်။ (ဓါတ်ပုံ ၊ မျိုးသန့် - မဇ္ဈိမ) တပ်မတော်သား လွှတ်တော်အမတ်များက ဦးမြင့်ဆွေကို လစ်လပ် ဒုသမ္မတ ရာထူးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းရန် ရှိနေသည်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း အစည်းအဝေးအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့် အမှာစကားပြောနေစဉ်။ (ဓါတ်ပုံ ၊ မျိုးသန့် - မဇ္ဈိမ) ၀န်ကြီးက လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ လွတ်လပ်စွာတင်သွင်းခွင့်ပြုမည်ဟု အခမ်းအနားတွင် ပြောသွားသည်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း အစည်းအဝေးအခမ်းအနားတွင် အမှာစကားပြောနေသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တွေ့ရစဉ်။ (ဓါတ်ပုံ ၊ မျိုးသန့် - မဇ္ဈိမ) တပ်မတော်သား လွှတ်တော်အမတ်များက ဦးမြင့်ဆွေကို လစ်လပ် ဒုသမ္မတ ရာထူးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းရန် ရှိနေသည်။ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်း အစည်းအဝေးအခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင် အမှာစကားပြောနေစဉ်။ (ဓါတ်ပုံ ၊ မျိုးသန့် - မဇ္ဈိမ) ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်း၏ ပထမဆုံးကျင်းပသည့် အသင်းသားစုံညီ အစည်းအဝေးပွဲဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး သတင်းစာရှင်းလင်းပွဲ :: ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ António Guterres (Mr António Manuel de Oliveira Guterres, UN High Commissioner for Refugees) သည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး သတင်းစာရှင်းလင်းပွဲ :: ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ António Guterres (Mr António Manuel de Oliveira Guterres, UN High Commissioner for Refugees) သည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဂျက်ကီချန်း သတင်းစာရှင်းလင်းပွဲ :: ယူနီဆက်(ဖ်) ချစ်ကြည်ရေး အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းသည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဂျက်ကီချန်း သတင်းစာရှင်းလင်းပွဲ :: ယူနီဆက်(ဖ်) ချစ်ကြည်ရေး အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းသည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဂျက်ကီချန်း သတင်းစာရှင်းလင်းပွဲ :: ယူနီဆက်(ဖ်) ချစ်ကြည်ရေး အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းသည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဂျက်ကီချန်း သတင်းစာရှင်းလင်းပွဲ :: ယူနီဆက်(ဖ်) ချစ်ကြည်ရေး အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းသည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဂျက်ကီချန်း သတင်းစာရှင်းလင်းပွဲ :: ယူနီဆက်(ဖ်) ချစ်ကြည်ရေး အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းသည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဂျက်ကီချန်း သတင်းစာရှင်းလင်းပွဲ :: ယူနီဆက်(ဖ်) ချစ်ကြည်ရေး အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းသည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် :: တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ) အဆောက်အအုံ ဖေါက်ခွဲခံရခြင်း နှစ် ၅၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရုံးခန်းတွင်ပြုလုပ်ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဇော်ဇော်မင်း၊ ကိုဋ္ဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုကိုကြီး (စမ်းချောင်း) တို့ကို ဗကသ ကျောင်းသားအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - မျိုးသန့် (မဇ္ဈိမ) '7 July' ပွဲကျင်းပရန် စီစဉ်သဖြင့် ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင်နှင့် ရဲမြင့်ဟိန်း တို့ ဇူလိုင်လ ၆ ရက်နေ့ ညက ယာယီ ထိန်းသိမ်းခံခဲ့ကြရသည်။ 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် :: တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ) အဆောက်အအုံ ဖေါက်ခွဲခံရခြင်း နှစ် ၅ဝ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရုံးခန်းတွင်ပြုလုပ်ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို  ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - မျိုးသန့် (မဇ္ဈိမ) '7 July' ပွဲကျင်းပရန် စီစဉ်သဖြင့် ဗကသ ခေါင်းဆောင် အချို့ စစ်ဆေးခံရခြင်းနှင့်ပတ်သက်၍ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ ဒေသခံအာဏာပိုင်များ၏ အစိုးရိမ်လွန်ကဲခြင်းသာဖြစ်သည်ဟု ပြောသွားသည်။ 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် :: တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ) အဆောက်အအုံ ဖေါက်ခွဲခံရခြင်း နှစ် ၅ဝ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရုံးခန်းတွင်ပြုလုပ်ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို  ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - မျိုးသန့် (မဇ္ဈိမ) '7 July' ပွဲကျင်းပရန် စီစဉ်သဖြင့် ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင်နှင့် ရဲမြင့်ဟိန်း တို့ ဇူလိုင်လ ၆ ရက်နေ့ ညက ယာယီ ထိန်းသိမ်းခံခဲ့ကြရသည်။ 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် :: တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ) အဆောက်အအုံ ဖေါက်ခွဲခံရခြင်း နှစ် ၅ဝ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရုံးခန်းတွင်ပြုလုပ်ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ကို  ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - မျိုးသန့် (မဇ္ဈိမ) '7 July' ပွဲကျင်းပရန် စီစဉ်သဖြင့် ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ မဖြိုးဖြိုးအောင်နှင့် ရဲမြင့်ဟိန်းတို့ အပါအဝင် ရှမ်းပြည်နယ်နှင့် မန္တတလေးတိုင်းတို့မှ ဗကသ အဖွဲ့ဝင် ၁၂ ဦးခန့် ထိန်းသိမ်းခံခဲ့ကြရသည်။ 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် :: ကျောက်ဆည်မြို့ ရေဦးကျောင်းတိုက် ၌ 7 July နှစ် ၅၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရေစက်ချ တရားနာနေစဉ်။ (ဓါတ်ပုံ မဇ္ဈိမ) 7 July အခမ်းအနားများ ကျင်းပခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသော်လည်း ခရိုင်အချို့တွင် ကြိုတင်ကျင်းပကြသည်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိရုံး (မြန်မာ) ၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ရော့ (စ်) ဝီလ်စန်နှင့် အလုပ်သမားရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကို ဇူလိုင်လ ၅ ရက်နေ့က လှိုင်သာယာ စက်မှုဇုံ အမှတ် (၁) ကနောင်ခန်းမတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ) ကနောင်ခမ်းမတွင် ၈၈ ကျောင်းသားများအဖွဲ့၊ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနှင့် ILO အရာရှိ ရော့ (စ်) ဝီလ်စန်တို့ အလုပ်သမားရေးရာများ ဆွေးနွေးခဲ့ကြပြီး ဝီလ်စန်က အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ အကြံဉာဏ်များ ပေးသွားမည်ဟု ကတိပြုသွားသည်။ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုအောင်သူကို လှိုင်သာယာ စက်မှုဇုံ အမှတ် (၁) ကနောင်ခန်းမတွင် အလုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းနှင့် အလုပ်သမားရေးရာများ ဆွေးနွေးအပြီး ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ) ဒုဝန်ကြီး ဦးမြင့်သိန်းက အလုပ်သမားရေးရာ ကိစ္စရပ်များ ဖြေရှင်းရာတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ ပါဝင်ကူညီပေးရန် ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြား ကမ်းလှမ်းသွားသည်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိရုံး (မြန်မာ) ၏ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ရော့ (စ်) ဝီလ်စန် ကို ဇူလိုင်လ ၅ ရက်နေ့က လှိုင်သာယာ စက်မှုဇုံ အမှတ် (၁) ကနောင်ခန်းမတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ) ကနောင်ခမ်းမတွင် ၈၈ ကျောင်းသားများအဖွဲ့၊ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနှင့် ILO အရာရှိ ရော့ (စ်) ဝီလ်စန်တို့ အလုပ်သမားရေးရာများ ဆွေးနွေးခဲ့ကြပြီး ဝီလ်စန်က အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ အကြံဉာဏ်များ ပေးသွားမည်ဟု ကတိပြုသွားသည်။ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲ :: ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုတွေ့ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ) အစိုးရဌာနအချို့၏ စီမံခန့်ခွဲမှု အားနည်းချက်၊ အစိုးရ၏ မှားယွင်းသည့် မူဝါဒများချမှတ်မှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များက ဆွေးနွေးပွဲတွင် ထောက်ပြပြောဆို ဝေဖန်ကြသည်။ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲ :: ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း တက်ရောက် (ဓါတ်ပုံ မဇ္ဈိမ) MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲ :: ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲကျင်းပ။ (ဓါတ်ပုံ မဇ္ဈိမ) စီးပွားရေးလုပ်ငန်းရှင် ငါးဆယ်ကျော်တက်ရောက် ဆွေးနွေးပွဲသို့ တက်ရောက်ကာ ဆွေးနွေး ထောက်ပြပြောဆို ဝေဖန်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ)





 
PEB1
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 75 guests online