မားလ်တီမီဒီယာ ဓါတ်ပုံ နာဂစ်အပြီး တလအကြာ မြင်ကွင်းများ
နာဂစ်အပြီး တလအကြာ မြင်ကွင်းများ Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ ဇွန်လ 09 2008 15:34 - မြန်မာစံတော်ချိန်


နာဂစ်ကြောင့် ပျက်စီးသွားသော အိမ်ကို ပြန်လည် တည်ဆောက်ခြင်း ပြုနေသည်ကို ဘိုကလေးမြို့နယ်တွင်း ဇွန် ၂၁ ရက်က တွေ့မြင်ရစဉ်။<br />
ဓာတ်ပုံ - မဇ္ဈိမ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တလခွဲ ကျော်လာချိန်တွင် အိမ်ရာ ပြန်လည်တည်ဆောက်ရေး မြင်ကွင်းအချို့ကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် တွေ့ရစဉ်။<br />
ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီများ တောင်းခံမည်ဆိုသော နာဂစ် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ စုရပ်သို့အသွား ဆင်ခြေဖုံး ကားမှတ်တိုင် တခုတွင် ဇွန် ၁၀ ရက်၊ ၂၀၀၈ ခုနှစ်က စောင့်ဆိုင်းနေစဉ်။ တောင်ဒဂုံမြို့နယ်အတွင်းမှ  လူ ၃ဝ ကျော် ပါဝင်သော အဖွဲ့က နောက်ပိုင်းတွင် ဒိုင်နာကားတစီး ငှားရမ်းပြီး ကုလသမဂ္ဂ ရုံးများသို့ သွားရောက် အကူအညီ တောင်းရန် ကြိုးစားစဉ် ရဲက အချို့ကို ထိန်းသိမ်း လိုက်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ အစိုးရ၏ ကူညီ ထောက်ပံ့မှု နည်းပါး လွန်းသည်ဟု မခံမရပ်နိုင် ဖြစ်ကာ တိုက်ရိုက် တောင်းခံခြင်း ဖြစ်သည်ဟု သူတို့က ပြောသည်။<br />
ဓာတ်ပုံ- မဇ္ဈိမ။ ကျေးရွာသားများ အားထားရာ သောက်ရေ သိုလှောင်ရာ ကန်မှာ နာဂစ်ကြောင့် သောက်သုံး၍ မရနိုင်တော့။ ဓာတ်ပုံ - မဇ္ဈိမ သောက်ရေအတွက် တန်းစီစောင့်နေသူများ။ ဓာတ်ပုံ - မဇ္ဈိမ

----------------------------
ယခင်လ နာဂစ်မုန်တိုင်းအပြီး မြင်ကွင်းများ ကြည့်ရှုလိုလျှင် ...
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved