မားလ်တီမီဒီယာ ဓါတ်ပုံ မဇ္ဈိမ ဇူလိုင်လ ဓါတ်ပုံများ
မဇ္ဈိမ ဇူလိုင်လ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 18:15 - မြန်မာစံတော်ချိန်

ဆံပင်ရောင်းဝယ်ခြင်းသည်လည်း လုပ်ငန်းတရပ်အဖြစ် ထွန်းကားလာနေသည်။ ဓာတ်ပုံ- မဇ္ဈိမ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက လာမည့် သြဂုတ်လ ၈ ရောက်နေ့တွင် ကျရောက်သည့် ၈၈၈၈ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖိတ်ခေါ်ခြင်းနှင့်  လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ သိသာစေရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တကသိုလ် ကောလိပ်ကျောင်းများတွင် လက်ကမ်းစာစောင်များ  ဇူလိုင်လ ၃၁ ရက် ၂ဝဝ၈ ခုနှစ်က ဖြန့်ဝေကြစဉ်။
ဓာတ်ပုံ - ဝိုင်းပီး မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက လာမည့် သြဂုတ်လ ၈ ရောက်နေ့တွင် ကျရောက်သည့် ၈၈၈၈ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို ဖိတ်ခေါ်ခြင်းနှင့်  လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ သိသာစေရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တက္ကသိုလ် ကောလိပ်ကျောင်းများတွင် လက်ကမ်းစာစောင်များ  ဇူလိုင်လ ၃၁ ရက် ၂ဝဝ၈ ခုနှစ်က ဖြန့်ဝေကြစဉ်။

ဓာတ်ပုံ - ဝိုင်းပီး ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းပိုင် ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ် တခု။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူယုံတဦးဖြစ်သူ ဆရာကျောင်းပိုင် ဘဏ်လုပ်ငန်းကို စစ်အစိုးရက စစ်ဆေးမှုများ ပြုနေသည်ဆိုသော ကောလာဟကြောင့် ငွေစုထားသူများ ကြောက်ရွံ့ကာ ငွေထုတ်ယူမှု များပြားလာနေခဲ့သည်။ စစ်အစိုးရ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးတို့အကြား လွန်ဆွဲ အားပြိုင်မှုကြောင့် ဖြစ်ခဲ့သည် ဆိုသော်လည်း ယခုအချိန်အထိ မည်သည့် လက္ခဏာမှ ထင်ထင်ရှားရှား မတွေ့ရှိရသေးပါ။ ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းပိုင် ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ် တခု။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူယုံတဦးဖြစ်သူ ဆရာကျောင်းပိုင် ဘဏ်လုပ်ငန်းကို စစ်အစိုးရက စစ်ဆေးမှုများ ပြုနေသည်ဆိုသော ကောလာဟကြောင့် ငွေစုထားသူများ ကြောက်ရွံ့ကာ ငွေထုတ်ယူမှု များပြားလာနေခဲ့သည်။ စစ်အစိုးရ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးတို့အကြား လွန်ဆွဲ အားပြိုင်မှုကြောင့် ဖြစ်ခဲ့သည် ဆိုသော်လည်း ယခုအချိန်အထိ မည်သည့် လက္ခဏာမှ ထင်ထင်ရှားရှား မတွေ့ရှိရသေးပါ။ ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းပိုင် ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ် တခု။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူယုံတဦးဖြစ်သူ ဆရာကျောင်းပိုင် ဘဏ်လုပ်ငန်းကို စစ်အစိုးရက စစ်ဆေးမှုများ ပြုနေသည်ဆိုသော ကောလာဟကြောင့် ငွေစုထားသူများ ကြောက်ရွံ့ကာ ငွေထုတ်ယူမှု များပြားလာနေခဲ့သည်။ စစ်အစိုးရ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးတို့အကြား လွန်ဆွဲ အားပြိုင်မှုကြောင့် ဖြစ်ခဲ့သည် ဆိုသော်လည်း ယခုအချိန်အထိ မည်သည့် လက္ခဏာမှ ထင်ထင်ရှားရှား မတွေ့ရှိရသေးပါ။ Wake up from Cyclone ကာတွန်းပြပွဲကို ရန်ကုန်မြို့ လောကနတ် ခန်းမတွင် တင်္နလာနေ့က စတင်ကာ ၅ ရက်ကြာ ကျင်းပလျှက် ရှိသည်။ ယခု ကာတွန်းပုံများမှာ ထိုပြပွဲမှ ပုံများ ဖြစ်သည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ Wake up from Cyclone ကာတွန်းပြပွဲကို ရန်ကုန်မြို့ လောကနတ် ခန်းမတွင် တင်္နလာနေ့က စတင်ကာ ၅ ရက်ကြာ ကျင်းပလျှက် ရှိသည်။ ယခု ကာတွန်းပုံများမှာ ထိုပြပွဲမှ ပုံများ ဖြစ်သည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၆၁ နှစ်မြောက်  အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ ရွှေတိဂုံဘုရားသို့ ဘုရားဖူး လာသူများကို လုံခြုံရေးများက စစ်ဆေး မေးမြန်းခြင်းများ အာဇာနည်နေ့တွင် ပြုလုပ်ခဲ့သည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ အာဏာပိုင်များက များလှစွာသော လုံခြုံရေး အင်အားစုများ အနီးကပ် စောင့်ကြည့်နေခဲ့သော်လည်း ဗဟန်းရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၆၁ နှစ်မြောက်  အာဇာနည်နေ့ အခမ်းအနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြသည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ အာဇာနည်နေ့တွင် ကင်းလှည့်နေသော ရဲကားတစီး။ အနည်းဆုံးအင်အား တထောင်ကျော်ရှိသော လုံခြုံရေး အင်အားကို အသုံးပြုကာ အတိုက်အခံများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် အဆင်သင့်ပြင်ထားသည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့ မြင်ကွင်း။
ဓါတ်ပုံ။    ။ မဇ္ဈိမ အာဇာနည်နေ့တွင် ကြံခိုင်ဖွံ့ဖြိုးရေးများ အသုံးပြုကာ အတိုက်အခံများ၏ လှုပ်ရှားမှုကို စောင့်ကြည့် ထိန်းချုပ်နေသည်။ ။ အနည်းဆုံးအင်အား တထောင်ကျော်ရှိသော လုံခြုံရေးအင်အားကို အသုံးပြုကာ အတိုက်အခံများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် အဆင်သင့် ပြင်ထားသည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ အာဇာနည်နေ့ အမျိုးသား ဒီမိုကရေစီရုံးချုပ်သို့ သွားရာလမ်းတွင် ကြံ့ခိုင်ဖွံဖြိုးရေး၊ စွမ်းအားရှင်အပါအ၀င် လုံခြုံရေးများ စောင့်ကြပ်နေပြီး ယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားသည်။ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးတွင်တော့ အာဇာနည်နေ့ အလေးပြု အခမ်းအနား ပြုလုပ်ခဲ့ပြီး ညနေပိုင်း အခမ်းအနား ဆက်လက် ကျင်းပလျှက် ရှိသည်။ ယာဉ်ဝင်ခြင်းကို ကန့်သတ်ထားသော်လည်း လမ်းလျှောက်ဝင်ခြင်းကိုမူ ခွင့်ပြုထားသည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရာလမ်းတွင် ကြံ့ခိုင်ဖွံဖြိုးရေး၊ စွမ်းအားရှင်အပါအ၀င် လုံခြုံရေးများ စောင့်ကြပ်နေပြီး ဖြတ်သန်း သွားလာခွင့်ကို ကန့်သတ် ပိတ်ပင်ထားလိုက်သည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ ၀ါဆိုလပြည့်နေ့ ဇူလိုင် ၁၇ ရက်၊ ၂၀၀၈ ခုနှစ်က ကမ္ဘာအေးဘုရားတွင် ၀ါဆိုသင်္ကန်း ကပ်လှုသူများဖြင့် စည်ကားခဲ့သည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ အာဇာနည်ကုန်းတ၀ိုက် လုံခြုံရေးများ ချထားသည်ကို ၀ါဆိုလပြည့်နေ့ ဇူလိုင် ၁၇ ရက်၊ ၂၀၀၈ ခုနှစ်က တွေ့ရစဉ်။ စစ်အစိုးရက နိုင်ငံတော်က ပြုလုပ်မည့် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံခြား သံတမန်များကို ဖိတ်ကြားပြီးမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ အမည်မသိ အမျိုးသမီးတဦးကို ရန်ကုန်မြို့ ကြက်ခြေနီ ရုံးချုပ်အနီး ကမ်းနားလမ်း လူသွားစင်္ကြန်ပေါ်တွင် လဲလျောင်းနေသည်ကို အင်္ဂါနေ့က တွေ့ရစဉ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ရန်ကုန်မြို့ပေါ်တွင် တောင်းရမ်း စားသောက်သူများ သိသိသာသာ များပြားလာခဲ့သည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ တာမွေမြို့နယ်ရှိ တည်ဆောက်ဆဲဖြစ်သော အမျိုးသား စာကြည့်တိုက်။ စစ်အင်ဂျင်နီယာတပ် ဘီအီးက အမျိုးသားစာကြည့်တိုက်ကို ၂၀၀၃ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့သော်လည်း ယခုတိုင် မပြီးစီးသေးပေ။
ဓါတ်ပုံ။    ။ မဇ္ဈိမ တာမွေမြို့နယ်ရှိ တည်ဆောက်ဆဲဖြစ်သော အမျိုးသား စာကြည့်တိုက်။ စစ်အင်ဂျင်နီယာတပ် ဘီအီးက အမျိုးသားစာကြည့်တိုက်ကို ၂၀၀၃ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့သော်လည်း ယခုတိုင် မပြီးစီးသေးပေ။
ဓါတ်ပုံ။    ။ မဇ္ဈိမ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ရွှေမူဆယ် အဆင့်မြင့် အပ်ချုပ်ဆိုင်မှ အဖွားအိုတဦး ယနေ့ နံနက်တွင် ကြိုးများ တုပ်နှောင်ထားပြီး အသတ်ခံထားရသည်။
ဓါတ်ပုံ။    ။ မဇ္ဈိမ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အတွက် ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေရင်းရှိ အာဇာနည်ဗိမာန်ကို ရှင်းလင်းမှုများ ပြုလုပ်နေခဲ့သည်။ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်တ၀ိုက်နှင့် သွေးဆေးကန်ဘက် အခြမ်းတွင် ပြင်ဆင်မှုများ ပိုမို လုပ်နေပြီး လုံခြုံရေးလည်း ခပ်စိတ်စိတ် ချထားသည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ မဟာဗန္ဓလ လမ်းတလျောက် ဘတ်စ်ကားတန်းရှည်ကြီးကို ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။ ရန်ကုန်မြို့တွင် စမ်းသပ်ကျင့်သုံးနေသော ခရီးသည်တင် ဘတ်စ်ကားများ ကျော်မတက်ရ စနစ်ကြောင့် တင်္နဂနွေနေ့တွင်ပင် ယာဉ်တန်းရှည်ကြီးများ ဖြစ်နေရာ ခရီးသည် အများအပြား နှောင့်နှေးကြန့်ကြာမှုကြောင့် စိတ်ပျက်နေကြသည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ အက်ဆစ် တေးဂီတအဖွဲ့မှ အဆိုတော် ဇေယျာသော် (လက်ထိပ်ခတ်ခံထားရပြီး အကျီဖြူ၊ ယောပုဆိုး လုံချည်ဖြင့်) ကို အာကာဗိုလ်နှင့်အတူ လမ်းမတော်မြို့နယ် တရားရုံးသို့ ဇွန် ၂၇ ရက်၊ ၂၀၀၈ ခုနှစ်က ရုံးထုတ်လာစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လူငယ် အဖွဲ့အစည်းတခုဖြစ်သော Generation Wave အဖွဲ့၏ ဦးဆောင်လည်းဖြစ်သူ ကိုဇေယျာသော်ကို စစ်အစိုးရက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် တရားစွဲဆိုထားသည်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲများကို ရန်ကုန်မြို့တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ရွှေပြည်သာမြို့နယ် ရုံးခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးများ သိသိသာသာ တိုးမြှင့်ချထားမှုများ ပြုလုပ်လာခဲ့သည်။ ဇွန်လအတွင်းက ရိုက်ကူးခဲ့သော ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း တကျောင်းပုံ။ လှူတန်းလိုသော ရည်ရွယ်ချက်ဖြင့်ပင် သွားရောက်လည်ပတ် ကြည့်ရှုလိုသော နိုင်ငံခြားသားများကို မည်သည့်ကျောင်းကိုမျှ လည်ပတ်ခွင့် မပြုပါ၊ အထူးသဖြင့် မြို့ကြီးပြကြီးများရှိ ကျောင်းများ ဖြစ်သည်။ သွားရောက်လည်ပတ် လှူတန်းလိုသူ နိုင်ငံခြားသားများ အနေဖြင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတွင် ခွင့်ပြုချက် ရယူပြီးမှသာ သွားရောက်ခွင့် ရှိသည်။
ဓာတ်ပုံ- မဇ္ဈိမ။ ဇွန်လအတွင်းက ရိုက်ကူးခဲ့သော ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း တကျောင်းပုံ။ လှူတန်းလိုသော ရည်ရွယ်ချက်ဖြင့်ပင် သွားရောက်လည်ပတ် ကြည့်ရှုလိုသော နိုင်ငံခြားသားများကို မည်သည့်ကျောင်းကိုမျှ လည်ပတ်ခွင့် မပြုပါ၊ အထူးသဖြင့် မြို့ကြီးပြကြီးများရှိ ကျောင်းများ ဖြစ်သည်။ သွားရောက်လည်ပတ် လှူတန်းလိုသူ နိုင်ငံခြားသားများ အနေဖြင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတွင် ခွင့်ပြုချက် ရယူပြီးမှသာ သွားရောက်ခွင့် ရှိသည်။
ဓာတ်ပုံ- မဇ္ဈိမ။ အင်တာနက်တွင် ပျံ့နှံ့နေသော စွမ်းအားမြှင့် စစ်သည်တော်အဖွဲ့ ဓာတ်ပုံ။  ရွှေပြည်သာမြို့နယ်ရှိ စစ်အစိုးရ တည်ထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းတွင် ယမန်နေ့က ဗုံးဖောက်ခွဲသူများမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း စွမ်းအားမြှင့် စစ်သည်တော်အဖွဲ့က ထုတ်ဖော် ပြောဆိုသည့် ကြေညာချက်တခု အင်တာနက်တွင် တွေ့ရသည်။ စစ်အစိုးရက လမ်းပြမြေပုံ ၇ ချက်ကို ဆက်လက် အကောင်အထည် ဖော်နေခြင်းနှင့်  နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပေးအပ်သော နိုင်ငံတကာ အကူအညီများက ကြံ့ဖွံ့များက အလွဲသုံးစား ပြုလုပ်နေ၍ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ပြောဆိုထားကာ နောက်ထပ်လည်း တိုက်ခိုက်မှုများ လုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ အင်တာနက်တွင် ပျံ့နှံ့နေသော စွမ်းအားမြှင့် စစ်သည်တော်အဖွဲ့ ဓာတ်ပုံ။  ရွှေပြည်သာမြို့နယ်ရှိ စစ်အစိုးရ တည်ထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းတွင် ယမန်နေ့က ဗုံးဖောက်ခွဲသူများမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း စွမ်းအားမြှင့် စစ်သည်တော်အဖွဲ့က ထုတ်ဖော် ပြောဆိုသည့် ကြေညာချက်တခု အင်တာနက်တွင် တွေ့ရသည်။ စစ်အစိုးရက လမ်းပြမြေပုံ ၇ ချက်ကို ဆက်လက် အကောင်အထည် ဖော်နေခြင်းနှင့်  နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပေးအပ်သော နိုင်ငံတကာ အကူအညီများက ကြံ့ဖွံ့များက အလွဲသုံးစား ပြုလုပ်နေ၍ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ပြောဆိုထားကာ နောက်ထပ်လည်း တိုက်ခိုက်မှုများ လုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

မဇ္ဈိမ ဇွန်လ ဓါတ်ပုံများ

အခြား မဇ္ဈိမ ဓါတ်ပုံများ

Last Updated ( အင်္ဂါနေ့၊ သြဂုတ်လ 12 2008 02:17 - မြန်မာစံတော်ချိန် )

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး