ဓါတ်ပုံ
မဇ္ဈိမ နိုဝင်ဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
စနေနေ့၊ နိုဝင်ဘာလ 01 2008 15:33 - မြန်မာစံတော်ချိန်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဆင်နွဲနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လွိုင်းကထုံး ဟု ခေါ်တွင်သည့် မီးထွန်းပွဲတော်သည် မယ့်ပင်းမြစ်တလျှောက် ဆီမီးမျှောခြင်းနှင့် မီးရှုး မီးပန်း ဗျောက်အိုးများ ဖောက်ခြင်းဖြင့် အထူး စည်ကားလှသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဆင်နွဲနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လွိုင်းကထုံး ဟု ခေါ်တွင်သည့် မီးထွန်းပွဲတော်သည် မယ့်ပင်းမြစ်တလျှောက် ဆီမီးမျှောခြင်းနှင့် မီးရှုး မီးပန်း ဗျောက်အိုးများ ဖောက်ခြင်းဖြင့် အထူး စည်ကားလှသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဆင်နွဲနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လွိုင်းကထုံး ဟု ခေါ်တွင်သည့် မီးထွန်းပွဲတော်သည် မယ့်ပင်းမြစ်တလျှောက် ဆီမီးမျှောခြင်းနှင့် မီးရှုး မီးပန်း ဗျောက်အိုးများ ဖောက်ခြင်းဖြင့် အထူး စည်ကားလှသည်။
Read more...
 
ချင်းပြည်နယ် ဓာတ်ပုံအက်ဆေး Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 08 2008 15:29 - မြန်မာစံတော်ချိန်

Read more...
 
မဇ္ဈိမ အောက်တိုဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ အောက်တိုဘာလ 02 2008 15:03 - မြန်မာစံတော်ချိန်

မဟာဗန္ဓုလလမ်းပေါ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲကို တွေ့ရစဉ်။ အောင်ဘာလေ ထီလက်မှတ် တစောင်လျှင် ၂၀၀ ကျပ်သို့ တိုးမြှင့်လိုက်ပြီး ဆုကြေးကိုလည်း ပထမဆု သိန်း ၁၀၀၀ ကျပ်အဖြစ် ပြောင်းလဲလိုက်သည်။ ဓာတ်ပုံ- မဇ္ဈိမ စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် အောင်ဘာလေထီ အရောင်းဆိုင်တခုကို တွေ့ရစဉ်။ အောင်ဘာလေ ထီလက်မှတ် တစောင်လျှင် ၂၀၀ ကျပ်သို့ တိုးမြှင့်လိုက်ပြီး ဆုကြေးကိုလည်း ပထမဆု သိန်း ၁၀၀၀ ကျပ်အဖြစ် ပြောင်းလဲလိုက်သည်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်တိုင်း သံလျင်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးတွင် လိုင်စင်လုပ်ရန် တန်းစီနေသော ပြည်ပမှ တရားမ၀င် ခိုးသွင်းလာသော လိုင်စင်မဲ့ Without ဆိုင်ကယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

Read more...
 
မဇ္ဈိမ စက်တင်ဘာလ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ စက်တင်ဘာလ 01 2008 21:15 - မြန်မာစံတော်ချိန်

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာကို ပေါက်ကွဲမှုဖြစ်အပြီး ၂ နာရီအကြာတွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကွေးနေသော သွပ်ပြားနောက်ဘက်ရှိ ခြံစည်းရိုး အောက်ပိုင်းတွင် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် လူ ၄ ဦး ဒဏ်ရာရပြီး ရောက်လာသည်ဟု ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနက မဇ္ဈိမသို့ ပြောကြားသည်။ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ဘက်နှင့် လုံခြုံရေးများ ရောက်ရှိ စစ်ဆေးနေစဉ်။ ဓာတ်ပုံ-မဇ္ဈိမ။ ဒေသခံ သတင်းထောက်များလည်း ရောက်လာပြီး ဓာတ်ပုံရိုက်သူ အမျိုးသား ၃ ဦးကို စစ်သားများက စစ်ဆေးရန် ခေါ်ဆောင်သွားသည်။ ယနေ့နံနက် ၁၀း၄၀ နာရီက ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။ ၁၉ နှစ်ကျော်ကြာ ထောင်တွင်း အကျဉ်းချခံခဲ့ရသော သတင်းစာဆရာကြီး ဦးဝင်းတင် ထောင်တွင်း အိပ်ခဲ့ရသော အိပ်ရာလိပ်။ ဓာတ်ပုံ-မဇ္ဈိမ။ အာဏာပိုင်များကို ငြင်းဆန်၍ ထောင်အ၀တ်အစား မချွတ်ဘဲ လူချည်း ထွက်လာခဲ့သည့် အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်၏ ဖတ်ရှုခဲ့သော စာအုပ်များနှင့် အိပ်ရာလိပ် အသုံးအဆောင်များကို ထောင်ဝန်ထမ်းများက ယူဆောင်လာပေးခြင်း ဖြစ်သည်။

Read more...
 
မဇ္ဈိမ သြဂုတ်လ ဓါတ်ပုံများ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ သြဂုတ်လ 01 2008 11:20 - မြန်မာစံတော်ချိန်

ကချင်ပြည်နယ် နန်းစိုင်ကျေးရွာတွင် မြန်မာစစ်သားများက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု ဆိုသော အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေး အန်ခွန်ခေါန်ဒင်း၏ ဖြစ်ရပ်အတွက် အိန္ဒိယရောက် ကချင်တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက နယူးဒေလီမြို့ ဂျန်တာမန်တားပန်းခြံတွင် သြဂုတ်လ ၂၇ ရက်၊ ၂၀၀၈ ခုနှစ်က ကန့်ကွက် ဆန္ဒပြကြသည်။ ဓါတ်ပုံ။     ။ မဇ္ဈိမ။ သေဆုံးသူ၏ မိသားစုထံ မြန်မာစစ်တပ် အရာရှိများက ငွေကျပ် ၅ သိန်း လျော်ကြေးပေးသည့် လုပ်ရပ်မှာ တရားမျှတမှု ကင်းမဲ့လွန်းလှသည်ဟု ဆန္ဒပြသူများက ပြောသည်။ ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ညလုံးပေါက် ဆက်လက်ဆန္ဒပြရန် အင်္ဂါနေ့က စုဝေး ချီတက်သွားကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ နှင့် အစိုးရ ပြုတ်ကျသည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဆိုသော ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ်အဖွဲ့ဝင်များက ညဘက်တွင် အစိုးရအိမ်တော်၌ စုဝေးလျှက် ရှိသည်။ အစိုးရက ၂၄ နာရီအတွင်း အခြေအနေ ပုံမှန်အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။ အဆိုတော် လေးဖြူ ပါဝင်သီဆိုသည့် အိုင်စီ တေးဂီတ၀ိုင်း၏ ဖျော်ဖြေပွဲကို ဒုတိယမြောက်နေ့အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတွင် တင်္နလာနေ့ သြဂုတ် ၂၅ ရက်၊ ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ပရိတ်သတ် အမြောက်အမြား လာရောက် အားပေးသွားသည့် အိုင်စီပွဲ၏ ထူးခြားချက်မှာ ၂ ရက်တာ ပြုလုပ်သည့် ပွဲများမှ ရသော ၀င်ငွေကို နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသများသို့ အဖွဲ့သားများ ကိုယ်တိုင် သွားရောက် လှူဒန်းမည်ဟု ဆိုသည်။

Read more...
 
<< Start < Prev 1 2 Next > End >>

Page 1 of 2

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved